5133 ကြိမ် ကြည့်ရှု့ ပြီး

အိမ်ခြံမြေသမားတို့လေ့လာသိရှိသင့်တဲ့ ဥပဒေများ (၂)

 

 အိမ်ခြံမြေသမားတွေ မဖြစ်မနေလေ့လာသိရှိထားသင့်တဲ့ ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးအက် ဥပဒေကိုဆက်လက်ရေးသား တင်ပြလိုက်ရပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ မြန်မာ နိုင်ငံအတွင်း မြို့ကြီးများမှာရှိ တဲ့ နေအိမ် တိုက်တာအဆောက်အအုံအများအပြားဟာစစ်ဘေးစစ်ဒဏ်ကြောင့် ပျက်စီးယိုယွင်းခဲ့ရပါတယ်။အထူးသဖြင့်တော့ ရန်ကုန်မြို့ကြီးဟာဖက်ဆစ်ဂျပန်တွေရဲ့ ဗုံးဒဏ်၊ စက်သေနက် ဒဏ်တွေကြောင့် ဦးစွာမြို့ကွက်ပျက်ခဲ့ရသလိုနယ်ချဲ့အင်္ဂလိပ်တို့ စစ်ပြေးအစိုးရအဖြစ် အိန္ဒိယနိုင်ငံဆင်းမလားမြို့သို့ ထွက်ပြေးတိမ်းရှောင်တဲ့အခါ မြေကျွန်စနစ်ပျက်ဆီးခဲ့ရတဲ့အတွက် ရန်ကုန်မြို့ ကွက်နဲ့တကွ အဆောက်အအုံတွေပါ ပျက်စီးယိုယွင်းခဲ့ရတယ်။ ဗိုလ်တစ်ထောင်စေတီလည်းဗုံးဒဏ်ခကာ ပြိုကျပျက်စီးခဲ့ရရှာတယ်။

ဒါကြောင့် ဗြိတိသျှဘားမားရဲ့နောက်ဆုံးဘုရင်ခံဖြစ်တဲ့ ဆူဟူးဘက်ရန့်စ်ကအငှားချထားနိုင်တဲ့ ဥပမာ(အဆောက်အအုံ)တွေရှားပါးမှုကြောင့် ငှားရမ်းခများကြီးမြင့်လာမှုကိုထန်းချုပ်ပေးနိုင်ရန် အဓိကရည် ရွယ်ကာ“၁၉၄၆ ခုနှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေ” ကိုယယီဥပဒေအဖြစ် ပြဌာန်းပေးခဲ့ တယ်။အိမ်ရှင်အိမ်ငှားပြဿနာတွေကိုဖြေရှင်းကြရာမှာဥပဒေပါစကားရပ်တွေ အားနည်းတဲ့အတွက် ၁၉၄၈ ခုနှစ် အက်ဥပဒေဟာသက်တမ်းကုန်ဆုံးရပ်စဲသွားတော့ ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာငှားရမ်းခကြီး ကြပ်ရေးအက်ဥပဒေကိုမေလမှာ ပြဋ္ဌာန်းခဲ့တယ်။
၁၉၆၀ ပြည့်နှစ်မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေ
၁၉၆၀ ပြည့်နှစ်၊ အက်ဥပဒေအမှတ် ၈
၁၉၆၀ ပြည့်နှစ်၊ မေလ ၄ ရက်။
အောက်ပါအတိုင်းအက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။

၁။ ဤအက်ဥပဒေကို၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေဟုခေါ်တွင်စေရမည်။
၂။ (၂) ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့ နောက်စကားတို့၏ အဓိပ္ပာယ်နှင့်ဖြစ် စေမဆန့်ကျင်လျှင်
(က) ရန်ကုန်မြို့တော်ဆိုသည်မှာအခါအားလျော်စွာ ပြင်ထားသည့် ရန်ကုန်မြို့တော်မြူနီစပါယ် အက်ဥပဒေ(၆) ယခု ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေတွင် ဖော်ပြထားသောရန်ကုန်မြို့တော်ကိုဆိုလိုသည်။
(ခ) ကြီးကြပ်ရေးဝန်ဆိုသည်မှာ ဤအက်ဥပဒေအရခန့်ထားသည့် ငှားရမ်းခကြီးကြပ်ရေးဝန် ကိုဆိုလိုသည်။ (မျက်မှောက်ကာလတွင် သက်ဆိုင်ရာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးကိုငှားရမ်းကြီးကြပ်ရေးနဲ့ ပတ်သက်ပြီး တာဝန်ပေးထားတယ်။
(ဂ) “အိမ်ရှင်”ဆိုသည်မှာမိမိအတွက်ဖြစ်စေ၊ သူတစ်ပါးအတွက်ဖြစ်စေ၊ သူတစ်ပါး၏ ကိုယ်စား ဖြစ်စေ၊ သူတပါး၏အကျိုးအတွက်ဖြစ်စေ၊ သူတပါး၏ယုံမှတ်အပ်နှံခံရသူသို့တည်းမဟုတ် အုပ်ထိန်းသူသို့တည်းမဟုတ် ပစ္စည်းထိန်းအနေနှင့်ဖြစ်စေ၊ ဥပစာတစ်ခုခုနှင့်စပ်လျဉ်း၍အခါအားလျှော်စွာငှားရမ်းခကိုရထိုက်ခွင့်ရှိသောသို့တည်းမဟုတ် ဥပစာကိုအိမ်ငှားအားအငှားချထားလျှင် ငှားရမ်းခကိုထိုသို့ရရှိမည် ဖြစ်သောသို့တည်းမဟုတ် ရထိုက်ခွင့်ရှိသောသူကိုဆိုလိုသည်။ ထိုစကားရပ်တွင် တရားမကျင့်ထုံးကိုဓဥပဒေတွင် ပြထားသည့် တရားဝင်ကိုယ်စားလှယ်လည်းကောင်း၊ ဥပဟာတစ်ခုခုကိုတစ်ဆင့်အငှားချထားသောအိမ်ငှည်းလည်းကောင်း၊ အခါအားလျော်စွာအိမ်ရှင်ထံမှတစ်ဆင့် ဆိုင်ရာနှင့်ရရှိသူ အသီးသီးလည်းကောင်းပါဝင်သည်။
(ဃ) ဥပစာဆိုသည်မှာ…..
(၁) အဆောက်အအုံလုပ်သည့် မြေကိုလည်းကောင်း၊ မည်သည့်ကိစ္စအတွက်မဆိုသီးခြားအငှားသည့် သို့တည်မဟုတ် နေထိုင်သည့် သို့တည်းမဟုတ် အငှားချထားရန်သော်လည်းကောင်း၊ နေထိုင် ရန်သော်လည်းကောင်းရည်ရွယ်သည့်အဆောက်အအုံသို့တည်းမဟုတ် အဆောက်အအုံအစိတ်အပိုင်းတစ် ခုခုကိုလည်းကောင်းဆိုလိုသည်။ ထိုစကားရပ်တွင် ဈေးသို့တည်းမဟတု အခြားအဆောက်အအုံတစ်ခုခုအတွင်းကုန်စည်ပစ္စည်းများလက်လီးရောင်းချရန် အငှားချထားသည့်ဈေးဆိုင်၊ ထို့ပြင် ထိုအဆောက်အအုံသို့တည်းမဟုတ် အဆောက်အအုံအစိတ်အပိုင်းနှင့်အတူအငှားချထားသည့် မြေ၊ အိမ်ထောင်ပရိဘောဂသို့ တည်းမဟုတ် တပ်ဆင်ထားသည့် ပစ္စည်းများလည်း ပါဝင်သည်။
(၂) မည်သည့်ကိစ္စအတွက်မဆိုသီးခြားအငှားချထားသည့် သို့တည်းမဟုတ် နေထိုင်သည့် သို့တည်းမဟုတ် အငှားချထားရန်သော်လည်းကောင်းနေ
ထိုင်ရန်သော်လည်းကောင်းရည်ရွယ်သည့်
မြေကိုဆိုလိုသည်။
၁၉၆၆ ခုနှစ်၊ စက်တင်ဘာ (၈)ရက်၊ နေ့စွဲပါ ပြည်သူ့လုပ်ငန်းနှင့် အိမ်ရာဆောက်လုပ်ရေးဋ္ဌာန၏ အမိန့်ကြော် ငြာစာအမှတ်-၁၈၆ …အရ“ဤအမိန့်ကြော်ငြာစာပါကိစ္စအလိုငှာနေထိုင်မှုကိစ္စနှင့် လုပ်ငန်းကိစ္စအတွက် အသုံးပြုသည့် ဥပစာဟူသောစကားရပ်တွင် လူနေထိုင်ရန်မဟုတ်သောစက်ရုံ၊ အလုပ်ရုပ်၊ ဂိုဒေါင်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဇရပ်၊ ကလပ်၊ အသင်း၊ အဖွဲ့ သို့မဟုတ် အလားတူအဖွဲ့အစည်းများအဖြစ်ဖြင့် အသုံးပြုသည့် ဥပစာစသည်တို့မပါချေ။ လို့ ပြင်ဆင်သတ်မှတ်ပေးထားပါတယ်။
(င)သတ်မှတ်သည် ဆိုသည်မှာဤအက်ဥဒေအရ ပြုသည့် နည်းဥပဒေများဖြင့် သတ်မှတ် သည်ကိုဆိုလိုသည်။
(စ) ဥပစာတစ်ခုခုနှင့် စပ်လျဉ်း၍ စံငှားရမ်းခဆိုသည်မှာ
အောက်ဖော်ပြပါ ငှားရမ်းခများကိုဆိုလိုသည်။
(၁) ပုဒ်မ ၂၇ သီးခြားဖော်ပြထားသည့်ကိစ္စများတွင် ရန်ကုန်မြို့တော်အတွက် ရန်ကုန်မြို့တော်တရားမရုံးတရားသူကြီးချုပ်အမိန့်နှင့် မဆန့်ကျင်စေဘဲဖြစ်စေ၊ အခြားမြို့ပြဒေသအတွက် ပုဒ်မ ၃၂အရ သတ်မှတ် သည့် တရားသူကြီး၏အမိန့်နှင့် မဆန့်ကျင်စေဘဲဖြစ်စေ၊ ကြီးကြပ်ရေးဝန်က သတ်မှတ်သောငှားရမ်းခ။
(၂) အခြားကိစ္စအားလုံးတွင် စံငှားရမ်းခကိုရှိဆဲစီးပွားရေးအခြေအနေများအရတိုးမြှင့်ထိုက်သည် ဟုသဘောရရှိလျှင် စံငှားရမ်းခကို ၂၅%ထက်မပိုစေဘဲ တိုးမြှင့်ရမည်ဟုယေဘူယျအားဖြင့် သော်လည်းကောင်း၊ မြို့ပြဒေသတစ်ခုခုအတွက်သော်လည်းကောင်း၊ ဥပမာအမျိုးအစားအတွက်သော်လည်းကောင်း၊ သတ်မှတ်နိုင်သည်။
(ဆ) အိမ်ငှားဆိုသည်မှာဥပစာအတွက် မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူမှတစ်ဆင့်ဖြစ်စေ၊ ငှားရမ်းခပေးရမည့်သူတစ်ဦးတစ်ယောက်ကိုဆိုသည်။ ထိုစကားရပ်တွင် တရားမကျင့်ထုံးကိုဓဥပဒေတွင် ဖော်ပြထားသည်။ တရားဝင်ကိုယ်စားလှယ်လည်းကောင်း၊ အခါအားလျှော်စွာအိမ်ငှားထံမှ တစ်ဆင့် ဆိုင်ရာနှင့်ရရှိသူအသီးသီးလည်းကောင်း၊ အငှားချထားမှု သို့တည်းမဟုတ် အငှားစာချုပ်ကုန်ဆုံးပြီးနောက် မိမိအားငှားရမ်းသည့် ဥပစာကိုအိမ်ရှင်၏သဘောတူညီချက်အရ ဖြစ်စေ၊ သဘောတူညီချက်အရမဟုတ်ဘဲ ဖြစ်စေလက်ရှိနေထိုင်မြဲနေထိုင်သူအသီးသီးလည်းကောင်း ပါဝင်သည်။
(ဇ) မြို့ပြဒေသဆိုသည့်စကားရပ်တွင် ရန်ကုန်မြို့တော်လည်းကောင်း၊ မြူနီစပါယ်အက်ဥပဒေအခန်း ၂ အရ၊ မြူနီစပါယ်နယ်ဟုကြေငြာထားသည့် ဒေသလည်းကောင်း၊ အဆိုပါအက်ဥပဒေပုဒ်မ ၂၄၆ အရအရကြေညာပြီးနယ်မြေဟူ၍ အမိန့်ကြော်ငြာစာဖြင့်ထုတ်ပြန်ထားသည့် ဒေသလည်းကောင်း၊ တပ်မြေအက် ဥပဒေတွင် အဓိပ္ပာယ်ဖော်ပြထားသည့် တပ်မြေလည်းကောင်း၊ မြို့များအက်ဥပဒေအရ မြို့ဟူ၍ ကြေညာထားသောဒေသလည်းကောင်း၊ ဤအက်ဥပဒေပါကိစ္စအလို့ငှာ မြို့ပြဒေသဟူ၍ နိုင်ငံတော်သမ္မတကအမိန့်ကြော ငြာစာဖြင့်ထုတ်ပြန်ထားသည့် အခြားဒေသလည်းကောင်း ပါဝင်သည်။
၃။ (၁) နိုင်ငံတော်သမ္မတသည် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ထိုအမိန့်ကြော်ငြာစာတွင် သီးခြားဖော်ပြ ထားသောဒေသ၊ သို့တည်းမဟုတ် ဥပစာအမျိုးအစားကိုဤအက်ဥပဒေတစ်ရပ်လုံးနှင့်ဖြစ်စေ၊ တပ်စိတ်တစ် ဒေသဖြစ်စေ၊ သက်ဆိုင်ခြင်းမှကင်းလွတ်ခွင့်ပြုနိုင်သည့်အပြင် နောင်အခါတွင်လည်းထိုအမိန့်ကြော်ငြာစာကိုဖျက်သိမ်းနိုင်သည်။ သို့တည်းမဟုတ် ပြောင်းလဲနိုင်သည်။

ပုဒ်မ-၃(၂)။ ဥပစာတစ်ခုခုသည်မြို့ပြဒေသတွင် ပါဝင်/မပါဝင် သို့တည်းမဟုတ်ဤ အက်ဥပေဒနှင့်သက်ဆိုင်ခြင်းမှပုဒ်မခွဲ (၁) အရအမိန့်ကြော်ငြာစာထုတ်ပြန်၍ ကင်းလွတ်ခွင့် ပြုထားသောဒေသ သို့တည်းမဟုတ် ဥပစာ အမျိုးအစားတစ်ခုခုတွင် ပါဝင်/မပါဝင်ဟူသော ပြဿနာပေါ်ပေါက်လျှင် ထိုပြဿနာနှင့်စပ်လျဉ်း၍နိုင်ငံတော်သမ္မတ၏ ဆုံးဖြတ်ချက်သည် အပြီးသတ်အတည်ဖြစ်စေရမည်။

ပုဒ်မ-၃(၃) အိမ်ငှားများအတွက်နေရာထိုင်ခင်းနှင့် တကွအစားအသောက်ကိုပါစီမံထားရှိသော ဥပစာတစ်ခုခုကိုနိုင်ငံတော်သမ်္မကအမိန့်ကြော်ငြာစာဖြင့်ခရီးသည် များတည်းနိုင်ရန်အတွက်အဓိကရည်ရွယ်ထားသည့် ဥပစာအဖြစ်ထုတ်ပြန်ကြေညာထားလျှင်ထိုဥပစာမှာဤအက်ဥပဒေပုဒ်မ ၉-၁၂ သို့တည်းမဟုတ်ပုဒ်မ -၁၃ ပါမည်သည့် ပြဋ္ဌာန်းချက်နှင့်မျှသက်ဆိုင်ခြင်းမရှိစေရ။

ပုဒ်မ-၄။။ ဤဥပဒေအာဏာတည်သည့်မြို့ပြဒေသအတွက်ကြီးကြပ်ရေးဝန်--နှင့်လက်ထောက်ကြီးကြပ်ရေးဝန်တစ်ဦး သို့တည်း မဟုတ်အများကို နိုင်ငံတော်သမ္မတကအမိန့်ကြော်ငြာစာထုတ်ပြန်၍ခန့်ထားနိုင်သည့်ပြင်ယေဘုယျသို့တည်းမဟုတ် အထူးအမိန့်ဖြင့် လက်ထောက်ကြီးကြပ်ရေးဝန် တစ်ဦးဦးအားလည်းကြီးကြပ်ရေးဝန်၏ အာဏာအားလုံးကိုဖြစ်စေ၊အာဏာတစ်ခုခုကိုဖြစ်စေအပ်နှင်းနိုင်သည်။

ပုဒ်မ-၅(၁)။။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ဥပစာတစ်ခုခုနှင့်စပ်လျဉ်း၍ “ငှားရမ်းခ” ကို “စံငှားရမ်းခ” ထက်ပို၍တိုးမြှင့်ထားလျှင်သို့တည်းမဟုတ်ဤမှနောက်တွင်တိုးမြှင့်လျှင် ယင်းသို့တိုးမြှင့်ထားသည့် ငှားရမ်းခကစံငှားရမ်းခထက်ပိုသမျှသော ငွေပေါင်ကိုပေးဆောင်ရန် ချုပ်ဆိုထားသည့် သဘောတူစာချုပ်တွင် မည်သို့ပင်ပါရှိစေကာမူအရ တောင်းခံနိုင်ခွင့်မရှိစေရ။သို့ရာတွင်ဤပုဒ်မပါမည်သည့် ပြဋ္ဌာန်းချက်မျှ အောက်ပါငှားရမ်းခတစ်ခုခုနှင့်မသက်ဆိုင်စေရ ...။

(က) ဤဥပဒေစတင်အာဏာမတည်မီကပေးရန်ရှိသည့် ... ငှားရမ်းခ

ပုဒ်မ-၅(၂)။။ပုဒ်မခွဲ(၁)ပါကိစ်္စအလို့ငှာ “ငှားရမ်းခများ” ကိုတစ်ရက်ပြီးတစ်ရက်ပေးရမည့်ငှားရမ်းခဖြစ်သည်ဟုမှတ်ယူရမည်။

ပုဒ်မ-၆။။အိမ်ရှင်သည်“ဥပစာ”ကို ပြုပြင်ထား ရှိရာ၌ဆောက်လုပ်ရေး ပစ္စည်းများဈေးနှုန်းကြီးမြင့်သည့် အတွက်အသုံးစရိတ်ပိုမိုကုန်ကျလျှင်သော်လည်းကောင်းတိုးတက်ကောင်းမွန်အောင် ပြုပြင်ခြင်းသို့တည်း မဟုတ်ပုံသဏ္ဌာန် ပြောင်းလဲဆောက်လုပ်ခြင်းအတွက်အသုံးစရိတ် (မွမ်းမံတန်ဆာဆင်ခြင်းသို့တည်းမဟုတ် ပြုပြင်ခြင်းအတွက်အသုံးစရိတ်များမပါဝင်) ကုန်ကျလျှင်သော်လည်းကောင်း၊ကြီးကြပ်ရေးဝန်ထံ “စံငှားရမ်းခ” မြင့်ပေးရန်လျှောက်ထားနိုင်သည်။

ပုဒ်မ-၇(၁အငှားချထားသည့် စည်းကမ်းချက်များပြောင်းလဲခြင်းကြောင့် ဥပစာတစ်ခုခုလက်ရှိထားသည့် အတွက်လိုက်နာရမည့် စည်းကမ်းချက်များ၊အိမ်ငှား၏အခွင့်အရေးများမှာယေဘုယျအား ဖြင့်ယခင် စည်းကမ်းချက်များအရပေးသော အခွင့်အရေးများအောက်ယုတ်လျော့နည်းပါးလျှင် “ငှားရမ်းခ” အဖြစ်ပေးရမည့်ငွေကို တိုးမြှင့်သည်ဖြစ်စေ၊မတိုးမြှင့်သည်ဖြစ်စေ၊ဤအက်ဥပဒေအဓိပ်္ပာယ်အရ“ငှားရမ်းခ”ကိုတိုးမြှင့်သည်ဟုမှတ်ယူရမည်။

ပုဒ်မ-၇(၂) ။ အငှားချထားသည့်စည်းကမ်းချက်များ ပြောင်းလဲခြင်းကြောင့် ဥပစာတစ်ခုခုအားလက်ရှိထားသည့်အတွက် လိုက်နာရမည့်စည်းကမ်းချက်များအရ“အိမ်ငှား”၏အခွင့်အရေးများမှာယေဘုယျအားဖြင့်ယခင်စည်းကမ်းချက်များအရပေးသောအခွင့်အရေးများ အောက်ယုတ်လျော့နည်းပါးခြင်းမရှိလျှင် “ငှားရမ်းခ” အဖြစ်ပေးရသည့်ငွေကိုတိုး မြှင့်သည်ဖြစ်စေ၊မတိုးမြှင့်သည်ဖြစ်စေ၊ဤအက်ဥပဒေအဓိပ်္ပာယ်အရ “ငှားရမ်းခ” ကိုတိုးမြှင့်သည်ဟုမမှတ်ယူရ။

ပုဒ်မ-၈။။ အိမ်ရှင်သည်ဥပစာတစ်ခုခုနှင့်စပ်လျဉ်း၍စည်ပင်သာယာခွန်ခိုင်ကြေး သို့တည်းမဟုတ် အခြားအခွန်များကို ပေးဆောင်လျှင် ထိုစည်ပင်သာယာခွန်၊ခိုင်ကြေးသို့တည်းမဟုတ်အခြားအခွန်များအတွက် အခါအားလျော်စွာမိမိပေးဆောင်ရသောငွေက“အခွန်စည်းကြပ်ရာကာလအပိုင်းအခြားအတွင်းပေးဆောင်ခဲ့သောငွေထက်ပိုမိုသည်နှင့်အမျှ “စံငှားရမ်းခ” ကိုတိုးမြှင့်ပေးရန်ကြီးကြပ်ရေးဝန်ထံလျှောက်ထားနိုင်သည်။

ပုဒ်မ-၉(၁) ။။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဥပစာတစ်ခုခုအတွက “ငှားရမ်းခ” ကိုတိုးမြှင့်ခွင့် ပြုနိုင်သည့် ကိစ္စရပ်တိုင်းတွင်အိမ်ရှင်မှငှားရမ်းခတိုးမြှင့်ကြံရွယ်ကြောင်းနို့တစ်စာကို “ကြီးကြပ်ရေးဝန်” ထံမှ “စံငှားရမ်းခ” သတ်မှတ်သည့်သက်သေခံလက်မှတ်နှင့်တကွ“အိမ်ငှား”အပေါ်ချမှတ်ပြီးနောက်“တစ်လမကုန်မီ” ထိုသို့တိုးမြှင့်ထားသည့်“ငှားရမ်းခ”ကိုအရတောင်းခံနိုင်ခွင့်မရှိစေရ။

ပုဒ်မ-၉(၂) ။အဆိုပါနို့တစ်စာကိုအိမ်ငှားတစ်ဦးအပေါ်ချအပ်ပြီးဖြစ်လျှင်နောက်အိမ်ငှားတစ်ဦးအပေါ် “နို့တစ်စာအသစ်” မချအပ်ဘဲ၊တိုးမြှင့်ထားသည့်ငှားရမ်းခကိုတောင်းခံနိုင်သည်။

 

မောင်မြတ်မွန် (ဆူးလေ) မှ  iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဥပဒေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)