မန်းဧကရာဇ် အဆင့်မြင့်အိမ်ရာစီမံကိန်း ၏ ဖွဲ့စည်းတည်ဆောက်မှုပုံစံ ဗီဒီယိုမိတ်ဆက် (အိမ်၊ ခြံ၊ မြေ မိတ်ဆက်) - Property Guide from iMyanmarHouse.com
5108 ကြိမ် ကြည့်ရှု့ ပြီး

မန်းဧကရာဇ် အဆင့်မြင့်အိမ်ရာစီမံကိန်း ၏ ဖွဲ့စည်းတည်ဆောက်မှုပုံစံ ဗီဒီယိုမိတ်ဆက် (အိမ်၊ ခြံ၊ မြေ မိတ်ဆက်)

မန်းဧကရာဇ် အဆင့်မြင့်အိမ်ရာစီမံကိန်းမှာ မြေအကျယ် ပေ(၃၀ x ၆၀)နှင့် အိမ်အကျယ် ပေ(၃၀ x ၄၀) သတ်မှတ်၍ ရောင်းချပေးနေပါသည်။ မြေပေ(၄၀ x ၆၀) အတွက် အုတ်တံတိုင်းခြံစည်းရိုး လုပ်ပေးခြင်း၊ ကစားကွင်းပါရှိခြင်း၊ ရေကူးကန် ၂ကန်ပါရှိခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်း လုပ်ရန်အတွက် (၂)မိုင်ခန့်ရှည်တဲ့ လျှောက်လမ်းပါရှိခြင်း၊ လမ်းတိုင်းတွင် အလှပန်းပင်များ စိုက်ပျိုးပေးခြင်း၊ အိမ်ရာဝန်းအတွင်းရှိလမ်း (၂၄)ပေလမ်း၊ (၂၈)ပေလမ်း၊ ပေ(၄၀)လမ်း နှင့် ပေ(၈၀)လမ်းများကို ကတ္တရာလမ်းခင်းပေးခြင်း၊ ရေမြောင်းများပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ပေးထားပါသည်။

ရေသန့်စင်စနစ်နှင့် မိလ္လာသန့်စင်စနစ်များ ပါရှိခြင်း၊ (၂၄)နာရီ လျှပ်စစ်မီးရရှိခြင်း၊ တစ်ဦးချင်း ဝယ်ယူသူ၏ ဂရန်အမည်ပေါက် ရသည်အထိ ပြုလုပ်ဆောင်ရွက်ပေးခြင်း၊ ဝယ်ယူထားသည့် အကွက်အား ပြန်လည်ရောင်းချလိုပါက ကုမ္မဏီမှ တာဝန်ယူ ပြန်လည် ရောင်းချပေးခြင်း၊ ပြန်လည် ရောင်းချသူများသည် ကုမ္မဏီက တာဝန်ယူ ပြန်လည်ရောင်းချ ပေးရပါက ကုမ္မဏီအား ရောင်းချငွေ၏ (၃%) ပေးသွင်းရပါမည်။ ပြန်လည်ရောင်းချလိုသူများသည် မိမိတို့ကိုယ်တိုင်ပြန်လည် ရောင်းချရပါက ကုမ္မဏီအား ပြန်လည် အကြောင်းကြားပေးပြီး ကုမ္မဏီအား ရောင်းချငွေ၏ (၁%)ကိုစာရွက်စာတမ်း ပြန်လည်ပြင်ဆင်ခ အတွက် ပေးဆောင်ရပါမည်။

စီမံကိန်းအတွက် အိမ်များဆောက်ရန်အတွက် အိမ်ပုံစံ(၆မျိုး) သတ်မှတ်ထားရှိခြင်း၊ အိမ်များဆောက်ရာတွင် ကုမ္မဏီအား မအပ်နှံပဲ ကိုယ်ပိုင် အင်ဂျင်နီယာများနှင့် ဆောက်လုပ်ပါက အိမ်ပုံစံ ဒီဇိုင်းခ (၁၅)သိန်းကျပ်တိတိ ပေးဆောင်ရပါမည်။ ခြံဝန်းကျယ်ကျယ် လိုချင်သူများအတွက် အကွက်(၂)ကွက်တွဲ အိမ်(၁)လုံးအား ဝယ်ခွင့်/ဆောက်ခွင့် ပြုပါသည်။ မြေအကျယ် ပေ(၃၀ x ၄၀) သတ်မှတ်၍ ရောင်းချပေးပါသည်။ စီမံကိန်းထဲတွင် ဟိုတယ်ဇုန် မန္တလေး-မိုးကုတ်လမ်းမကြီး အရှေ့တွင် ဈေးဆိုင်ခန်းများ၊ ဘဏ်၊ စူပါမားကတ်များ ပါရှိပါမည်။

အခြား အိမ်ခြံမြေမိတ်ဆက်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)