1442 ကြိမ် ကြည့်ရှု့ပြီး

မင်္ဂလာပါခင်ဗျာ...ရွှေပေါက်ကံမြို့သစ် မင်းထူးကျော်လမ်းမှာ ၁၀ ပေ ၆၀ ဝယ်ထားပြီး ၂ နှစ်ခန့်ရှိပါတယ်။ ယခုအခါ မျက်နှာချင်းဘက်မှ ကျနော်တို့ ဘက်က မြေခိုးထားသည်ဟု ဆိုကာ နောက်ဆုတ်ခိုင်းနေပါတယ် ကျနော် ရဲ့မြေမှာ မြို့သစ် ကွက်ကဲမှု ရုံး မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ငွေရ /ငွေပေး ပြေစာ ရက်စွဲ ၁၁.၆.၂၀၀၄ မူရင်း ၁။ မည်သူ့ထံမှ ရသည်/ မည်သူ့ထံသို့ ပေးသည် (က) အမည် ဒေါ်အေးသွယ် (ခ) နိုင်ငံသား (ဂ)နေရပ်လိပ်စာ ၂၁/၄၉၈ ရွာမလမ်း ၂။ရသည့်ငွေ/ပေးသည့်ငွေ (က) (ဂဏန်းဖြင့်) ၇၅၀၀/- (ခ) (စာဖြင့်)ခုနှစ်ထောင့်ငါးရာကျပ်တိတိ ၃။ရသည့် အကြောင်း/ ပေးသည့်အကြောင်း မှတ်ချက် မြေချပါမစ် ထုတ်ယူ ရန်(၂၀' × ၆၀') ငွေပေးသွင်းသူ ငွေလက်ခံသူ (အေးသွင်) လက်မှတ် အ ထက်ဖေါ်ပြပါ စာ ရွက်မူရင်း ရှိပါတယ်။ယခု တိုင်းထွာရာ ၂၀' x ၅၇' သာရှိ အဆင့်ဆင့်ရောင်းလာရာ ယခု ၆ ဆက်မြောက် ကျနော် လက် ရောက်မှ လမ်းချဲ့ရန် နောက်ဆုတ်ခိုင်းနေပါတယ် ရက်ကွက်အုပ်ချုပ်ရေးက ခေါ်တွေ့၍ သွားတွေ့ရာ ကျနော်ဘက်မှ အ လျော့မပေး၍ ဒါဆိုလည်း မြောင်းကောင်းေ အာင် လုပ်ပေးပါ ပြောသဖြင့် အုတ်ရေမြောင်း လုပ်စဉ် ကွက်ကဲရေးရုံးမှ လာ တားပြန်ပါတယ်။ ယခုကွက်ကဲရေးမှူး ခရီးလွန်နေ၍ အကြောင်းပြန်ပါမည်။ မနစ်နာစေရပါဟု လက်ထောက် အဆင့် ဆိုသူ က ပြောပြန်ပါတယ်။ ယခုအ ထိလည်း အကြောင်းမပြန် ခြံစည်းရိုးလည်း မထိရဲဖြစ်နေပါတယ်။ ထိတာနဲ့ တိုင်ပြန်ရော ကျ နော်က ဆုတ်မပေးရင် ပြသာနာ ကြီးလာနိုင်ပါလား ခင်ဗျာ ကျနော်မှာ သည်ကိစ္စနဲ့ သောကရောက်နေရပါတယ် ယခင် တုန်းကတော့ ရွာမြေလို့ဘဲ သိရပါတယ်။ ဒီရက်ကွက်မှာ အားလုံးကတော့ ဒီလိုနေနေကြ တာပါဘဲ ခင်ဗျာ ကျေးဇူးပြု၍ အလင်းပြပေးပါလားခင်ဗျား။

မေးသူ - ဦးဖိုးငြိမ်း
ရွှေပေါက်ကံမြို့သစ် မင်းထူးကျောင်းလမ်းက မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ချထားပေးတဲ့ ပါမစ်မြေကွက်တွေ မ ဟုတ်ဘူး ထင်တယ်။ ရွာမြေကို (20'x60') ချထားပေးတဲ့ မြေကွက်ရသူ ဒေါ်အေးသွယ်ထံကတစ်ဆင့် ဦး ဖိုးငြိမ်းက ဝယ် ယူပြီး အိမ်ဆောက်နေတာပေါ့နော်။ မူရင်းပြေစာ ရက်စွဲအရ (၁၁.၆.၂၀၀၄) ခုနှစ်ထဲက မြေကွက် ချထားပေးတာပဲ။ ဒါပေ မယ့် မြေချပါမစ် မထုတ်ရသေးလို့ အခု အဲ့ဒီ စလစ်စာရွက်ကို ဦးဖိုးငြိမ်း က ကိုင်ထားတာကိုး။
ဒီလို...မြေကွက်မှာ နေကြတယ်ဆိုတော့ အရင်အိမ်ဆောက်တဲ့လူ အခြေ အနေကြည့်ပြီး နောက်အိမ်ကလည်း (20'x60') တိုင်းတာပြီး ဆောက်ကြ သူတွေ များတယ်။ အဲ့ဒီတော့ ခြံအကျယ်အဝန်းတွေက ခန့်မှန်းတိုင်း ပြီး နေ ကြသလို ဖြစ်နေတယ်။ ဒီလို ပေ ခိုးတယ်၊ မခိုးဘူး၊ တစ်ဖက်မြေကွက်ကို ကျူးကျော်တယ်။ မကျူးကျော်ဘူး ဆိုတာကတော့ မြို့တော်စည်ပင်၊ မြေ ယာဌာနမှာ တရားဝင် မြေတိုင်း လျှောက်ကြည့်မှ အတိအကျ သိနိုင်မယ်။ အခုလောလောဆယ်တော့ ဒီမြို့သစ်ကို ကွတ်ကဲနေတဲ့ မြို့သစ်ကွက်ကဲမှု ရုံးနဲ့ ညှိနှိုင်းဆောင်ရွက်တာ အကောင်းဆုံး ပါပဲ လို့ အကြံပေးချင်ပါတယ်။ မိမိဝယ်ထားတဲ့ မြေကွက်ကိုလည်း ဥပဒေနဲ့အညီ လုပ်ပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်ေ တွ အပြည့်အဝ ရှိလာအောင် စလစ်စာရွက်အဆင့်ကနေ မြေချ ပါမစ်ရ တဲ့အထိ ဘယ်လို ဆောင်ရွက်ရမည်ဆိုတာ အဲ့ဒီ မြို့သစ်ကွက်ကဲ မှူးရုံး တာဝန်ရှိသူထံမှ မေးမြန်းဆောင်ရွက်သင့်ပါတယ်။ တကယ်လို့ အိုးအိမ်ချထားပေးတဲ့ မြေကွက်မဟုတ်ဘဲနဲ့ ယခင်က ရွာမြေ အကွက်ရိုက်ပြီး နေကြတာဆိုရင်တော့ ရန်ကုန်မြို့ တော် စည်ပင်သာယာေ ရး ကော်မတီက တရားဝင် မြေကွက်ရိုက်မှသာ တရားဝင်ဖြစ်မှာပါ။ အဲ့ဒီလို မြို့တော်စည်ပင် မြေ ယာဌာနက မြေကွက် လာရိုက်ရင် မြေချပါမစ်ဖြစ်ဖို့ (20'x60') အနည်းဆုံး အကျယ်ရှိမှ ရပါတယ်။ ဒါမှမဟုတ်ရင် ဂရန် လျှောက် လို့ မရပါဘူး။ အဲ့ဒါကြောင့် ဦးဖိုးငြိမ်းရဲ့ မြေကွက်က (20'x60') ပြည့်ဖို့လို တယ်။ လောလောဆယ် ပြဿနာက တော့ တရားဝင် ပါမစ် မရသေးမီ မြို့သစ်ကွက်ကဲမှု အဖွဲ့နှင့် အဆင်ပြေပြေ ဆောင်ရွက်သင့်ပါကြောင်း ထပ်မံ အကြံပေးလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)