### Zawgyi Version ###
iMyanmarHouse.com
### Unicode Version ###
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ မန္တလေးရေစစ်ကန်အနီးရှိ Sky Villa ကွန်ဒို အရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ ( ၂၆ ၊ ၂၇ ၊ ၂၈ ) စနေ ၊ တနင်္ဂနွေ ၊ တနင်္လာ နေ့များတွင် မနက် ( ၉ ) နာရီ မှ ညနေ ( ၅) နာရီ အထိ စီမံကိန်းတည်ရှိရာ မန္တလေးမြို့ ၊ လမ်း ၆၀ ၊ ၂၃ × ၂၄ လမ်းကြား ၊ အောင်မြေသာဇံမြို့နယ်တွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ပြပွဲ (၃) ရက်အတွင်းတွင် အထူးသက်သာခွင့်များ ၊ (၃၆) လ အတိုးမဲ့အရစ်ကျစနစ်များ ၊ AYA Home Loan ဖြင့် ပေးချေခွင့်များဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
Sky Villa ကွန်ဒိုသည် ဂရန်မြေ တစ်ဧကခန့်ပေါ်တွင် ၁၁ ထပ်အမြင့် တည်ဆောက်ထားသည့် အဆောက်အဦးတစ်ခု ဖြစ်သည်။ Swimming Pool ၊ Function Room ၊ Car Parking ၊ Lift ၊ Restaurant ၊ Mini Mart စသည့် Facilities အပြည့်အစုံ အပြင် မန္တလေးမြို့အလှကို ခံစားနိုင်ဖို့ Sky Bar နှင့် လူ ၅၀၀ ကျော်ဆန့်သည့် မင်္ဂလာခန်းမတို့ ပါဝင်သည်။ ကွန်ဒို၏အနီးအနားတွင် အထင်ကရနေရာများဖြစ်သည့် မန္တလေးတောင် ၊ မန္တလေးကျုံးကြီး ၊ ရန်ကင်းတောင် ၊ ကုသိုလ်တော်ဘုရား စသည်တို့ တည်ရှိသည်။
‘‘ ယခုအရောင်းပွဲကတော့ အရည်အသွေးစိတ်ချရတဲ့ NTL Construction မှ တည်ဆောက်တဲ့ Sky Villa ကွန်ဒိုအရောင်းပြပွဲပါ။ နေထိုင်ခွင့်ကျပြီးဖြစ်လို့ ဝယ်ယူပြီး ချက်ချင်းနေလို့ရပါတယ်။ Facilities ပြည့်စုံပြီး အေးဆေးတဲ့နေရာမှာ တည်ရှိပါတယ်။ ဝယ်သူတွေအဆင်ပြေအောင် အတိုးမဲ့အရစ်ကျငွေချေစနစ်တွေ ၊ ဘဏ်ဖြင့် နှစ်ရှည်ပေးချေစနစ်တွေနဲ့ ရောင်းချပေးနေပါတယ်။ ’’ ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်