1979 ကြိမ် ကြည့်ရှု့ ပြီး

AGD Bank Home Loan Expo အရောင်းပြပွဲကို iMyanmarHouse.com မှအောင်မြင်စွာကြီးမှူး ကျင်းပ

### Unicode Version ###

မြန်မာနိုင်ငံ၏နံပါတ်တစ်အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ ၂၀၂၀ ပြည့်နှစ် ၊ မတ်လ (၇) ရက် နှင့် (၈) ရက်နေ့များတွင် Pullman Hotel ၊ Grand Ballroom ၌ AGD Bank Home Loan Expo အိမ်ရာအရောင်းပြပွဲကြီးကိုအောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။

AGD Bank Home Loan Expo အရောင်းပြပွဲကို iMyanmarHouse.com မှအောင်မြင်စွာကြီးမှူး ကျင်းပ

အဆိုပါအိမ်ရာအရောင်းပြပွဲကြီး၏ ဖွင့်ပွဲအခမ်းအနားကို ပြပွဲပထမရက်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ၊ မတ်လ (၇) ရက် နံနက် (၉) နာရီအချိန်တွင် ကျင်းပပြီး AGD Bank ၏ Chairman ဦးသန်းရီ ၊ AGD Bank ၏ Deputy Managing Director ဦးဝေလင်းဦး ၊ AGD Bank ၏ Chief Business Officer ဦးပြည်စိုးထင် နှင့် iMyanmarHouse.com ၏ Managing Director ဦးနေမင်းသူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

AGD Bank Home Loan Expo အရောင်းပြပွဲကို iMyanmarHouse.com မှအောင်မြင်စွာကြီးမှူး ကျင်းပ

AGD Bank Home Loan Expo အရောင်းပြပွဲအတွင်းရှေ့နေခ ၊ ရာဖြတ်ခကင်းလွတ်ခွင့် ၊ ဝန်ဆောင်ခသက်သာခွင့်များ အပြင် အတိုးနှုန်းကိုလည်း (၁၁ ရာခိုင်နှုန်း) အထိသက်သာစွာစီစဉ်ပေးခဲ့သည်။ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း(၃၀) ကျော်မှ ကျပ်ငွေသိန်း (၂၀၀) ကျော်မှ သိန်း (၅၀၀၀) ကျော်တန်ဖိုးရှိအိမ်ခြံမြေများကိုအထူးလျှော့ဈေးများ ၊ AGD Bank ဖြင့် ချိတ်ဆက်၍ နှစ်ရှည်ပေးချေစနစ်များဖြင့် ပါဝင်ပြသရောင်းချပေးခဲ့သည်။ ဝင်ငွေ အထောက်အထား ၊ သန်းခေါင်စာရင်း ၊ မှတ်ပုံတင် ၊ ရဲစခန်းထောက်ခံစာ ၊ ရပ်ကွက်ထောက်ခံစာတို့ကို ပြင်ဆင်ယူဆောင်လာသည့် ပြပွဲတက်ရောက်သူများသည် AGD Bank Home Loan ကို ပြပွဲအတွင်းတစ်ထိုင်တည်းလျှောက်ထားနိုင်ခွင့် ရခဲ့ကြသည်။

AGD Bank Home Loan Expo အရောင်းပြပွဲကို iMyanmarHouse.com မှအောင်မြင်စွာကြီးမှူး ကျင်းပ

“ Home Loan ရဲ့ အဓိကအားသာချက်ကတော့ အိမ်ဝယ်ဖို့ ငွေအလုံးအရင်းမလိုအပ်ဘဲ အိမ်တန်ဖိုးရဲ့ ၃၀ ရာခိုင်ကို စုဆောင်းမိရုံနဲ့ အိမ်ပိုင်နိုင်မှာဖြစ်ပါတယ်။ အရင် Home Loan မရှိခင်ကာလတွေမှာ သိန်း ၂၀၀ တန်အိမ်ကို သိန်း ၂၀၀ ပြည့်မှ ဝယ်လို့ရပြီးအခု Home Loan နဲ့ဆိုရင် သိန်း ၂၀၀ တန်အိမ်ကိုသိန်း ၆၀ ခန့် စုပြီးတာနဲ့ အိမ်ပိုင်ဘဝကိုရောက်မှာ ဖြစ်တယ်။ လစဉ်ပြန်သွင်းရတဲ့ ပမာဏကလည်းအိမ်ငှားခလောက်ပဲပေးရတာမို့ ဒီ Home Loan ရှိလာခြင်းကြောင့် မြန်မာနိုင်ငံမှာအိမ်ပိုင်ဆိုင်တဲ့လူဦးရေပိုများလာမှာဖြစ်ပါတယ်။ အိမ်ခြံမြေမှာရင်းနှီးမြှုပ်နှံချင်တဲ့သူတွေ အတွက်ဆိုရင်လည်း အရင်လိုငွေအရင်းအနှီးများစွာမလိုတော့ပဲ ၃၀ ရာခိုင်နှုန်းသာ ပေးသွင်းပြီး Home Loan နဲ့ ဝယ်ယူနိုင်မယ်။ လစဉ်ပြန်ဆပ်ရတဲ့ ပမာဏကို အိမ်ငှားခမှရတဲ့ငွေနဲ့ ပြန်ဆပ်နိုင်မှာဆိုတော့ ပိုင်ဆိုင်ခြင်းတွေ တိုးပွားနိုင်ပါတယ်။ ” ဟု AGD Bank ၏ Deputy Head of Retail Business ဖြစ်သူဒေါ်ထက်အိဖြူမှ Home Loan ၏ အားသာချက်များအကြောင်း ပြောကြားသွားခဲ့သည်။

AGD Bank Home Loan Expo အရောင်းပြပွဲကို iMyanmarHouse.com မှအောင်မြင်စွာကြီးမှူး ကျင်းပ

AGD Bank Home Loan Expo အရောင်းပြပွဲကို iMyanmarHouse.com မှအောင်မြင်စွာကြီးမှူး ကျင်းပ

“ ဒီအရောင်းပြပွဲကိုကျင်းပခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဝန်ထမ်းမိသားစုတွေ ၊ အိမ်ငှားဘဝကနေ အိမ်ပိုင်နဲ့ နေထိုင်လိုသူ တွေအတွက် ရည်ရွယ်ပြီးတော့ ကျွန်တော်တို့ iMyanmarHouse.com ကနေစီစဉ်ကျင်းပပေးတာ ဖြစ်ပါတယ်။ ဝယ်ယူချင် တယ်ဆိုရင်တော့ မိမိမှာသိန်း ၆၀ နဲ့ အထက် စုဆောင်းငွေ လက်ဝယ်ရှိရပါမယ်။ ပြီးတော့ လစဉ် အနည်းဆုံး ၃ သိန်းနဲ့ အထက် ပေးသွင်းနိုင်ရမယ်။ လစဉ်ပေးသွင်းငွေဟာ ကိုယ်တစ်ဦးတည်းလစာနဲ့ မလုံလောက်ရင်လည်းမိသားစုဝင်ငွေတွေနဲ့ စုပေါင်းပြီးတော့ ဝယ်ယူနိုင်ပါတယ်။ ” ဟုအရောင်းပြပွဲကိုစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက် တာဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့သည်။

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်

### Zawgyi Version ###







iMyanmarHouse.com

အခြား အိမ်ခြံမြေ ပွဲစဉ်များ

Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)