မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ ပါရမီလမ်းမပေါ်ရှိ Royal Maylikha ကွန်ဒိုအရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလ ( ၇ ၊ ၈ ) စနေ ၊ တနင်္ဂနွေ ရက်များတွင် အဆိုပါ စီမံကိန်းတည်ရှိရာ ၂ က ၊ ပါရမီလမ်း ၊ မရမ်းကုန်းမြို့နယ်တွင် အောင်မြင်စွာကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
Royal Maylikha ကွန်ဒိုကို Sustain Construction မှ အရည်အသွေးပြည့်မှီစွာ တည်ဆောက်ထားခြင်းဖြစ်သည်။ မရမ်းကုန်းမြို့နယ် ၊ ပါရမီလမ်းမပေါ် AD မီးပွိုင့်အနီးတွင် တည်ရှိပြီး BCC ရပြီးဖြစ်၍ အသင့်နေထိုင်နိုင်သည်။ အခန်းအကျယ်အဝန်းအနေဖြင့် 1850 sqft မှ 5500 sqft အထိ ရွေးချယ်ဝယ်ယူနိုင်သည်။
Royal Maylikha ကွန်ဒို၏အနီးတစ်ဝိုက်တွင် ပါရမီ ဆေးရုံ နှင့် ဝိတိုရိယ ဆေးရုံ များရှိသောကြောင့် ကျန်းမာရေးအတွက် ဆေးရုံ ၊ ဆေးခန်းများကို အလွယ်တကူသွားလာနိုင်သည်။ ကမ္ဘာအေးဂမုန်းပွင့် ၊ Junction 8 ၊ Myanmar Plaza ၊ City Mart စသည့် ဈေးဝယ်စင်တာများနှင့် နီးသဖြင့် ဈေးဝယ်ရန်လည်း အချိန်ကုန်သက်သာစေမည်ဖြစ်သည်။ KBZ Bank ၊ AYA Bank ၊ Myanmar Apex Bank တို့ တည်ရှိသောကြောင့် ငွေသွင်း ၊ ငွေထုတ်ရန်အတွက် လွယ်ကူစေမည်ဖြစ်ပြီး စားသောက်ဆိုင်များသို့လည်း အချိန်တိုအတွင်း သွားလာနိုင်မည် ဖြစ်သည်။
Royal Maylikha ကွန်ဒိုတွင် ရေကူးကန် ၊ အားကစားခန်းမ ၊ ကားပါကင် ၊ ဓာတ်လှေကား ၊ မီးစက် ( Automatic System ) ၊ ကိုယ်ပိုင်မီတာ ၊ ထရန်စဖော်မာ ၊ Fire Safety Door ၊ Fire Alarm ၊ Smoke Dector ၊ Fire Extinguisher ၊ 24 hr Security Guard ၊ CCTV Camera စသည့် ကွန်ဒို facilities အပြည့်အစုံပါဝင်ကြောင်း သိရသည်။
“ ဒီ Royal Maylikha ကွန်ဒိုဟာ BCC ရပြီး ဖြစ်လို့ ဝယ်ယူသူတွေအနေနဲ့ အသင့်နေထိုင်နိုင်မှာပါ။ ဒီပွဲအတွင်းမှာ ဝယ်ယူတဲ့သူတွေကို အထူးပရိုမိုးရှင်းဈေးနှုန်းများဖြင့် စီစဉ်ရောင်းချပေးခဲ့သည်။ ဒါ့အပြင် အတိုးမဲ့ ( ၁၂ )လ အရစ်ကျစနစ်တွေ ၊ AYA Home Loan ဖြင့် (၁၅)နှစ် အထိ နှစ်ရှည်အရစ်ကျ ဝယ်ယူနိုင်ရန် စီစဉ်ပေးခဲ့တာကြောင့် ရောင်းအားကောင်းခဲ့ပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
“ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ အစရှိတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ခြံမြေတွေအပြင် ပြည်ပနိုင်ငံတွေမှာရှိတဲ့ အိမ်ခြံမြေများကိုလည်း ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာစီမံကိန်းတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာကလည်း ကျွန်တော်တို့ကို တခဲနက် ယုံကြည်အားပေးတဲ့ပရိသတ်ကြီးနဲ့ ခေတ်မှီဆန်းသစ်တဲ့ ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာတွေ ကြောင့်ပါ။ စီမံကိန်းတစ်ခုအောင်မြင်ဖို့အတွက် ထိရောက်တဲ့ အကြံဥာဏ်တွေ ပေးပြီး ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာပေါင်းစုံနဲ့ ရောင်းချပေးပါတယ်။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဝဘ်ဆိုက်နဲ့ ဖုန်းအက်ပလီကေးရှင်းတွေကို လစဉ် ဝင်ရောက်အသုံးပြုနေသူပေါင်း (၃.၈) သန်းကျော်ရှိပါတယ်။ iMyanmarHouse.com ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါဝင်ရောက် အသုံးပြုကာ အိမ်ခြံမြေတွေရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲလက်တွဲပြီး အလုပ်လုပ်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၃၀၀) ကျော်၊ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၇၀၀) ကျော် ရှိပါတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းများအားလုံးကိုကြိုဆိုပါတယ်။ ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်