### Unicode Version ###
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ ၂၀၂၀ ပြည့်နှစ် ၊ မတ်လ (၇) ရက် နှင့် (၈) ရက်နေ့များတွင် City Loft အဆင့် မြင့်တိုက်ခန်းရှိ A2 Tower အသစ် အရောင်းဖွင့်ပွဲကိုမနက် (၉) နာရီ မှ ညနေ (၅) နာရီအထိအဆိုပါ စီမံကိန်းတည်ရှိရာ ၊ သန်လျင်အမှတ် (၁) တံတားအဆင်း Star City အိမ်ရာဝန်းအတွင်းရှိ Sales Gallery တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အရောင်းပြပွဲအတွင်းတွင် ဝယ်ယူသူများအတွက် အထူးပရိုမိုးရှင်းအစီအစဉ်များ ၊ အထူးငွေချေစနစ်များဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
City Loft အိမ်ရာစီမံကိန်းကို နာမည်ကြီးအိမ်ရာများဖြစ်သည့် FMI City အိမ်ရာ ၊ Pun Hlaing အိမ်ရာတို့ကိုတည်ဆောက် ထားသည့် Yoma Land မှ ကမ္ဘာ့အဆင့်မီတည်ဆောက်လျှက်ရှိကြောင်းသိရသည်။Studio ၊ 1 Bedroom ၊ 2 Bedroom ၊ 3 Bedroom စသဖြင့် အမျိုးအစားစုံလင်စွာ ပါဝင်ပြီး ၊ အခန်းအကျယ်အဝန်း 312 Sqft မှ 958 Sqft အထိရွေးချယ်နိုင်မည် ဖြစ်သည်။
အိမ်ရာဝန်းအတွင်း Facilities များအနေဖြင့် ဂေါက်ကွင်း ၊ ရေကူးကန်များ ၊ ကလေးကစားကွင်းများ ၊ အားကစားခန်းမ ၊ ပန်းခြံများပါဝင်သည့်အပြင် နေထိုင်သူများ သာယာအဆင်ပြေစေရန်အတွက် ပန်းလှိုင်ဆေးခန်း ၊ သွားဘက်ဆိုင်ရာဆေး ခန်း ၊ Spa and Body Massage ၊ အလှပြင်ဆိုင် ၊ ကော်ဖီဆိုင် နှင့် အခြားစားသောက်ဆိုင်များ ၊ Wet Market ၊ စူပါမား ကတ် ၊ ၂၄ နာရီစတိုးဆိုင် ၊ ဘဏ် နှင့် ATM များ ၊ Dulwich International School နှင့် ဘတ်(စ်)ကားဂိတ်တို့ပါရှိသည်။
“ကျွန်တော်တို့ iMyanmarHouse.com နဲ့ Yoma Land တို့ ပူးပေါင်းပြီးတော့ သန်လျင်တံတားဆင်းဆင်းချင်းမှာ ဖော် ဆောင်နေတဲ့ City Loft က Tower အသစ် A2 မှာရှိတဲ့ အခန်းကောင်းတွေကို ဦးဦးဖျားဖျား ရောင်းချပေးနေပါတယ်။ Tower A2 ကနေ ပဲခူးမြစ်ကို မြင်ရပြီး View ကာင်းတဲ့ အခန်းတွေကိုရွေးချယ်နိုင်မှာပါ။ Background ကောင်းတဲ့ Developer မှတည်ဆောက်ထားသည့်အတွက် ယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါတယ်” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
### Zawgyi Version ###
Yoma Land မှ တည်ဆောက်သည့် City Loft အဆင့်မြင့်တိုက်ခန်းရှိ A2 Tower အသစ် အခန်းများ အရောင်းဖွင့်ပွဲ
iMyanmarHouse.com