1313 ကြိမ် ကြည့်ရှု့ ပြီး

10% Discount ဖြင့်ဝယ်ယူနိုင်မည့် (ဂရန်အမည်ပေါက်) ရွှေပေါက်ကံအိမ်ရာ မြေကွက်များ အရောင်းပြပွဲ

[Unicode]


မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ 10% Discount ဖြင့်ဝယ်ယူနိုင်သည့် (ဂရန်အမည်ပေါက်) ရွှေပေါက်ကံအိမ်ရာ မြေကွက်များ အရောင်းပြပွဲကို ၂၀၂၂ ခုနှစ် ဇွန်လ (၂၅) ရက်နှင့် (၂၆) ရက်နေ့ စနေ၊ တနင်္ဂနွေနေ့များတွင် မနက် (၁၀) နာရီမှ ညနေ(၅)နာရီထိ (၁၀+၁၁) ရပ်ကွက် ၊ ပုဂံလမ်းနှင့် မြို့ပတ်လမ်းထောင့် ၊ မြောက်ဥက္ကလာပမြို့နယ်ရှိ စီမံကိန်းတည်ရှိရာ ရွှေပေါက်ကံအိမ်ရာတွင် အောင်မြင်စွာရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

10% Discount ဖြင့်ဝယ်ယူနိုင်မည့် (ဂရန်အမည်ပေါက်) ရွှေပေါက်ကံအိမ်ရာ မြေကွက်များ အရောင်းပြပွဲ

ရွှေပေါက်ကံအိမ်ရာ  သည် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်၊ ပုဂံလမ်းမကြီးပေါ်တွင် တည်ရှိသည်။ ၁၀ ဧက အကျယ်အဝန်းရှိ ဂရန်မြေပေါ်တွင်ဖော်ဆောင်နေသည့် စီမံကိန်းဖြစ်ပြီး ဝယ်သူအမည်ပေါက် ဂရန်လျှောက်နိုင်မည်ဖြစ်သည်။ မြေကွက်အကျယ်အဝန်းများ အနေဖြင့် ပေ (၄၀×၆၀) ၊ ပေ (၄၀×၅၅) ၊ ပေ (၄၅ x ၆၀) အကျယ်အဝန်းရှိ မြေကွက်များရွေးချယ်နိုင်သည်။ ပေ ၂၀ အကျယ်ရှိသော ကိုယ်ပိုင်ကွန်ကရစ်လမ်းများ ခင်းပေးမည်ဖြစ်ပြီး စီမံကိန်းအတွင်း မြေကွက်နေရာများ သတ်မှတ်ပေးခြင်း ၊ လမ်းမီးတိုင်များ ၊ ကိုယ်ပိုင် ထရန်စဖော်မာများ တပ်ဆင်ပေးခြင်းနှင့် လုံခြုံရေးဝန်ထမ်းများပါထားရှိပေးမည်ဖြစ်သည်။ Public Area တွင် ရေကူးကန် နှင့် စားသောက်ဆိုင် အစရှိသည်တို့ကိုလည်း ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်သည်။

10% Discount ဖြင့်ဝယ်ယူနိုင်မည့် (ဂရန်အမည်ပေါက်) ရွှေပေါက်ကံအိမ်ရာ မြေကွက်များ အရောင်းပြပွဲ

ပြပွဲ (၂) ရက်အတွင်း ဝယ်ယူခဲ့ကြသူများကို 10% Discount ၊ အရစ်ကျ ငွေပေးချေမှုစနစ် ၊ Bank Transfer ဖြင့် ပေးချေနိုင်သည့် စနစ်တို့ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

10% Discount ဖြင့်ဝယ်ယူနိုင်မည့် (ဂရန်အမည်ပေါက်) ရွှေပေါက်ကံအိမ်ရာ မြေကွက်များ အရောင်းပြပွဲ

ရွှေပေါက်ကံအိမ်ရာစီမံကိန်း ကို Phyu Zin Group ကုမ္ပဏီမှ ဖော်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ Phyu Zin Group သည် တောင်ကြီးမြို့မှာရှိတဲ့ Taung Gyi Business Center (TBC) စီမံကိန်းကြီးနှင့် အခြား လမ်း ၊ တံတား စီမံကိန်းပေါင်းများစွာကို တာဝန်ယူတည်ဆောက်ထားသည့် ယုံကြည်စိတ်ချရတဲ့ ကုမ္ပဏီပဲ ဖြစ်ပါတယ်။ စီမံကိန်းရဲ့ အနီးအနားမှာဆိုရင်လည်း ဇေကမ္ဘာ စက်မှုဇုန် ၊ မြောက်ဒဂုံ ၊ တောင်ဒဂုံ ၊ သီလဝါ တို့ကို အလွယ်တကူ သွားရောက်နိုင်မှာဖြစ်ပြီး အောင်မင်္ဂလာ အဝေးပြေး ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တို့ကိုလည်း အချိန်အနည်းငယ်ကားမောင်းရုံနဲ့ ရောက်ရှိနိုင်မှာပါ။ ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ ရင်းနှီးမြုပ်နှံဖို့အတွက်ပဲဖြစ်ဖြစ် ၊ ကိုယ်တိုင်နေထိုင်ဖို့အတွက်ပဲဖြစ်ဖြစ် မြေကွက်ဝယ်ဖို့ရှာနေတဲ့ သူတွေအတွက် သင့်တော်တဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ် ။ ” ဟု ပြပွဲ စီစဉ် ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူက ပြောကြားသွားသည်။

10% Discount ဖြင့်ဝယ်ယူနိုင်မည့် (ဂရန်အမည်ပေါက်) ရွှေပေါက်ကံအိမ်ရာ မြေကွက်များ အရောင်းပြပွဲ

10% Discount ဖြင့်ဝယ်ယူနိုင်မည့် (ဂရန်အမည်ပေါက်) ရွှေပေါက်ကံအိမ်ရာ မြေကွက်များ အရောင်းပြပွဲ


iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

 

 

[Zawgyi]


 






iMyanmarHouse.com




အခြား အိမ်ခြံမြေ ပွဲစဉ်များ

Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)