[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ရန်ကုန် ၊ မန္တလေး တစ်ပြိုင်တည်းကျင်းပသည့် Diamond Inya Palace ကွန်ဒိုနှင့် မန္တလေးဈေးချိုဆိုင်ခန်းများ အရောင်းပြပွဲကို ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ (၈) ရက်နေ့မှ (၁၁) ရက်နေ့အထိ မနက် (၁၀) နာရီမှ ညနေ(၅) နာရီ ၊ အမှတ် ( ၂ ) ၊ ဦးထွန်းငြိမ်းလမ်း ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့ရှိ Diamond Inya Palace Condo နှင့် ၇၈ လမ်း ၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြား ၊ ချမ်းအေးသာဇံမြို့နယ် ၊ မန္တလေးမြို့ရှိ မန္တလေးဈေးချိုဆိုင်ခန်းများ အရောင်းပြပွဲကို Diamond Plaza Ground Floor တွင် တစ်ပြိုင်တည်း ပြုလုပ်ကျင်းပခဲ့သည်။
ပြပွဲရက် (၄) ရက်အတွင်း ပထမဆုံးဝယ်ယူသူ (၅) ဦးကိုလည်း အသက်သာဆုံး Exchange Rate ၊ 12% Discount အပြင် 100% Bank Transfer နှင့် ငွေပေးချေခွင့်တို့ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
(1) Diamond Inya Palace ကွန်ဒို
အင်းယားကန်ကို ပန်းချီကားတစ်ချပ်ကဲ့သို့ အနီးကပ်မြင်ရမည့် Diamond Inya Palace ကွန်ဒိုသည် အချက်အချာကျပြီး သွားလာရလွယ်ကူသည့် မရမ်းကုန်းမြို့နယ်တွင် တည်ရှိသည်။ အသင့်နေထိုင်နိုင်ပြီး ကွန်ဒိုဥပဒေနှင့်အညီ တည်ဆောက်ထားသည်။ အင်းယားကန်ကို ပန်းချီကားတစ်ချပ်ကဲ့သို့ အနီးကပ်မြင်ရမည်ဖြစ်သည်။ အထပ်ပေါင်း ၃၃ ထပ်မြင့်ပြီး အခန်းပေါင်း ၃၀၀ ကျော်အတွက် ကားပါကင် ၅၀၀ ကျော် ပါသည်။ ၁၀၀% တည်ဆောက်ပြီး BCC ရရှိထား၍ ချက်ချင်းနေနိုင်မည်ဖြစ်သည် ။ 3 Bedroom / 4 Bedroom / Dual Key အခန်းများ ရွေးချယ်နိုင်သည်။
(2) မန္တလေးရဲ့ အသည်းနှလုံး ဈေးချိုရှိဆိုင်ခန်းများ
မန္တလေးမြို့၏ အချက်အချာကျသည့် နေရာတွင်ရှိသည့် အဆင့်မြင့် ဈေးဆိုင်ခန်းများဖြစ်သည်။ စည်ပင် Owner Book ရရှိမည်ဖြစ်၍ ပိုင်ဆိုင်မှုခိုင်မာသည်။ (8 x 8) ပေ ၊ (12 × 4) ပေ ကျယ်ဝန်းသည့်ဆိုင်ခန်းများ ရွေးချယ်ဝယ်ယူနိုင်သည်။ ကျယ်ဝန်းသည့် လျှောက်လမ်းများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသောကြောင့် သက်သောင့်သက်သာ ၊ အေးဆေးလွတ်လပ်စွာ ရောင်းဝယ်နိုင်မည်ဖြစ်သည်။ ဆိုင်ခန်းပေါင်း ၃၂၀၀ ခန့်ရှိပြီး အထည်ဆိုင်ဝန်ထမ်းပေါင်း တစ်သောင်းခန့်နဲ့ လုပ်သားပေါင်း နှစ်ထောင်ခန့်ရှိသည့် အဆင့်မြင့်ဈေးဖြစ်သည်။ နာရီစင် ၊ မန္တလေးကျုံး ၊ မဟာမုနိဘုရားကြီး ၊ သီရိမန္တလာကားကွင်း ၊ တို့အနီးတွင်ရှိသည်။
“ အချက်အချာကျပြီး သွားလာရလွယ်ကူတဲ့ မရမ်းကုန်းမြို့နယ်မှာ ရှိနေတဲ့ Diamond Inya Palace Condo ဟာဆိုရင် Location အနေနဲ့ အားသာချက်ရှိခြင်း ၊ ပိုင်ဆိုင်မှု ခိုင်မာခြင်း ၊ ဂုဏ်တက်စေခြင်း ၊ အခန်းဖွဲ့ကောင်းမွန်ခြင်း ၊ Facilities များပြားပြည့်စုံခြင်းတို့ကြောင့် နေထိုင်သူတွေ ကျေနပ်စေမှာ အသေအချာပါပဲ ။ မန္တလေးမြို့မှာရှိနေတဲ့ ဈေးချိုဆိုင်ခန်းများအရောင်းပြပွဲကိုတော့ Diamond Plaza Ground Floor မှာ တစ်ပြိုင်တည်း ပြုလုပ်ကျင်းပပြီး ရောင်းချပေးခဲ့ပါတယ် ။ ” ဟု iMyanmarHouse.com ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
iMyanmarHouse.com