6248 ကြိမ် ကြည့်ရှု့ ပြီး

အိမ်ခြံမြေသမားတွေ လေ့လာသိရှိထားသင့်တဲ့ ဥပဒေများ (၇)

 

ပုဒ်မ-၃၀(၁) - ဤအက်ဥပဒေအရ စုံစမ်းစစ်ဆေးရန်ကိစ်္စအလို့ငှာ ကြီးကြပ်ရေး ၀န်သည် မည်သူကိုမဆို အမိန့်စာဖြင့် အောက်ပါအတိုင်း ဆင့်ဆိုနိုင်သည်။
(က) ဥပစာတစ်ခုခုကို မည်သည့် ငှားရမ်းခဖြင့် မည်သည့်နည်းလမ်းအတိုင်း အငှားချထားသည့် ကိစ်္စနှင့်လည်းကောင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် သက်ဆိုင်သည့်အခြား ကိစ်္စတစ်ခုခုနှင့်လည်းကောင်း စပ်လျဉ်း၍ အကြောင်းအရာများကို အမိန့်တွင် သီးခြား ဖော်ပြထားသည့်ပုံစံဖြင့် သီးခြားဖော်ပြ ထားသည့် အချိန်အတွင်း သီးခြားဖော်ပြ ထားသည့်နေရာ၌ မိမိအားပေးရန်။
(ခ) စုံစမ်းစစ်ဆေးခြင်းနှင့် သက်ဆိုင် သည့်ငွေစာရင်းများ၊ ငှားရမ်းခပြေစာများ၊ စာအုပ်များ၊ သို့တည်းမဟုတ် အခြားစာ တမ်းအမှတ်အသားများကို အမိန့်တွင် သီးခြားဖော်ပြထားသည့်အချိန်နှင့် နေရာ၌ မိမိကြည့်ရှုစစ်ဆေးစိမ့်သောငှာ တင်ပြရန် သို့တည်းမဟုတ် အမိန့်တွင် သီးခြားဖော် ပြထားသူအားပေးအပ်ရန်။

ပုဒ်မ-၃၀(၂) - ကြီးကြပ်ရေးဝန်သည် ဤအက်ဥပဒေအရ ပြုသည့်နည်းဥပဒေများ နှင့် မဆန့်ကျင်စေဘဲ ထို့ပြင် ဤအက်ဥပဒေ ပါ ပြဋ္ဌာန်းချက်များကို ပြီးမြောက်အောင် ဆောင်ရွက်ရန် အာဏာများလိုအပ်သည် နှင့်အမျှ တရားမကျင့်ထုံးကို ဓဥပဒေဖြင့် တရားရုံးအတွက် ပြဋ္ဌာန်းထားသည့် နည်း များကို သုံး၍ တတ်နိုင်သမျှ ထိုသို့ ပြဋ္ဌာန်း ထားသည့်အတိုင်း သက်သေများ ဆင့်ခေါ် နိုင်သည့် အာဏာနှင့် သက်သေများ လာ ရောက်ရန် အတင်းအကြပ်ပြုနိုင်ခွင့် အာ ဏာရှိရမည့်ပြင် စာတမ်းအမှတ်အသားများ တင်ပြရန် အတင်းအကြပ်ပြုနိုင်ခွင့် အာ ဏာလည်း ရှိရမည်။

ပုဒ်မ ၃၀ (၃) - မည်သူမဆို ပုဒ်မခွဲ (၁)တွင် ရည်ညွှန်းသည့်အကြောင်းအရာ ကို ပေးရန် ဆင့်ဆိုခြင်း ခံရလျှင် ရာဇ သတ်ကြီးပုဒ်မ ၁၇၆ နှင့် ၁၇၇ အဓိပ်္ပာယ် အရ ထိုသို့ ဆင့်ဆိုသည့်အတိုင်းပေးရန် တရားဥပဒေအရ တာဝန်ရှိသည်ဟု မှတ် ယူရမည်။
ပုဒ်မ-၃၁ - ကြီးကြပ်ရေးဝန်သည် ဤအက်ဥပဒေအရ မိမိချမှတ်သည့် သို့ တည်းမဟုတ် ချမှတ်သည်ဟု မှတ်ယူသည့် အမိန့်တစ်ရပ်ရပ်ကို ပြန်လည်စဉ်းစားနိုင် သည်။ တရားမကျင့်ထုံးကို ဓဥပဒေ ပထမ ဇယားရှိ အမိန့် ၄၇ ပါ ပြဋ္ဌာန်းချက်များ သည် အဆိုပါ ပြန်လည်စဉ်းစားခြင်းနှင့် သက်ဆိုင်နိုင်သမျှ သက်ဆိုင်စေရမည်။

ပုဒ်မ-၃၂(၁) - ပုဒ်မ ၂၇ အရ ဥပစာ တစ်ခုခုအတွက် စံငှားရမ်းခ သတ်မှတ် သည့် ကြီးကြပ်ရေးဝန်၏ ဆုံးဖြတ်ချက် ကို ငြင်းဆိုလျှင် ထိုဥပစာမှာ ရန်ကုန်မြို့ အတွင်း တည်ရှိသော် ရန်ကုန်မြို့ တရားမ ရုံးတရားသူကြီးချုပ်ထံသို့လည်းကောင်း ဥပစာမျာ ဤအက်ဥပဒေအရ အာဏာ တည်သည့် မြို့ပြဒေသတစ်ခုခုတွင် တည်ရှိ သော် တရားရုံးချုပ်က သတ်မှတ်သည့် တရားသူကြီးထံသို့လည်းကောင်း လွှဲအပ် လွှာတင်သွင်းနိုင်စေရမည်။
သို့ရာတွင် ဤပုဒ်မခွဲအရ လွှဲအပ်လွှာ တင်သွင်းရာ ရန်ကုန်မြို့တော် တရားမ ရုံး တရားသူကြီးချုပ်သည် သို့တည်းမဟုတ် ထိုသို့ သတ်မှတ်ထားသည့် တရားသူကြီး တစ်ဦးဦးသည် မိမိထံတင်သွင်းသော လွှဲ အပ်မှုကို မိမိအရေးယူဆောင်ရွက်ရန် မသင့်ဟု ယူဆလျှင် လျှောက်လွှာကို     ““ဥပစာ””တည်ရာခရိုင်တွင် ““စီရင်ပိုင်ခွင့်အာ ဏာ”” သုံးစွဲသည့်အခြား တရားသူကြီးထံ လွှဲအပ်ပြောင်းပေးနိုင်သည်။ ထိုသို့လွှဲ ပြောင်းပေးခြင်းခံရသည့် တရားသူကြီးမှာ ““ထိုလွှဲအပ်လွှာကို”” မိမိလက်ခံနိုင်ဘိသကဲ့ သို့ ထိုလျှောက်လွှာကို အရေးယူဆောင်ရွက် နိုင်သည့် ““အာဏာ””ရှိရမည်။

ပုဒ်မ ၃၂(၂)- ကြီးကြပ်ဝန်၏ အမိန့် မိတ်္တူကို လွှဲအပ်လွှာနှင့်အတူ ပူးတွဲတင် သွင်းရမည်။

ပုဒ်မ ၃၂ (၃)။ လွှဲအပ်လွှာတွင် ------- တန်ရုံးခွန်တော်တံဆိပ်ခေါင်း ------- ပါရှိရမည်။

ပုဒ်မ-၃၂(၄) - ထိုလွှဲအပ်လွှာကို ကြီးကြပ်ရေးဝန် အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်းသုံးဆယ်အတွင်း တင်သွင်းရမည်။ သို့ရာတွင် ကြီးကြပ်ရေးဝန်၏ အမိန့်မိတ်္တူ ရယူရာတွင် ကုန်လွန်သည့် ကာလအပိုင်း အခြားကို လွှဲအပ်လွှာ တင်သွင်းရမည့် အချိန်တွက်ချက်ရာ၌ မထည့်သွင်းရ။

ပုဒ်မ-၃၂(၅) - ရန်ကုန်မြို့တော် တရားမရုံးတရားသူကြီးချုပ်ကသော်လည်း ကောင်း အထက်အဆိုပါ အခြားရုံးတရား သူကြီးကသော်လည်းကောင်း ချမှတ်သည့် ဆုံးဖြတ်ချက်သည် အပြီးသတ်အတည်ဖြစ် စေရမည်။

ပုဒ်မ-၃၃ -  ကြီးကြပ်ရေးဝန်ချမှတ် သော ဆုံးဖြတ်ချက် လွှဲအပ်မှုများ စစ်ဆေး စီရင်သည့်အခါ တရားသူကြီးသည် ရန်ကုန် မြို့တော် တရားမရုံးက တရားမမှုများ စစ်ဆေးစီရင်ရန်အတွက် သတ်မှတ်ထား သည့် ကျင့်ထုံးကိုသော်လည်းကောင်း၊ တရားမကြီးမှုများ စစ်ဆေးစီရင်ရန်အတွက် သတ်မှတ်ထားသည့် ကျင့်ထုံးကိုသော် လည်းကောင်း၊ မိမိသဘောအတိုင်း တတ် နိုင်သမျှ လိုက်နာနိုင်သည်။

ပုဒ်မ-၃၄(၁) - မည်သူမဆို စံငှားရမ်း ခ သတ်မှတ်ထားပြီးဖြစ်သော ဥပစာ တစ်ခုခုနှင့် စပ်လျဉ်း၍ ငှားရမ်းခအတွက် စံငှားရမ်းခ ထက်ပိုသောငွေကို တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း သိလျက်နှင့် လက်ခံလျှင် ရာဇ၀တ်တရားသူကြီး၏ ““ပြစ်မှုထင်ရှားစီရင် ခြင်းခံရကာလ၌”” ပထမအကြိမ် ကျူးလွန် သည့် ““ပြစ်မှု”” ဖြစ်သည့်ကိစ်္စတွင် ကျပ် ------ အထိ ငွေဒဏ်ဖြစ်စေ၊ အဆိုပါ ဥပစာနှင့် စပ် လျဉ်း၍ သို့တည်းမဟုတ် စံငှားရမ်းခ သတ်မှတ်ပြီးဖြစ်သော အခြား ဥပစာတစ်ခုခုနှင့် စပ်လျဉ်း၍ ဒုတိယအကြိမ် သို့တည်း မဟုတ် နောက်ထပ်ကျူးလွန်သည့် ပြစ်မှု ဖြစ်သည့် ကိစ်္စတွင် ကျပ် ------ထိ၊ ငွေဒဏ်ဖြစ်စေ စီရင်ခြင်းခံရမည်။

ပုဒ်မ-၃၄(၂) - တစ်ဦးတစ်ယောက် သောသူသည် စံငှားရမ်းခထက်ပို၍ ငွေ တန်ဖိုးရှိသည့် အဖိုးစားနား တစ်ခုခုကို လက်ခံလျှင် ထိုစံငှားရမ်းခ ထက်ပိုသော ငွေကို လက်ခံသည်ဟုမှတ်ယူရမည်။ ၊

ပုဒ်မ - ၃၅(၁) ။  ။ မည်သူမဆို အိမ်ငှားတစ်ဦးဦးအား သို့တည်းမဟုတ် ပုဒ်မ ၁၃ ပါ ပြဋ္ဌာန်းချက်အရ ကြီးကြပ် ရေးဝန်က အမိန့်ချမှတ်ပေးပြီးဖြစ်သော သူတစ်ဦးတစ်ယောက်အား ဥပစာမှ ထွက် ခွာသွားစေလိုသော အကြံဖြင့် အန်္တရာယ် ပြုလျှင် သို့တည်းမဟုတ် တမင်နှောင့်ယှက် လျှင် ရာဇ၀တ်တရားသူကြီး၏ ပြစ်မှု ထင်ရှားစီရင်ခြင်းကာလ၊ ပထမအကြိမ် ကျူးလွန်သည့်ပြစ်မှုကိစ်္စတွင် ကျပ် -------- အထိ၊ ငွေဒဏ်ဖြစ်စေ၊ ဒုတိယအကြိမ် သို့တည်းမဟုတ် နောက်ထပ်ကျူးလွန်သည့် ပြစ်မှုဖြစ်သည့်ကိစ်္စတွင် ကျပ် -------- အထိ ငွေဒဏ်ဖြစ်စေ၊ စီရင်ခြင်းခံရမည်။

ပုဒ်မ - ၃၅(၂) ။  ။ အထက်ပါပုဒ်မ ခွဲ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ အိမ်ရှင်သည် လုံလောက်သောအကြောင်း မရှိဘဲ၊ ဥပစာကို ဤအက်ဥပဒေ စတင် အာဏာတည်သည့်အခါက တည်ရှိသည့် အခြေအနေအတိုင်း မိုးလေ၀သမှ လုံခြုံ အောင် ထားရှိရန် ပျက်ကွက်လျှင်သော် လည်းကောင်း သီးခြားစာချုပ်တစ်ခုခုအရ ဖြစ်စေ၊ ထုံးစံအရဖြစ်စေ၊ အိမ်ရှင်က ပြုပြင်ထားရှိရန် တာဝန်ရှိသည့် အဆောက် အဦ သို့တည်းမဟုတ် တပ်ဆင်ထားသည့် ကိရိယာတန်ဆာ အစိတ်အပိုင်းတစ်ခုခု ကို လိုအပ်သည့်အတိုင်း ပြုပြင်ထားရှိရန် ပျက်ကွက်လျှင်သော်လည်းကောင်း တမင် နှောင့်နှေးသည်ဟု မှတ်ယူရမည်။

ပုဒ်မ-၃၆ ။  ။ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ဥပစာမှ ထွက်ခွာ၍အိမ်ရှင်သို့ ဥပစာပြန်အပ် ရန် တရားဥပဒေနှင့်အညီ အမိန့် သို့တည်း မဟုတ် ဒီကရီချမှတ်ခြင်းခံရသည့် အိမ်ငှား အား အဆိုပါ ဥပစာတွင် နေထိုင်ရန် သို့တည်းမဟုတ် ၎င်းင်းကို လက်ရှိထားရန် ခွင့်မပြုရ။ ထို့ပြင် ထိုအမိန့် သို့တည်းမဟုတ် ဒီကရီချမှတ်ခံရလျက်နှင့် ထိုအိမ်ငှားသည် ထိုဥပစာတွင် ဆက်လက်နေထိုင်လျှင် သို့တည်းမဟုတ် ထိုဥပစာကို လက်ရှိထား မြဲထားလျှင်ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၁ နှင့် ၄၄၂ တွင် အဓိပ်္ပာယ်ဖော်ပြထား သော ရာဇ၀တ်ပြစ်ဒဏ်ထိုက်သည့် ကျော် နင်းမှုကို ကျူးလွန်သည်ဟု မှတ်ယူရမည့် ပြင် မိမိက အိမ်ရှင်အားပေးရန်ရှိသည့် ငှားရမ်းခနှစ်ဆထက် မပိုသော ငွေဒဏ် အပြင် ထိုပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ထောင်ဒဏ်ကိုလည်း စီရင်ခြင်းခံရမည်။

ပုဒ်မ - ၃၇(၁) ။  ။ မည်သူမဆို ပုဒ်မ (၁၀)ပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင် လျှင် ခြောက်လထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ------- အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ စီရင်ခြင်းခံရမည်။
ပုဒ်မ - ၃၇(၂) ။  ။ တစ်ဦးတစ်ယောက် သောသူအား ဤပုဒ်မအရ ပြစ်ဒဏ်ထိုက် သော ပြစ်မှုထင်ရှား၍ ဒဏ်ငွေပေးဆောင် ရန် စီရင်ချက်ချမှတ်သည့်အခါ ထိုသူအား ပြစ်မှုထင်ရှားစီရင်သည့် တရားရုံးသည် ထိုဒဏ်ငွေအားလုံးကိုဖြစ်စေ၊ အချို့အ၀က် ကိုဖြစ်စေ၊ ရာဇ၀တ်ကျင့်ထုံးကို ဓဥပဒေ ပုဒ်မ ၅၄၅ တွင် ပြဋ္ဌာန်းထားသည့်အတိုင်း တစ်ဦးတစ်ယောက်သောသူအား ထိုပြစ်မှု ကြောင့် ခံရသည့် ဆုံးရှုံးမှုတစ်ခုအတွက် လျော်ကြေးအဖြစ် ပေးစေဟု ညွှန်ကြားနိုင် သည်။

ပုဒ်မ - ၃၈။  ။ မည်သူမဆို ဥပစာတစ် ခုခုကို ပြန်လည်သိမ်းပိုက်ရန်အတွက် အမိန့် သို့တည်းမဟုတ် ဒီကရီကို ပုဒ်မ ၁၂ သို့တည်းမဟုတ် ပုဒ်မ ၁၄ အရ တားမြစ်သည့်ကိစ်္စတွင် ကြီးကြပ်ရေးဝန်၏ ကြိုတင်ခွင့်ပြုစာမရရှိဘဲ၊ သို့တည်းမဟုတ် မြူနီစီပယ်၏ ဆင့်ဆိုချက်အတိုင်း လိုက်နာ ဆောင်ရွက်လျက် ဥပစာကို အရေးတကြီး ပြုပြင်ရန် သို့တည်းမဟုတ် ချက်ချင်းဖြိုဖျက် ရန် ကိစ်္စအတွက် မဟုတ်ဘဲ၊ ဥပစာနှင့် ပူးတွဲပါ အကျိုးခံစားခွင့်တစ်ခုခုကို တမင် နှောင့်ယှက်လျှင်သော်လည်းကောင်း၊ ထို ဥပစာနှင့်အတူ ထာဝစဉ်အသုံးပြုရန်အတွက် စီမံပြုလုပ်ထားသော မည်သည့်အရာကိုမဆို ဖယ်ရှားဖျက်ဆီး အသုံးမ၀င်အောင် ပြုလုပ်လျှင်သော်လည်းကောင်း ပထမ အကြိမ် ကျူးလွန်သည့် ပြစ်မှုဖြစ်ပါက ကျပ် ---------- အထိ ငွေဒဏ်ဖြစ်စေ၊ အဆိုပါ ဥပစာနှင့် စပ်လျဉ်း၍ သို့မဟုတ် အခြားဥပစာတစ်ခုခုနှင့် စပ်လျဉ်း၍ ဒုတိယအကြိမ် သို့တည်းမဟုတ် နောက် ထပ်ကျူးလွန်သည့် ပြစ်မှုဖြစ်သည့်ကိစ်္စ တွင် ကျပ် ----------- အထိ ငွေဒဏ် ဖြစ်စေ၊ စီရင်ခြင်းခံရမည်။

ပုဒ်မ - ၃၉ ။  ။ မည်သည့်တရားရုံး ကမျှ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှု တစ်ခုခုနှင့် စပ်လျဉ်း၍ စွပ်စွဲသည့် ပြစ်မှု ကျူးလွန်သည့်နေ့ရက်မှ ကိုးလအတွင်း ကြီးကြပ်ရေးဝန်၏ ကြိုတင်အခွင့်အမိန့် ဖြင့် တင်သွင်းသည့် တိုင်တန်းချက်အရ မဟုတ်လျှင် အရေးမယူရ။ သို့ရာတွင် ကြီးကြပ်ရေးဝန်သည် ပုဒ်မ ၁၀ သို့တည်း မဟုတ် ပုဒ်မ ၃၄ (၁) အရ ဖြစ်သော ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူ ကျူးလွန်ကြောင်းဖြင့် ခိုင်လုံသော သတင်းရရှိ ကာလ၊ အဆောတလျင် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရမည်ပြင် ယုတ်္တိထင်ရှားသော အမှုဖြစ်ကြောင်း တွေ့ရှိလျှင် ပြစ်မှုကျူးလွန် သူအား တရားရုံးတွင် တရားစွဲဆိုစေရမည်။

ပုဒ်မ - ၄၀။  ။ အိမ်ငှားအပေါ်တွင် သို့တည်းမဟုတ် ပုဒ်မ ၁၃ (၁) အရ နေထိုင်ခွင့်ပြုထားသူတစ်ဦးတစ်ယောက် အပေါ်တွင် ဥပစာမှ နှင်ထုတ်ရန် သို့တည်း မဟုတ် ဥပစာကို သိမ်းပိုက်ရန် စွဲဆိုသည့် တရားမမှု သို့တည်းမဟုတ် အမှုအခင်းနှင့် စပ်လျဉ်း၍ ပေးဆောင်ရမည့် ရုံးခွန်တော် ကို နိုင်ငံတော်က သတ်မှတ်နိုင်သည်။ ထို့ပြင် ထိုရုံးခွန်တော်ကို သတ်မှတ်ထား သည့်ကိစ်္စအတွက် ရုံးခွန်တော်ကို ရုံးခွန်တော် အက်ဥပဒေတွင် မည်သို့ပင် ပါရှိစေကာမူ ထိုသို့ သတ်မှတ်ထားသည့်အတိုင်း ပေး ဆောင်ရမည်။

ပုဒ်မ - ၄၁ (၁) ။  ။ ဤအက်ဥပဒေ အရ အာဏာများကို သုံးစွဲလျက် သဘောရိုး ဖြင့် ဆောင်ရွက်သည့်ကိစ္စတစ်ရပ်ရပ်အတွက် ကြီးကြပ်ရေးဝန် သို့တည်းမဟုတ် လက် ထောက်ကြီးကြပ်ရေးဝန်အပေါ်တွင်လည်း ကောင်း၊ ဤအက်ဥပဒေအရ ချမှတ်သည့် အမိန့်နှင့်အညီ သဘောရိုးဖြင့် ဆောင်ရွက် သည့် သို့တည်းမဟုတ် ဆောင်ရွက်ရန် ကြံရွယ်သည့် ကိစ်္စတစ်ရပ်ရပ်အတွက် တစ်ဦးတစ်ယောက်သောသူအပေါ်တွင် လည်းကောင်း တရားမမှု၊ ပြစ်မှု သို့တည်း မဟုတ် အခြားမှုခင်းစွဲဆိုခြင်း မပြုရ။

ပုဒ်မ - ၄၁(၂) ။  ။ ဤအက်ဥပဒေ အရချမှတ်သည့် သို့တည်းမဟုတ် ချမှတ် သည်ဟု မှတ်ယူသည့် အမိန့်နှင့်အညီ သဘောရိုးဖြင့် ဆောင်ရွက်သည့် သို့တည်း မဟုတ် ဆောင်ရွက်ရန် ကြံရွယ်သည့်ကိစ္စတစ် ခုခုကြောင့် ဖြစ်ပွားသော သို့တည်းမဟုတ် ဖြစ်ပွားဖွယ်ရာရှိသော ပျက်စီးနစ်နာမှုတစ်ခုခု အတွက် သို့တည်းမဟုတ် အစိုးရအပေါ် တွင် တရားမမှု၊ သို့တည်းမဟုတ် အခြားတရား မှုခင်း စွဲဆိုခြင်းမပြုရ။

ရည်ညွှန်း - ၁၉၆၀ ပြည့်နှစ်၊ မြို့ပြ ဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေ

(၁၉၆၀ ပြည့်နှစ်၊ အက်ဥပဒေ အမှတ် -၈)

မောင်မြတ်မွန်(ဆူးလေ) မှ iMyanmarHouse.com  အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဥပဒေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)