23205 ကြိမ် ကြည့်ရှု့ ပြီး

ရောင်းအားမြင့် အောင်မြင်မှုရရှိခဲ့သည့် Snow Garden အိမ်ရာအရောင်းပြပွဲ

[Unicode]

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com မှ ကြီးမှူး၍ Shwe Taung Real Estate ၏ ဂျန်းရှင်းဇဝနအနီးရှိ Snow Garden အိမ်ရာအရောင်းပြပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၆ နှင့် ၁၇)ရက် စနေ ၊ တနင်္ဂနွေနေ့များတွင် မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MOHS) ၏ညွှန်ကြားချက်များနှင့်အညီ စီမံကိန်းတည်ရှိရာ Snow Garden Housing အရောင်းပြခန်း၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရောင်းအားမြင့် အောင်မြင်မှုရရှိခဲ့သည့် Snow Garden အိမ်ရာအရောင်းပြပွဲ

ပြပွဲရက် (၂)ရက်အတွင်းတွင် အထူး Discount များ ၊ Promotion Package များ ၊ အရစ်ကျပေးချေစနစ်များ ၊ Luckydraw များဖြင့် အိမ်ခြံြမေဝယ်ယူသူများကို စိတ်ကျေနပ်မှုပေးနိုင်ကာ ရောင်းအားကောင်းခဲ့ကြောင်းသိရသည်။

ရောင်းအားမြင့် အောင်မြင်မှုရရှိခဲ့သည့် Snow Garden အိမ်ရာအရောင်းပြပွဲ

Snow Garden အိမ်ရာသည် သွားလာရလွယ်ကူသည့် သုမင်္ဂလာလမ်းမကြီးနှင့် လေးထောင့်ကန်လမ်းမကြီးတို့၏ ထောင့်တွင်တည်ရှိသည်။ အနီးတွင် Brainworks Total ၊ ILBC စသည့် International School များ ၊ Junction Zawana ၊ AKK Shopping Centre စသည့် ဈေးဝယ်စင်တာများ တည်ရှိသဖြင့် မိမိ ကလေးပညာရေးအတွက်ရော ၊ နေ့စဉ်လိုအပ်ချက်များအတွက်ပါ အဆင်ပြေသည်။

ရောင်းအားမြင့် အောင်မြင်မှုရရှိခဲ့သည့် Snow Garden အိမ်ရာအရောင်းပြပွဲ

Snow Garden အိမ်ရာတွင် နေထိုင်သူများ လုံခြုံစိတ်ချမှုအပြည့်ရှိရန် စီမံကိန်းကြီးကို Gated ခြံဝန်းခတ်ပေးထားပြီး 24 နာရီ လုံခြုံရေးထားရှိပေးထားသည်။ စီမံကိန်းအတွင်း Common Area များ သန့်ရှင်းရေးလုပ်ပေးခြင်း ၊ အမှိုက်ပစ်စနစ်များ ထားရှိပေးခြင်းများလည်း ဆောင်ရွက်ပေးသည်။

ရောင်းအားမြင့် အောင်မြင်မှုရရှိခဲ့သည့် Snow Garden အိမ်ရာအရောင်းပြပွဲ

"အခုကျင်းပခဲ့တဲ့ အရောင်းပြပွဲဟာဆိုရင် မြန်မာနိုင်ငံဆောက်လုပ်ရေးလောကမှာ အရည်အသွေးကောင်းမွန်မှုတွေနဲ့ နာမည်ကျော်ကြားပြီး Junction Shopping Center များကို မြန်မာနိုင်ငံအနှံ့မှာ ဖွင့်လှစ်ထားတဲ့ Shwe Taung Real Estate ရဲ့ Snow Garden အိမ်ရာစီမံကိန်းပဲဖြစ်ပါတယ်။ မိသားစုများသူများအတွက် ၃ ထပ် Town House တွေ ၊ စီးပွားရေးပါတွဲပြီး လုပ်ကိုင်ချင်သူများအတွက် Shop House တွေ နဲ့ မိမိစိတ်ကြိုက်ဖော်ဆောင်လိုသူများအတွက် မြေကွက်တွေကို အထူးပရိုမိုးရှင်းနဲ့ ရောင်းချပေးခဲ့တာပါ။ ဝယ်ယူသူများအနေဖြင့် မိမိအမည်ပေါက် ဂရန်လည်း လျှောက်ထားနိုင်ပါမယ်" ဟု iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားခဲ့သည်။

ရောင်းအားမြင့် အောင်မြင်မှုရရှိခဲ့သည့် Snow Garden အိမ်ရာအရောင်းပြပွဲ

" Shwe Taung Real Estate အနေနဲ့ အခုကျင်းပခဲ့တဲ့အရောင်းပွဲရလာဒ်ကို အထူးကျေနပ်အားရမိပါတယ်။ နှစ်သစ်မှာ အားသွန်ခွန်စိုက်ကြိုးစားပေးတဲ့ iMyanmarHouse.com ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဒီနှစ်အတွင်း အိမ်ခြံမြေကိုစိတ်ဝင်စား ဝယ်ယူလိုသူများအတွက်အရမ်းကောင်းတဲ့ အစီအစဉ်လေးတွေကို iMyanmarHouse.com နဲ့ ပူးပေါင်းလုပ်သွားဖို့ရှိပါတယ် ဆိုတဲ့အကြောင်း တခါတည်း သတင်းကောင်းပါးချင်ပါတယ် " ဟု Shwe Taung Real Estate ၏ Head of Sales ဖြစ်သူ ဒေါ်ခင်သီထွန်းမှ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

ရောင်းအားမြင့် အောင်မြင်မှုရရှိခဲ့သည့် Snow Garden အိမ်ရာအရောင်းပြပွဲ

“ ကိုဗစ်အလွန် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာတင် အခုလို ရောင်းအားကောင်းကောင်းနဲ့ ရောင်းချနိုင်ခဲ့တဲ့အတွက် Shwe Taung Real Estate တင်မက မြန်မာနိုင်ငံ အိမ်ခြံမြေလောကတစ်ခုလုံးအတွက်ပါ ဝမ်းသာဂုဏ်ယူစရာဖြစ်ပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com က ရောင်းချပေးနေတဲ့ စီမံကိန်းတိုင်း ဇန်နဝါရီလထဲမှာ ရောင်းအားတွေ သိသိသာသာ တက်လာတာကို တွေ့ရပါတယ်။ ၂၀၂၀ ခုနှစ်မှာ ကိုဗစ်ကြောင့် အိမ်ခြံမြေလောက နှေးကွေးသွားရာကနေ အခုအချိန်မှာ ရောင်းအားကောင်းကောင်းနဲ့ ပြန်လည်ဦးမော့လာတော့မယ့်အခြေအနေဖြစ်တယ်လို့ ယုံကြည်ပါတယ်။ Snow Garden အိမ်ရာစီမံကိန်းမှာ တခဲနက် ဝယ်ယူအားပေးကြတဲ့ Customer တစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။ အိမ်ခြံမြေနဲ့ ပတ်သက်လာရင် iMyanmarHouse.com ကို ယုံကြည်စိတ်ချစွာနဲ့ အားကိုးကြတဲ့ မိဘပြည်သူအပေါင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့သည်။

ရောင်းအားမြင့် အောင်မြင်မှုရရှိခဲ့သည့် Snow Garden အိမ်ရာအရောင်းပြပွဲ

ရောင်းအားမြင့် အောင်မြင်မှုရရှိခဲ့သည့် Snow Garden အိမ်ရာအရောင်းပြပွဲ

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

 

[Zawgyi]



ပြပွဲရက် (၂)ရက်အတွင်းတွင် အထူး Discount များ ၊ Promotion Package များ ၊ အရစ်ကျပေးချေစနစ်များ ၊ Luckydraw များဖြင့် အိမ်ခြံမြေဝယ်ယူသူများကို စိတ်ကျေနပ်မှုပေးနိုင်ကာ ရောင်းအားကောင်းခဲ့ကြောင်းသိရသည်။






iMyanmarHouse.com




အခြား အိမ်ခြံမြေ ပွဲစဉ်များ

Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)