### Zawgyi Version ###
ပြပွဲ (၂) ရက်အတွင်း အထူးဈေးနှုန်းများအပြင် အတိုးမဲ့အရစ်ကျစနစ်များ ၊ ဘဏ်နှင့် ချိတ်ဆက်၍ နှစ်ရှည်အရစ်ကျစနစ်များဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
iMyanmarHouse.com
### Unicode Version ###
၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလ ( ၂၈ ၊ ၂၉ ) စနေ ၊ တနင်္ဂနွေ နေ့များတွင် မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ MMM Construction မှတည်ဆောက်သည့် မရမ်းကုန်းရှိ Grand Wireless ကွန်ဒိုနှင့် လမ်းမတော်ရှိ Lanmadaw River View Tower အရောင်းပြပွဲကို Grand Wireless Condominum တည်ရှိရာ အရှေ့ဝါယာလက် (၂)လမ်း ၊ မရမ်းကုန်းမြို့နယ်တွင် အောင်မြင်စွာကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ပြပွဲ (၂) ရက်အတွင်း အထူးစျေးနှုန်းများအပြင် အတိုးမဲ့အရစ်ကျစနစ်များ ၊ ဘဏ်နှင့် ချိတ်ဆက်၍ နှစ်ရှည်အရစ်ကျစနစ်များဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
Grand Wireless ကွန်ဒိုသည် မရမ်းကုန်းမြို့နယ် ၊ ကျောက်မျက်ရှေ့လမ်းတွင် တည်ရှိသည်။ အခန်းအကျယ်အဝန်းအနေဖြင့် 1484 sqft မှ 2106 sqft အထိ ရွေးချယ်နိုင်သည်ဖြစ်ပြီး မာစတာအိပ်ခန်း ၊ ရိုးရိုးအိပ်ခန်း ၊ ဧည့်ခန်း ၊ ထမင်းစားခန်း စသည့် အခန်းများ ဖွဲ့ပေးထားသည် ဖြစ်သည်။ ရေကူးကန် ၊ အားကစားခန်းမ ၊ အစည်းအဝေးခန်းမ ၊ ကလေးကစားကွင်း ၊ Lobby ၊ ကားပါကင် ၊ ဓာတ်လှေကား ၊ CCTV ၊ ကိုယ်ပိုင် Transformer ၊ Generator ၊ ၂၄ နာရီလုံခြုံရေး စသည့် Facilities များပါဝင်ပြီး ပြီးပြည့်စုံသည့် အဆင့်မြင့်ကွန်ဒိုဖြစ်သည်။ အနီးအနားတွင် ကမ္ဘာအေးဘုရား ၊ ပါရမီကလေးဆေးရုံ ၊ ဂမုန်းပွင့် ၊ ဂန္ဓာမာ Wholesale ၊ Private Pharamancy ၊ တောင်ဥက္ကလာဂေါက်ကွင်း ၊ ဟိုတယ်များ ၊ ပုဂ္ဂလိကဘဏ်များ တည်ရှိသည်။
Lanmadaw River View Tower သည် လမ်းမတော်မြို့နယ် ( ကမ်းနားလမ်း နှင့် လှည်းတန်းလမ်းထောင့် ) တွင် တည်ရှိသည်။ ၁၂ ထပ်ခွဲ အဆောက်အဦးဖြစ်ပြီး (၁) လွှာတွင် (၂) ခန်းပါဝင်သည်။ 1266 sqft မှ 1445 sqft အထိ ကျယ်ဝန်းသော အခန်းများ ရွေးချယ်နိုင်သည်ဖြစ်ကြောင်း သိရသည်။ အနီးအနားတွင် Juction Maw Tin ၊ Bahosi Hospital ၊ ရွှေပုစွန် အအေးဆိုင် ၊ ရန်ကုန်ဆေးရုံကြီး ၊ စံပြရုပ်ရှင်ရုံ ၊ ညောင်ပင်လေးစျေး တို့ တည်ရှိသည်။
“ Grand Wireless ကွန်ဒိုဟာ မရမ်းကုန်းမြို့နယ်မှာ တည်ရှိတဲ့အတွက် Location ကောင်းပြီး စျေးလဲတန်တဲ့ ကွန်ဒိုတစ်ခုပါ။ ပြီးစီးတော့မှာဖြစ်လို့ ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူနိုင်ပါတယ်။ Lanmadaw River View Tower ဟာ Downtown မြို့နယ်ဖြစ်တဲ့ လမ်းမတော်မြို့နယ်မှာ တည်ရှိတာပါ။ ပတ်ဝန်းကျင်မှာရှိနေတဲ့ Tower တွေထက် စျေးသက်သာပြီး အရစ်ကျငွေပေးချေမှုစနစ်ဖြင့် ဝယ်ယူနိုင်ပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်