## Unicode Version ###
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ GaMonePwint Wholesale Mall ဆိုင်ခန်းများအရောင်းပြပွဲကို ၂၀၂၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီလ (၂၉) ရက်နှင့် မတ်လ (၁) ရက်နေ့ စနေ ၊ တနင်္ဂနွေ ရက်များတွင် နံနက် ( ၉ ) နာရီ မှ ညနေ ( ၅ ) နာရီ အထိ စီမံကိန်းတည်ရှိရာ မြန်မာ့ဂုဏ်ရည်လမ်း ၊ ၁၀၁ လမ်း နှင့် ၁၀၄ လမ်းကြား ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါအရောင်းပြပွဲအတွင်း ဝယ်ယူသူများသည် အထူးသက်သာခွင့်များအပြင် အတိုးမဲ့အရစ်ကျစနစ် ၊ ဘဏ်များဖြင့် နှစ်ရှည်ပေးချေစနစ်များဖြင့် ဝယ်ယူနိုင်ခဲ့ကြောင်းသိရသည်။
GaMonePwint Wholesale Mall သည် ရန်ကုန်မြို့လယ်တွင် မကြာမီဖွင့်လှစ်တော့မည့် အဆင့်မြင့်လက္ကားဈေးဖြစ်သည်။ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ မြန်မာ့ဂုဏ်ရည်လမ်းနှင့် ဗိုလ်မင်းရောင်လမ်းကြားတွင် တည်ရှိသည့် အဆိုပါ GaMonePwint Wholesale Mall တွင် စားသောက်ဆိုင်များ ၊ ဈေးဆိုင်ခန်းများ ၊ ရုံးခန်းများ ၊ အဝတ်အထည် နှင့် အလှကုန်ဆိုင်ခန်း ၊ ဖိနပ်နှင့်အိတ်ဆိုင်များ ၊ နာရီဆိုင်များ ၊ လျှပ်စစ်နှင့်ဖုန်းဆက်စပ်ပစ္စည်းဆိုင်ခန်းများ ၊ ပရိဘောဂဆိုင်ခန်းများ ၊ အိမ်သုံး မီးဖိုချောင်သုံးပစ္စည်းဆိုင်ခန်းများ ၊ အခြားအသုံးအဆောင်ပစ္စည်းဆိုင်ခန်းများ ဖွင့်လှစ်နိုင်မည်ဖြစ်သည်။ ဆိုင်ခန်းများကို 200 sqft မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး ငွေရေးကြေးရေး ကြန့်ကြာမှုမရှိစေရန် မြန်မာပြည်၏ ထိပ်တန်းဘဏ်များလည်း ဖွင့်လှစ်သွားမည်ဖြစ်သည်။
GaMonePwint Wholesale Mall တစ်ခုလုံးကို နောက်ဆုံးပေါ် ခေတ်မီနည်းပညာများသုံး၍ မီးဘေးကာကွယ်ရေးစနစ် များ၊ မီးငြိမ်းသတ်ရေးုစနစ် ၊ အရေးပေါ်ထွက်ပေါက်နှင့်လှေခါးများ ၊ ၂၄ နာရီ CCTV နှင့် လုံခြုံရေးစနစ်များထည့်သွင်းကာ ဆောက်လုပ်ထားကြောင်းသိရသည်။ ဈေးဝယ်သူနှင့်ဆိုင်ရှင်များ အဆင်ပြေစေရန် ကားအစီးရေ (၆၀၀) ကျော်ရပ်နိုင်မည့် ကားပါကင်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
“ ယခုကျင်းပပြုလုပ်တဲ့ အရောင်းပြပွဲဟာ မြန်မာပြည်ရဲ့ အကြီးဆုံးနဲ့ အဆင့်မြင့်ဆုံးလက္ကားဈေးဖြစ်လာမယ့် GaMonePwint Wholesale Mall ဆိုင်ခန်းများအရောင်းပြပွဲပါ။ မကြာမီဆောက်လုပ်ပြီးစီးတော့မှာဖြစ်တဲ့အတွက်ကြောင့် အချိန်တိုအတွင်း ဖွင့်လှစ်တော့မှာပဲ ဖြစ်ပါတယ်။ ဆိုင်ခန်းများ ၊ Restaurant များ ၊ Warehouse များအပြင် Hotel ၊ Office Tower များလည်း ပါဝင်တာကြောင့် တစ်နေရာတည်းမှာone-stop service ကိုရရှိခံစားနိုင်မှာပါ ” ဟု ပြပွဲစီစဉ် ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
### Zawgyi Version ###
မြန်မာပြည်၏ အကြီးဆုံးနှင့် အဆင့်မြင့်ဆုံး လက္ကားဈေး ဖြစ်လာမည့် GaMonePwint Wholesale Mall ဆိုင်ခန်းများအရောင်းပြပွဲ
iMyanmarHouse.com