784 ကြိမ် ကြည့်ရှု့ ပြီး

သီတင်းကျွတ်အထူးပရိုမိုးရှင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ကွန်ဒိုများ အရောင်းပြပွဲ ကျင်းပပြုလုပ်

 

[Unicode]


မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ သီတင်းကျွတ်အထူးပရိုမိုးရှင်းဖြင့် ရောင်းချသည့် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ကွန်ဒိုများ အရောင်းပြပွဲကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁၅) နှင့် (၁၆) ရက် စနေ ၊ တနင်္ဂနွေနေ့များတွင် မနက် (၁၀)နာရီမှ ညနေ (၅)နာရီထိ ၊ Pan Pacific Hotel (Level - R) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အရောင်းပြပွဲ (၂) ရက်အတွင်း ဝယ်ယူခဲ့ကြသူများကိုလည်း ဘတ် (100,000) အထိ သက်သာခွင့်များ ၊ Property Tour အတွက် (၂) ဦးစာ အသွားအပြန် လေယာဉ်လက်မှတ်နှင့် (၂) ညအိပ် တည်းခိုစရိတ်တို့ပါ စီစဉ်ပေးခဲ့ကြောင်းသိရသည်။

 

သီတင်းကျွတ်အထူးပရိုမိုးရှင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ကွန်ဒိုများ အရောင်းပြပွဲ ကျင်းပပြုလုပ်

 


ပြပွဲရက်အတွင်းတွင်

1. Noble State 39 (Sukhumvit ဧရိယာအနီး)

2. Noble Nue Chaengwattana (ဒွန်မောင်းလေဆိပ်အနီး)

3. Noble Nue Ratchada Latphrao (Central Plaza အနီး)

4. Nue District R9 (RAMA 9 မိန်းလမ်းမကြီးပေါ်)

5. Nue Mega + Bangna (Bangna Trad လမ်းမကြီးအနီး) စသည့် ကွန်ဒိုတို့ကိုရောင်းချပေးခဲ့သည်။

 

သီတင်းကျွတ်အထူးပရိုမိုးရှင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ကွန်ဒိုများ အရောင်းပြပွဲ ကျင်းပပြုလုပ်

 

(1) Noble State 39 (Sukhumvit ဧရိယာအနီး)

 


(၀.၃၉၅၃ ဧက) အကျယ်အဝန်းရှိသည့် ကိုယ်ပိုင်မြေပေါ်တွင် ဆောက်လုပ်ထားသည့် အသစ်စက်စက် အဆင့်မြင့်ကွန်ဒိုတစ်လုံးဖြစ်သည်။အချက်အချာကျသည့် 35 Soi Sukhumvit 39 လမ်းမကြီးပေါ်တွင် တည်ရှိသည်။BTS Thong Lo နှင့် Phrom Phong BTS Skytrain Station မှ မီတာ (၉၀၀) အကွာ တွင်တည်ရှိပြီး (၁၂) မိနစ် လမ်းလျှောက်ရုံဖြင့် ရောက်ရှိနိုင်သည်။The Manor, Sukhumvit 39 complex, UFM Fuji Super Express, UFM Fuji Super များကို မိနစ်အနည်းငယ်အတွင်း ရောက်ရှိနိုင်သည်။ VY bound ၊ New Bambino ၊ Wells ၊ The First Steps ၊ The American စသည့် ကျောင်းများအနီးတွင်ရှိသည်။ နိုင်ငံတကာအဆင့်မီဆေးရုံတစ်ခုဖြစ်သည့် Samtivej Hospital နှင့် နီးသောကြောင့် ကျန်းမာရေးကိစ္စများအတွက် အဆင်ပြေစေသည်။(၃၈) ထပ် ၊ အခန်းပေါင်း (၃၄၉) ခန်းပါဝင်ပြီး လူနေအဆောက်အဦးတစ်လုံးနှင့် (၂) ထပ်မြင့် commercial အဆောက်အဦးတစ်လုံးပါရှိသည်အခန်းပုံစံများမှာ 1 Bedroom ၊ 2 Bedroom ၊ Penthouse များဖြစ်ပြီး စိတ်တိုင်းကျ ရွေးချယ်နိုင်သည်။ Ground Floor မှ 10th Floor အထိ ကားပါကင်အဖြစ် အသုံးပြုနိုင်ပြီး 11th Floor မှစတင်၍ လူနေအခန်းများဖြစ်သည်။Main Lobby ၊ Mail Room ၊ Juristic Person Office ၊ EV Link Charger Stations ၊ Shuttle Limousine Service ၊ Creative Forest Garden ၊ Olivia Lounge & Mellow Space ၊ Panoramic View ၊ Indoor Swimming Pool ၊ Full Equipped Gym room ၊ Steam room & Sky Lounge အစရှိသည့် Facilities များကို ပြည့်ပြည့်စုံစုံ ထည့်သွင်းပေးထားသည်။Downtown Project စိတ်ဝင်စားသူများအတွက် လက်မလွှတ်သင့်သည့် ကွန်ဒိုတစ်ခုဖြစ်သည်။

 

သီတင်းကျွတ်အထူးပရိုမိုးရှင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ကွန်ဒိုများ အရောင်းပြပွဲ ကျင်းပပြုလုပ်


(2) Noble Nue Chaengwattana (ဒွန်မောင်းလေဆိပ်အနီး)


(၁.၁၈၆) ဧက အကျယ်ရှိ ကိုယ်ပိုင်မြေပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်ထားသည်။ဘန်ကောက်မြို့၏ အချက်အချာကျသည့် ဒွန်မောင်းလေဆိပ်နှင့် (၄) ကီလိုမီတာအကွာ Chaengwattana လမ်းမကြီးပေါ်တွင် တည်ရှိသည်။Sky Train အသုံးပြုသွားလာနိုင်တာကြောင့် သွားလာရေးအတွက် ယာဉ်ကြောပိတ်ဆို့မှာ စိတ်ပူစရာမလိုဘဲ အချိန်ကုန်သက်သာ အဆင်ပြေချောမွေ့စေသည်။Makro Super Center, Lotus Chaengwattana, The Avenue, BIG C, BEEHIVE COMMUNITY MALL အစရှိသည့် ဈေးဝယ်စင်တာများ အလယ်မှာတည်ရှိသဖြင့် နေ့စဉ်လိုအပ်ချက်များအတွက် အလွယ်တကူ သွားရောက်ဝယ်ယူနိုင်သည်။MONGKUT WATTNA Hospital နှင့် World Medical Center တို့ဖြင့် ကီလိုမီတာ အနည်းငယ်သာ ကွာဝေးသောကြောင့် ကျန်းမာရေးကိစ္စအဝဝအတွက် အဆင်ပြေစေသည်။ Basement (၂) ထပ်အပါအဝင် အထပ်ပေါင်း (၃၁) ထပ် ထိရှိပြီး အခန်းပေါင်း (၈၁၃) ခန်း ပါဝင်သည်။ အခန်းပုံစံများမှာ 1 Bedroom ၊ 2 Bedroom နှင့် 2 Bed Plus စသဖြင့် အသီးသီးပါဝင်ဖွဲ့စည်းပေးထားသည်။ Ground Floor တွင် လူစီး ဓာတ်လှေကား (၄) စင်း ၊ ကုန်ပစ္စည်းအတင်အချ ဓာတ်လှေကား (၁) စင်း ထည့်သွင်းပေးထားသည်။ (၃၅၆၅) စတုရန်းမီတာ အကျယ်အဝန်းရှိသော Open Space Garden ၊ Lobby Room ၊ Mail Room ၊ Laundry ဝန်ဆောင်မှုများ ဖြည့်ဆည်ပေးထားသည်။ Basement မှ 3rd Floor အထိ ကားပါကင်နေရာအဖြစ် သတ်မှတ်ပေးထားပြီး 4th Floor တွင် Swimming Pool ၊ Gym ၊ Library Room နှင့် Semi Outdoor Space စသည့် Facility များ ပြည့်စုံစွာ ထည့်သွင်းပေးထားသည်။ လုံခြုံမှုရှိစေရေးအတွက် Key Card System ၊ Face Scan စသည့် နည်းပညာမြင့် လုံခြုံရေးစနစ်များ ထည့်သွင်း တပ်ဆင်ပေးထားပြီး 24 Hours CCTV ၊ 24 Hours Security ဝန်ဆောင်မှုများ ထားရှိပေးထားသည်။

 

သီတင်းကျွတ်အထူးပရိုမိုးရှင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ကွန်ဒိုများ အရောင်းပြပွဲ ကျင်းပပြုလုပ်

 

 

(3) Noble Nue Ratchada Latphrao (Central Plaza အနီး)

 


(၀.၇၉၀ ဧက) အကျယ်အဝန်းရှိသော ကိုယ်ပိုင်မြေပေါ်တွင် ဆောက်လုပ်ထားသည့် အဆင့်မြင့်ကွန်ဒိုတစ်လုံးဖြစ်သည်။ Rachadaphisek လမ်းမကြီးပေါ်တွင် တည်ရှိပြီး BiG C, Lotus, Union Mall & Central Plaza အစရှိသော ဈေးဝယ်စင်တာများအလယ်တွင်ရှိသည်။ MRT Chok Chai 4, MRT Pawana Station, MRT Blue Line (Lat Phrao Station), MRT Red Line (Ratchada Station) များနှင့် နီးသောကြောင့် သွားလာရလွယ်ကူစေသည်။ အထပ်အမြင့် (၃၄) ထပ်မြင့်မားပြီး အခန်းစုစုပေါင်း (၅၆၅) ခန်း ပါဝင်သည်။ အခန်းပုံစံများအနေဖြင့် 1 Bedroom ၊1 Bed plus ၊ 2 Bedroom စသဖြင့် ရွေးချယ်နိုင်သည်။ အခန်းတိုင်း လေဝင်လေထွက်ကောင်းမွန်ပြီး သက်သောင့်သက်သာရှိစေရန် စနစ်တကျဖွဲ့စည်းတည်ဆောက်ထားသည်။ (၆) လွှာမှ (၃၄) လွှာအထိ လူနေ Residence ဖြစ်ပြီး Ground Floor တွင် Lobby ၊ Mail Room စသည်တို့ ထည့်သွင်းပေးထားသည်။ လူစီးဓာတ်လှေကား (၃) စင်း ၊ ကုန်တင်ကုန်ချ ဓာတ်လှေကား (၁) စင်း ပါဝင်သည်။ ကားပါကင်အတွက် ကားအစီးရေ (၂၁၀) စီးဆံ့ နေရာအကျယ်အဝန်းကို ထည့်သွင်းပေးထားသည်။ လုံခြုံမှုရှိစေရန် Key System ၊ Finger Print System ထည့်သွင်းပေးထားပြီး 24 Hours Security ၊ CCTV စသည့်လုံခြုံရေးစနစ်တွေကိုလည်း တပ်ဆင်ပေးထားသည်။ Chatuchak Park, SCB Park, Major Cineplex Ratchayothin, Chandrakasem University, Olympia Thai Tower & Plaza, The Bazaar Hotel, Suanium Night Bazaar စသည့် အထင်ကရနေရာများအနီးတွင် ရှိသည့်အတွက် အချက်အချာကျသည်။ Dynamic lobby၊ High energy club(gym) ၊ over floor edge pool (swimming pool)၊ co-kitchen space၊ co-working space၊ Meeting Room၊ BBQ corner၊၊ sunset daybed၊ hangout patio၊ poolside daybed၊ bar & bistro၊ entertainment room၊ co-salon & Beauty room အစရှိသော အဆင့်မြင့် facilities များကို ခံစားရရှိနိုင်သည့် ကွန်ဒိုတစ်လုံးဖြစ်သည်။

 

သီတင်းကျွတ်အထူးပရိုမိုးရှင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ကွန်ဒိုများ အရောင်းပြပွဲ ကျင်းပပြုလုပ်

 

(4) Nue District R9 (RAMA - 9 မိန်းလမ်းမကြီးပေါ်)


(၂.၃၇၂) ဧက အကျယ်အဝန်းရှိသော ကိုယ်ပိုင်မြေပေါ်တွက် ဆောက်လုပ်ထားသည်။ MRT RAMA 9 STATION မှ လမ်းလျှောက်သွားလျင် (၃) မိနစ်အတွင်း ရောက်ရှိနိုင်မှာဖြစ်ပြီး RAMA -9 မိန်းလမ်းမကြီးပေါ်တွင် တည်ရှိသည်။ Tower R (၃၃) ထပ်နှင့် Tower 9 (၄၁) ထပ် စသည့် လူနေအဆောက်အဦး (၂) လုံးပါဝင်ပြီး စုစုပေါင်းလူနေအခန်း (၁၄၄၁) ခန်းနှင့် commercial (၁) ခန်း ပါဝင်သည်။ အခန်းအမျိုးအစားအနေဖြင့် 1 Bedroom ၊ 1 Bed Plus ၊ 2 Bedroom အသီးသီးရှိသည်။ Laundry ၊ Food Delivery Room ၊ Mail Room ၊ Swimming Pool ၊ Sky Fitness &amp ၊ SURF STUDIO ၊ STEAM Room ၊ Sky Bridge အစရှိသည့် Facilities များ ထည့်သွင်းပေးထားသည်။ Ground Floor မှ 6th Floor အထိ ကားပါကင်နေရာအဖြစ် သတ်မှတ်ပေးထားသည်။ 24 Hours Security Service ၊ CCTV အစရှိသည့် လုံခြုံရေးစနစ်များကိုလည်း တပ်ဆင်ပေးထားသည်။

 

သီတင်းကျွတ်အထူးပရိုမိုးရှင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ကွန်ဒိုများ အရောင်းပြပွဲ ကျင်းပပြုလုပ်

 

5. Nue Mega + Bangna (Bangna Trad လမ်းမကြီးအနီး)


(၁.၁၈၆) ဧက အကျယ်အဝန်းရှိသည့် ကိုယ်ပိုင်မြေပေါ်တွင် အကောင်အထည်ဖော် ဆောက်လုပ်မည့် Mega Bangna ကွန်ဒိုကို LRT Kanchanapisek station မှ တစ်မိနစ်လမ်းလျှောက်ရုံဖြင့် ရောက်ရှိနိုင်သည်။ Bangna Trad လမ်းမကြီးနှင့် Kanchanapisek လမ်းမကြီးထောင့်တွင် တည်ရှိပြီး (၃၈) ထပ်အမြင့်ရှိသော လူနေအဆောက်အဦးတစ်လုံးပါဝင်သည်။ အခန်းပေါင်း (၁၀၀၅) ခန်း ပါဝင်ဖွဲ့စည်းထားပြီး အခန်းပုံစံအနေဖြင့် 1 Bedroom ၊ 1 Bed Plus ၊ 2 Bedroom ၊ 2 Bed Plus အသီးသီးရှိသည်။ ကားပါကင်အတွက် Double parking ၊ Bicycle &amp ၊ Motorcycle Parking နေရာများ ပါဝင်ပြီး (၃၅) ရာခိုင်နှုန်းအထိ လုံလုံလောက်လောက် ထားရှိပေးထားသည်။ Garden Pavilion ၊ Greenery ၊ Sensory Park ၊ Laundry station ၊ Breeze Court ၊ Readery Deck ၊ Secret Balcony ၊ Gym ၊ Yoga room ၊ Co-kitchen ၊ bar ၊ Game room ၊ Private dining ၊ Swimming pool ၊ Kids plays cape ၊ Cinema studio ၊ Sunset view deck ၊ Rooftop greenspace စသည့် Facilities များ အပြည့်အစုံ ထည့်သွင်းပေးထားသည်။

 

သီတင်းကျွတ်အထူးပရိုမိုးရှင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ကွန်ဒိုများ အရောင်းပြပွဲ ကျင်းပပြုလုပ်

“ ဒီအရောင်းပြပွဲအတွင်းမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ကွန်ဒိုတွေကို ရောင်းချပေးခဲ့တာပါ။ ကွန်ဒိုတွေက ရာသက်ပန် ဘိုးဘွားပိုင်မြေအမျိုးအစားဖြစ်လို့ ပိုင်ဆိုင်မှုခိုင်မာတယ်။ ဈေးနီး ၊ ကျောင်းနီး ၊ ဆေးရုံအနီးမှာ တည်ရှိနေတဲ့ ကွန်ဒိုတွေ ဖြစ်လို့ ဘဝရဲ့တစ်နေ့တာလိုအပ်ချက်တွေကို အဆင်ပြေချောမွေ့စေမှာပါ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူက ပြောကြားသွားသည်။

 

သီတင်းကျွတ်အထူးပရိုမိုးရှင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ကွန်ဒိုများ အရောင်းပြပွဲ ကျင်းပပြုလုပ်

 

သီတင်းကျွတ်အထူးပရိုမိုးရှင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ကွန်ဒိုများ အရောင်းပြပွဲ ကျင်းပပြုလုပ်


iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်

 

 


[Zawgyi]


 




ပြပွဲရက်အတွင်းတွင်






 








 




 




အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ
95% ပြီးစီးနေပြီဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ Golden Paradise Luxury Villa II မြေကွက်များ ပရိုမိုးရှင်းအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)