### Zawgyi Version ###
iMyanmarHouse.com
### Unicode Version ###
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ ကလောမြို့ရှိ ဂရန်အမည်ပေါက်ရမည့် Kalaw Haven လုံးချင်းအိမ်ရာအရောင်းပြပွဲကို ၂၀၂၀ ခုနှစ် ၊ ဇန်နဝါရီလ ( ၁၈ ၊ ၁၉ ) ရက်များတွင် မနက် (၉) နာရီ မှ ညနေ (၅) နာရီ အထိ ရန်ကုန်မြို့ ၊ Sedona Hotel တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
စတင်ဖွင့်လှစ်သည့် အဆိုပါအရောင်းပြပွဲ (၂) ရက် အတွင်း အထူးသက်သာခွင့်များအပြင် ၊ အတိုးမဲ့ အရစ်ကျစနစ်များဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
Kalaw Haven လုံးချင်းအိမ်ရာစီမံကိန်းသည် ကလောမြို့ ပင်မကုန်း ၊ နှီးဘုရားတောင်အောက်တွင် တည်ရှိသည်။ အဆိုပါ လုံးချင်းအိမ်ရာစီမံကိန်းကို Northern Tiger Trading ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောက်လုပ်မည်ဖြစ်ပြီး Developer နှင့် Designer တို့မှ (၂) နှစ်ခန့် အချိန်ယူရေးဆွဲထားသည့် Tudor (တူဒို) စတိုင် အိမ်ဒီဇိုင်းများကို ဆောက်လုပ်သွားမည်ဖြစ်သည်။ 1355 sqft မှ 1450 sqft ကျော်အထိ ကျယ်ဝန်းသည့် နှစ်ထပ်အိမ်အမျိူးအစားများကို ရွေးချယ်ဝယ်ယူနိုင်သည်။
Kalaw Haven အိမ်ရာစီမံကိန်းတွင် Club House ပါဝင်မည်ဖြစ်သည့်အပြင် Facilities များအနေဖြင့် Convenience Store ၊ Coffee Shop ၊ 24 Hours Security ၊ CCTV system ၊ Transformer ၊ Generator ၊ Centralized Water System ဖြင့် ရေပေးဝေစနစ်များ ပါဝင်နေမည်ဖြစ်သည်။ စီမံကိန်းအနီးနားတွင် နှီးဘုရား ၊ ရွှေဥမင်ဘုရား ၊ Snow white hotel ၊ Ming Kham Shan Restaurant ၊ Cafe Kalaw ၊ Adora Kalaw Hotel ၊ View Point Golf Club တို့ တည်ရှိပြီး မိနစ်အနည်းငယ်အတွင်း ရောက်ရှိနိုင်သည်။
“Kalaw Haven စီမံကိန်းဟာဆိုရင် အေးချမ်းတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာ အနားယူအပန်းဖြေ နေထိုင်ချင်သူများအတွက် အထူးသင့်လျော်တဲ့နေရာဖြစ်ပါတယ်။ ခြံစည်းရိုးခတ်ပေးခြင်း ၊ အခန်းတွင်း Decoration အပြည့်အစုံ ပြင်ဆင်ပေးခြင်းများလည်း ပြုလုပ်ပေးမှာ ဖြစ်တဲ့အတွက်ကြောင့် စိတ်ဝင်စားနေထိုင်ချင်တယ်ဆိုလျှင် ကျွန်တော်တို့ iMyanmarHouse.com ကိုဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်