ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဆောက်လုပ်ရေးဝန်ကြီးဌာန
ဝန်ကြီးရုံး
နေပြည်တော်
အမိန့်ကြော်ငြာစာအမှတ် (၂၆၇/၂၀၁၇ )
နေပြည်တော်၊ ၁၃၇၉ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၄) ရက်
(၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်)
အခန်း (၁)
အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်
၁။ ဤနည်းဥပဒေများကို စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာနည်းဥပဒေများဟု ခေါ်တွင်စေရမည်။
၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေတွင်ပါရှိသည့်အတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည့်အပြင် အောက်ပါစကားရပ်များသည်ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်…..