1678 ကြိမ် ကြည့်ရှု့ ပြီး

Emerald Bay အဆင့်မြင့်အိမ်ရာရှိ ဆိုင်ခန်းများအရောင်းပြပွဲကို iMyanmarHouse.com မှကြီးမှူးကျင်းပ

### Unicode Version ###

၂၀၂၀ ပြည့်နှစ် ၊ မတ်လ ( ၁၄ ၊ ၁၅ ) စနေ ၊ တနင်္ဂနွေ နေ့များတွင် မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ Emerald Bay ရှိဆိုင်ခန်းများအရောင်းပြပွဲကို နံနက် (၉) နာရီ မှ ညနေ (၅) နာရီအထိ စီမံကိန်းတည်ရှိရာ Emerald Bay Sales Gallery ရှုခင်းသာမြို့ပတ်လမ်း ၊ သာကေတမြို့နယ်တွင် အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရှိရသည်။

Emerald Bay အဆင့်မြင့်အိမ်ရာရှိ ဆိုင်ခန်းများအရောင်းပြပွဲကို iMyanmarHouse.com မှကြီးမှူးကျင်းပ

အရောင်းပြပွဲအတွင်းတွင် ဝယ်ယူသူများကို အထူးသက်သာခွင့်များနှင့်အတူအရစ်ကျစနစ်များ ၊ ဗလာမပါ ကံစမ်းမဲ အစီအစဉ်များဖြင့် ရောင်းချခဲ့ကြောင်းသိရသည်။

Emerald Bay အဆင့်မြင့်အိမ်ရာရှိ ဆိုင်ခန်းများအရောင်းပြပွဲကို iMyanmarHouse.com မှကြီးမှူးကျင်းပ

Emerald Bay စီမံကိန်းသည် ရှုခင်းသာမြို့ပတ်လမ်းမပေါ် Yangon Water Boom အနီးတွင်တည်ရှိသည်။ Tower 1 နှင့် Tower 2 တွင် လူနေအခန်းပေါင်း ၆၀၀ ကျော်ပါရှိမှာဖြစ်သော်လည်း ဆိုင်ခန်းအနေနှင့် စုစုပေါင်း အခန်း(၂၀) သာပါရှိတာကြောင့် ဦးရာလူစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။19.6 ft မြင့်သည့် Duplex ပုံစံ ဆိုင်ခန်းများကို အကျယ်အဝန်း 559 sqft မှ 1969 sqft အထိရွေးချယ်နိုင်ပြီး Fashion ဆိုင် ၊ စိန်ရွှေရတနာဆိုင် ၊ ကိတ်မုန့်ဆိုင် ၊ ကော်ဖီဆိုင်များ ၊ စားသောက်ဆိုင်များ ၊ Bar များ ၊ စာအုပ်ဆိုင်များ နှင့် အနုပညာခန်းမများလည်းဖွင့်လှစ်နိုင်ကြောင်း သိရသည်။ CHID Bank ၊ JCGV ၊ Market Place ၊ MoMo Play တို့နှင့် MOU ထိုးပြီးဖြစ်ကြောင်း သိရသည်။ ဆိုင်ခန်းများမှနေ၍ မြစ်ပြင်ရှုခင်း (River View) ကို မြင်တွေ့ရ မည်ဖြစ်ကြောင်းသိရသည်။

Emerald Bay အဆင့်မြင့်အိမ်ရာရှိ ဆိုင်ခန်းများအရောင်းပြပွဲကို iMyanmarHouse.com မှကြီးမှူးကျင်းပ

ရေကူးကန် ၊ လျှောက်လမ်း ၊ အပန်းဖြေအနားယူရန်နေရာ ၊ တန်းနစ်ကွင်း ၊ ဘတ်စကတ်ဘောကစားကွင်း ၊ ကလေးကစားကွင်း ၊ ပန်းခြံ ၊ အားကစားပြုလုပ်နိုင်သောခန်းမ ၊ ဈေးဝယ်စင်တာ ၊ မူကြိုကျောင်း ၊ ၂၄ နာရီလုံခြုံရေး ၊ အလိုအလျောက် ကားပါကင်စနစ် ၊ 5 Star အဆင့် အိမ်ရာထိန်းသိမ်းဝန်ဆောင်မှုစသည့် Facilities အပြည့်အစုံပါဝင်သည်။

Emerald Bay အဆင့်မြင့်အိမ်ရာရှိ ဆိုင်ခန်းများအရောင်းပြပွဲကို iMyanmarHouse.com မှကြီးမှူးကျင်းပ

“ ယခုကျင်းပတဲ့ အရောင်းပြပွဲဟာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး  Emerlad Bay အဆင့်မြင့်အိမ်ရာစီမံကိန်းက ဆိုင်ခန်းများ အရောင်းပြပွဲပါ။ ဆိုင်ခန်းအကျယ်အဝန်း 559 sqft မှ 1969 sqft အထိ ရွေးချယ်နိုင်ပြီးစုစုပေါင်းအခန်း (၂၀) သာပါဝင်လို့ အမြန်ဆုံး လာရောက်ဝယ်ယူမှ စိတ်ချရပါမယ်” ဟုပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။

Emerald Bay အဆင့်မြင့်အိမ်ရာရှိ ဆိုင်ခန်းများအရောင်းပြပွဲကို iMyanmarHouse.com မှကြီးမှူးကျင်းပ

Emerald Bay အဆင့်မြင့်အိမ်ရာရှိ ဆိုင်ခန်းများအရောင်းပြပွဲကို iMyanmarHouse.com မှကြီးမှူးကျင်းပ

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်

 

 

### Zawgyi Version ###








iMyanmarHouse.com

 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီးမှပုံရိပ်များ
YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့
Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)