7608 ကြိမ် ကြည့်ရှု့ ပြီး

အိမ်၊ ခြံ၊ မြေသမားတွေ လေ့လာသိရှိထားသင့်တဲ့ ဥပဒေများ (၈)

 

ပုဒ်မ ၄၂ (၁) - ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်ရန် ကိစ္စ အလို့ငှာ နိုင်ငံတော် သမ္မတသည် အမိန့် ကြော်ငြာစာထုတ်ပြန်၍ နည်းဥပဒေများကို ပြုနိုင်သည်။
ပုဒ်မ ၄၂ (၂) - အထက်အဆိုပါ ပြဋ္ဌာန်းချက်များ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ ထိုနည်းဥပဒေများတွင် အောက်ပါကိစ္စများကို သတ်မှတ်နိုင်သည်။
(က) မည်သည့်မြို့ပြဒေသ သို့တည်း မဟုတ် ဥပစာ အမျိုးအစားအတွက် မဆို၊ အက်ဥပဒေပုဒ်မ ၂ (စ) (၂)၊ အပိုဒ်ခွဲ (က-က)၊ (ခ-ခ)၊ (ဂ-ဂ)၊ (ဃ-ဃ) (၂)နှင့် (င-င) တွင် အဓိပ်္ပာယ်ဖော်ပြထား သည်။ စံငှားရမ်းခကို မည်ရွေ့မည်မျှ တိုး မြှင့်ရမည်ဟု သတ်မှတ်ရန်ကိစ္စ။
(ခ) ဤအက်ဥပဒေအရ ကြီးကြပ်ရေး ၀န်သည် ပြုလုပ်သည့်စုံစမ်းစစ်ဆေးမှုများ တွင် လိုက်နာရမည့် နည်းလမ်းကို စည်း မျဉ်းသတ်မှတ်ရန်ကိစ္စ။
(ဂ) မည်သည့်မြို့ပြဒေသတွင်မဆို ကြီးကြပ်ရေးဝန်ချမှတ်သော ဆုံးဖြတ်ချက် လွှဲအပ်မှုကို ပုဒ်မ ၃၂ အရ မည်သည့် တရားသူကြီးက လက်ခံနိုင်သည်ဟု သတ် မှတ်ရန်ကိစ္စ။
(ဃ) စရိတ်နှင့် အခနှုန်းများကို သတ်မှတ်ရန်ကိစ္စ၊ ထို့ပြင် စရိတ်နှင့် အခ များကို တောင်းဆိုရန် သို့တည်းမဟုတ် လွတ်ငြိမ်းခွင့်ပေးရန်ကိစ္စ။
(င) ပုဒ်မ (၁၆) အရ ပေးသွင်းသည့် ငှားရမ်းခကို လက်ခံခြင်း သို့တည်းမဟုတ် ထုတ်ယူခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရ မည့် နည်းလမ်းများကို သတ်မှတ်ရန်ကိစ္စ။

ပုဒ်မ ၄၃ - ဤအက်ဥပဒေပါ မည် သည့်ပြဋ္ဌာန်းချက်မျှ အစိုးရ သို့တည်း မဟုတ် အစိုးရဌာန၊ သို့တည်းမဟုတ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့ သို့တည်းမဟုတ် မြူနီစီပယ် အက်ဥပဒေ အရ သော်လည်းကောင်း ဖွဲ့စည်းထားသည့် အခြားဒေသန္တရအဖွဲ့တစ်ခုခုက အိမ်ရှင်ဖြစ် သော ဥပစာတစ်ခုခုနှင့်သော်လည်းကောင်း၊ မြေသိမ်းအက်ဥပဒေအရဖြစ်စေ၊ အခြားနည်း ဖြင့်ဖြစ်စေ၊ အရေးယူဆောင်ရွက်မှုကြောင့် အစိုးရ သို့တည်းမဟုတ် အစိုးရဌာနသို့ တည်းမဟုတ် ရန်ကုန်စည်ပင်သာယာရေး အဖွဲ့ သို့တည်းမဟုတ် မြူနီစီပယ်အက် ဥပဒေအရသော်လည်းကောင်း၊ ဖွဲ့စည်း ထားသည့်အခြားဒေသန္တရ အဖွဲ့တစ်ခုခုက အပိုင်ရရှိပြီးဖြစ်သည့် သို့တည်းမဟုတ် အပိုင်ရရှိမည့် ဥပဒေနှင့်သော်လည်းကောင်း သက်ဆိုင်ခြင်းမရှိစေရ။ သို့ရာတွင် ဤ ပုဒ်မဖြင့် ဖော်ပြထားသည့် ကင်းလွတ်ခွင့် မှာ အစိုးရထံမှာဖြစ်စေ၊ ဤပုဒ်မတွင် သီးခြားဖော်ပြထားသည့် ကင်းလွတ်ခွင့် မှာ အစိုးရထံမှဖြစ်စေ၊ ဤပုဒ်မတွင် သီး ခြားဖော်ပြထားသည့် ဒေသန်္တရအဖွဲ့တစ်ခုခု ထံမှဖြစ်စေ၊ အငှားစာချုပ်အရ သို့တည်း မဟုတ် အခြားပိုင်ဆိုင်ခွင့်အရ လက်ရှိ ဖြစ်သူတစ်ဦးတစ်ယောက်က တစ်ဆင့်အငှား ချထားသည့်မြေနှင့် သို့တည်းမဟုတ် ထို မြေအစိတ်အပိုင်းနှင့် သက်ဆိုင်ခြင်းမရှိစေရ။

ပုဒ်မ ၄၄ - ၁၉၄၈ ခုနှစ် မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေမှာ သက်တမ်းကုန်ဆုံး၍ အာဏာတည်ခြင်းမှ ရပ်စဲသွားစေကာမူ ...
(က) ဤအက်ဥပဒေ စတင်အာဏာ မတည်မီက အဆိုပါ အက်ဥပဒေ၏ ပြဋ္ဌာန်းချက်များအရ ချမှတ်သည့် ဆုံးဖြတ် ချက် သို့တည်းမဟုတ် အမိန့်သည် သို့ တည်းမဟုတ် ပြုလုပ်ခဲ့သော အရေးယူ ဆောင်ရွက်ချက် သို့တည်းမဟုတ်မှ မင်း ကိစ်္စဆောင်ရွက်ချက်တစ်ခုခုသည် ဤအက် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင် သရွေ့ ဆက်လက်အတည်ဖြစ်စေရမည့် အပြင် ၎င်းင်းတို့ကို ဤအက်ဥပဒေပါ အလား တူ ပြဋ္ဌာန်းချက်များအရ ချမှတ်သည်၊ ဆောင်ရွက်သည်၊ အရေးယူသည်၊ သို့ တည်းမဟုတ် ပြုလုပ်သည်ဟူ၍လည်း မှတ်ယူရမည်။
(ခ) ဤအက်ဥပဒေစတင်အာဏာတည် သည့်အချိန်၌ တရားရုံးတွင်ဖြစ်စေ၊ အဆို ပါအက်ဥပဒေအရ ခန့်ထားသည့် ကြီးကြပ် ရေးဝန်ထံတွင်ဖြစ်စေ၊ မပြီးမပြတ်ဘဲ ကျန် ရှိနေသော တရားမမှုများကိုလည်းကောင်း၊ ရာဇ၀တ်မှုမျိုးဖြစ်သော မှုခင်းများမှတစ်ပါး အခြားမှုခင်းများကိုလည်းကောင်း၊ အဆိုပါ အက်ဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့်အညီ၊ ပြီးပြတ်အောင် စစ်ဆေးစီရင်ရမည်။ ထို့ ပြင် အဆိုပါအက်ဥပဒေအရ ထုတ်ပြန်သော သို့တည်းမဟုတ် ပြုလုပ်သော အမိန့်ကြော် ငြာစာများ၊ အမိန့်များ၊ နည်းဥပဒေများနှင့် ရာထူးခန့်ထားခြင်းများသည် အဆိုပါ အက်ဥပဒေ မည်သည့်အခါကမျှ  သက် တမ်းမကုန်ဆုံးဘဲ အာဏာတည်လျက် ရှိဘိသကဲ့သို့ ဆက်လက်အတည်ဖြစ်စေရ မည်။
၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေ ပြီးပါပြီ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးဥပဒေပုဒ်မ ၈၅၊ ပုဒ်မခွဲ (က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါနည်း ဥပဒေများကို ထုတ်ပြန်လိုက်သည်။
အခန်း (၁) အမည်နှင့် အဓိပ်္ပာယ် ဖော်ပြချက်
၁။ ဤနည်းဥပဒေများကို ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဆိုင်ရာ နည်းဥပဒေများ ဟုခေါ်တွင်စေရမည်။
၂။ ဤနည်းဥပဒေများတွင် ပါရှိသော စကားရပ်များသည် ၂၀၁၃ ခုနှစ်၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ်္ပာယ်သက်ရောက် စေရမည်။ ထို့ပြင် အောက်ပါစကားရပ် များသည် ဖော်ပြပါအတိုင်း အဓိပ်္ပာယ်သက် ရောက်စေရမည်။
(က) ဥပဒေဆိုသည်မှာ ၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ကို ဆိုသည်။
(ခ) ကော်မတီဆိုသည်မှာရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီကို ဆိုသည်။
(ဂ) မြို့တော်နယ်နိမိတ်ဆိုသည်မှာရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ် နိမိတ်ကို ဆိုသည်။
(ဃ) အဆောက်အအုံဆိုသည်မှာ မည်သည့်ဆောက်လုပ်ရေးပစ်္စည်းဖြင့်မဆို ယာယီ သို့မဟုတ် အမြဲတမ်း ဆောက်လုပ် သည့် အိမ်၊ တိုက်၊ တဲ၊ တစ်ဖက်ယပ်၊ အမိုးပါရှိသော အခြားအဆောက်အအုံ သို့မဟုတ် ယင်းတို့၏ အစိတ်အပိုင်းကို ဆိုသည်။ ယင်းစကားရပ်တွင် အဆောက် အအုံနံရံ၊ မြေထိန်းနံရံ၊ အကာအရံ၊ ၀င်း တံခါး၊ ခြံစည်းရိုး၊ ၀င်းထရံ၊ ဇာတ်ခုံ၊တိုင်၊ ကျားထောက်နှင့် အဆောက်အအုံ၏ အကြမ်းထည်တို့လည်း ပါဝင်သည်။
(င) အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်း ဆိုသည်မှာ အဆောက်အအုံ တစ်ခုခုကို အသစ်ဆောက်လုပ်ခြင်း၊ တိုး ချဲ့ဆောက်လုပ်ခြင်း၊ အကြီးစားပြင်ဆင် ခြင်း၊ သို့မဟုတ် အသေးစား ပြင်ဆင်ခြင်း၊ ခြံစည်းရိုးကာရံခြင်းနှင့် ဖြိုဖျက်ခြင်းများကို ဆိုသည်။ ယင်းစကားရပ်တွင် အဆောက် အအုံနှင့် အဆောက်အအုံဆိုင်ရာ အစိတ် အပိုင်းဖြိုဖျက်ခြင်းလည်း ပါဝင်သည့်အပြင် အဆောက်အအုံလုပ်ငန်းများ အကောင် အထည်ဖော်ရန်အတွက် မြေပြုပြင်ခြင်း၊ အုတ်မြစ်တူးဖော်ခြင်းနှင့် အခြားလိုအပ် သည့် ပြင်ဆင်ခြင်း၊ ဆောင်ရွက်ခြင်းများ လည်း ပါဝင်သည်။
(ခ) အဆောက်အအုံအသေးစားပြင် ဆင်ခြင်း ဆိုသည်မှာ မူလအဆောက်အအုံ အရွယ်အစားနှင့် မူလဖွဲ့စည်းတည်ဆောက် ပုံစံကို မပြောင်းလဲစေဘဲ တစ်စိတ်တစ်ပိုင်း ပြင်ဆင်ခြင်းကို ဆိုသည်။
အဆောက်အအုံအကြီးစားပြင်ဆင် ခြင်း ဆိုသည်မှာ မူလအဆောက်အအုံကို တိုးချဲ့ခြင်း မြှင့်ခြင်းနှိမ့်ခြင်း၊ အုတ်မြစ် အသစ်ပြုလုပ်ခြင်းတို့ မပြုလုပ်ဘဲ မူလ ပစ်္စည်းအမျိုးအစား သို့မဟုတ် ထိုထက် ပိုမိုကောင်းမွန်ခိုင်ခံ့သောပစ်္စည်းကို ပြောင်း လဲသုံးစွဲပြီး ပြင်ဆင်ခြင်းကို ဆိုသည်။
(ဇ) တိုးချဲ့ဆောက်လုပ်ခြင်း ဆိုသည် မှာ မူလဆောက်လုပ်ပြီး အဆောက်အအုံ ကို တိုးချဲ့ခြင်း၊ မြှင့်ခြင်း၊ ရှေ့နောက်နှင့် ဘေးဝဲ/ယာတို့တွင် အဖီနှင့် အဆွယ်များ ဖြည့်စွက်ဆောက်လုပ်ခြင်းတို့ကို ဆိုသည်။
(ဈ) အသစ်ဆောက်လုပ်ခြင်း ဆို သည်မှာ မြေကွက်လွတ်တွင်ဖြစ်စေ၊ အဆောက်အအုံတစ်ခု၏ နေရာတွင်ဖြစ်စေ အသစ်ဆောက်လုပ်ခြင်းကို ဆိုသည်။
(ည) ဖြိုဖျက်ခြင်း ဆိုသည်မှာ အဆောက်အအုံတစ်ခုလုံးဖြစ်စေ၊ ယင်း၏ နံရံဖြစ်စေ၊ ယင်း၏ အဓိကအစိတ်အပိုင်း ဖြစ်စေ၊ ယင်းနှင့် ဆက်စပ်နေသော အစိတ် အပိုင်းတစ်ခုခုဖြစ်စေ၊ မူလပုံသဏ္ဌာန်မှ ပြောင်းလဲသွားစေရန်သော်လည်းကောင်း၊ မူလပုံစံတစ်ခုလုံး ပျက်ယွင်းသွားစေရန် သော်လည်းကောင်း ဆောင်ရွက်ခြင်းကို ဆိုသည်။
(ဋ) ပိုင်ရှင်ဆိုသည်မှာ မြို့တော်နယ် နိမိတ်အတွင်းရှိ အဆောက်အအုံ သို့မဟုတ် မြေကွက်ငှားရမ်းခများကို မိမိအတွက် ဖြစ်စေ၊ ကိုယ်စားလှယ်အဖြစ်ဖြင့်ဖြစ်စေ၊ ပစ်္စည်းထိန်းအဖြစ်ဖြင့်ဖြစ်စေ၊ လက်ခံရယူ သူ သို့မဟုတ် လက်ခံရယူသူများလည်း ပါဝင်သည်။
(ဋ္ဌ) နေထိုင်အသုံးပြုသူ ဆိုသည်မှာ မြေ သို့မဟုတ် အဆောက်အအုံတွင် အမြဲတမ်းဖြစ်စေ၊ ယာယီဖြစ်စေ နေထိုင်သူ သို့မဟုတ် အသုံးပြုသူ ကို ဆိုသည်။
(ဍ) တဲ အဆောက်အအုံ ဆိုသည်မှာ အပြင်နံရံများနှင့် အမိုးကိုဝါး၊ ဓနိ၊ သက် ငယ် သို့မဟုတ် အခြားမီးလောင်လွယ်သော ပစ်္စည်းများဖြင့် အဆောက်အအုံတစ်ခုလုံး ကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ တည်ဆောက်ထားသည့် အဆောက်အအုံ ကို ဆိုသည်။
(ဎ) နစ်နာသူ ဆိုသည်မှာ အဆောက် အအုံဆောက်လုပ်ခြင်းကြောင့် မိမိပိုင် အဆောက်အအုံတစ်ခုကိုဖြစ်စေ၊ တစ်စိတ် တစ်ပိုင်းကိုဖြစ်စေ၊ မိမိပိုင်ပစ်္စည်းတစ်ခုခုကို ဖြစ်စေ၊ ပျက်စီးဆုံးရှုံးခြင်း ခံရသည်ကို ဆိုသည်။
(ဏ) ဆိုင်းဘုတ် ဆိုသည်မှာ ရုံး/ ဌာနတစ်ခုခု၊ အဖွဲ့အစည်းတစ်ခုခု၏ ကိုယ်စားပြုအမည်ရေးသားချက်များကို စီးပွားရေးအလို့ငှာ မဟုတ်ဘဲ အများသိ သာရန် ချိတ်ဆွဲ၊ စိုက်ထူတပ်ဆင်ရေးသား ထားခြင်းကို ဆိုသည်။
(တ) ကြော်ငြာ ဆိုသည်မှာ ပစ္စည်း တစ်မျိုးမျိုးကို အသုံးပြု၍ ဖြစ်စေ၊ လျှပ်စစ် သို့မဟုတ် ကွန်ပျူတာ သို့မဟုတ် အခြား နည်းပညာ တစ်ရပ်ရပ်ကို အသုံးပြု၍ ဖြစ်စေ၊ စီးပွားရေး အလို့ငှာ ဖော်ပြလို သည့် အကြောင်းအရာများကို အများ သိစေရန် ချိတ်ဆွဲစိုက်ထူ၊ တပ်ဆင် ရေး သားထားခြင်းကို ဆိုသည်။

ရည်ညွှန်း - ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊
အဆောက်အအုံဆိုင်ရာ နည်းဥပဒေ များ၊
အမိန့်ကြော်ငြာစာအမှတ်-၂/၂၀၁၄၊ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၆) ရက်။
(ဆက်လက်ရေးသားဖော်ပြပါမည်။)၊

မောင်မြတ်မွန် (ဆူးလေ) မှ  iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဥပဒေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
iMyanmarHouse.com - Monthly Property Magazine