1350 ကြိမ် ကြည့်ရှု့ ပြီး

ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေရှိ ကြယ်ငါးပွင့်အဆင့်ရှိသော Wyndham နာမည်ကြီး ဟိုတယ် ပိုင်ဆိုင်နိုင်သည့် Laya Resort အရောင်းပြပွဲ အောင်မြင်စွာကျင်းပ

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) နှင့် United Fortune Co., Ltd. တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေတွင် ကြယ်ငါးပွင့်အဆင့်ရှိသော နာမည်ကြီး ဟိုတယ် ပိုင်ဆိုင်နိုင်သည့် Laya Resort အရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ သြဂုတ်လ ( ၃ ၊ ၄ ) စနေ ၊ တနင်္ဂနွေ ရက်များတွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာလမ်းထောင့် ရှိ Wyndham Hotel တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေရှိ ကြယ်ငါးပွင့်အဆင့်ရှိသော Wyndham နာမည်ကြီး ဟိုတယ် ပိုင်ဆိုင်နိုင်သည့် Laya Resort အရောင်းပြပွဲ အောင်မြင်စွာကျင်းပ

ပြပွဲ (၂) ရက်အတွင်းတွင် ဝယ်ယူသူများသည် အထူးပရိုမိုးရှင်း အနေဖြင့် ဖူးခက်ကမ်းခြေသို့ အခမဲ့ လေ့လာရေးခရီးစဉ်များ ၊ (၁) နှစ်လျှင် (၄၅) ရက် အခမဲ့ တည်းခိုခွင့်များအပြင် ကျပ်ငွေ သိန်း(၇၀) တန်ဖိုးရှိ ပရိဘောဂ နှင့် လျှပ်စစ်ပစ္စည်းများရရှိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေရှိ ကြယ်ငါးပွင့်အဆင့်ရှိသော Wyndham နာမည်ကြီး ဟိုတယ် ပိုင်ဆိုင်နိုင်သည့် Laya Resort အရောင်းပြပွဲ အောင်မြင်စွာကျင်းပ

Laya Resort သည် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေတွင် Wyndham Hotel အမည်ဖြင့် ကြယ်ငါးပွင့်အဆင့်ရှိသည့် နာမည်ကြီး ဟိုတယ်ပါဝင်သည့် အပန်းဖြေစခန်းတစ်ခုဖြစ်သည်။ အဆိုပါ Laya Resort သည် ရင်းနှီးမြှုပ်နှံချင်သူများအတွက် သင့်လျော်သည့်နေရာတစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါ Resort တွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက အိမ်ငှားရမရ စိတ်ပူရန်မလိုခြင်း ၊ ပြန်ရောင်းမည်ဆိုပါက ဈေးလျော့မှာစိတ်ပူရန်မလိုခြင်း ၊ အခွန်အခများပေးရမည်ကို စိတ်ပူရန်မလိုခြင်း ၊ ရင်းနှီးမြှုပ်နှံမှု အစမှ အဆုံးထိ အသေးစိတ် စီမံခန့်ခွဲရန်မလိုခြင်း တို့အပြင် ကျပ်ငွေ တစ်လ သိန်း (၅၀) ခန့် ပေးသွင်းရုံဖြင့် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေရှိ ကြယ်ငါးပွင့်အဆင့်ရှိသော Wyndham နာမည်ကြီး ဟိုတယ် ပိုင်ဆိုင်နိုင်သည့် Laya Resort အရောင်းပြပွဲ အောင်မြင်စွာကျင်းပ

အဆိုပါ Resort တွင် ရင်းနှီးမြှုပ်နှံသည့် သူများအတွက် အကျိုးအမြတ်များ ခွဲဝေပေးရာတွင်လည်း ပထမ ( ၅ ) နှစ်အတွင်း အငှားအာမခံဝင်ငွေ၏ ( ၇%) ရရှိမည်ဖြစ်ပြီး ဒုတိယ ( ၁၀ ) နှစ် အတွင်းတွင် ဟိုတယ်အသားတင်အမြတ် ခွဲဝေမှု ( ၉% - ၁၀ % ) ရရှိမည်ဖြစ်ကြောင်း သိရသည်။ အမြတ်ဝင်ငွေများကိုလည်း ပိုင်ရှင်ဘဏ်အကောင့်သို့ ( ၆ ) လ တစ်ကြိမ် လွှဲပေးမည်ဖြစ်သည့်အပြင် နှစ်စဉ် နှစ်ချုပ်စာရင်းများပေးပို့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ( ၁၀ - ၁၂ နှစ် ) အတွင်း အရင်းကြေနိုင်မည် ဖြစ်ပြီး အဆိုပါ Laya Resort တွင် ရင်းနှီးမြှုပ်နှံသည့်သူများသည် ခန့်မှန်း လစဉ် ငှားရမ်းရရှိမည့်ဝင်ငွေ ( ကျပ်ငွေ ၁၅- ၂၂ သိန်း ) ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေရှိ ကြယ်ငါးပွင့်အဆင့်ရှိသော Wyndham နာမည်ကြီး ဟိုတယ် ပိုင်ဆိုင်နိုင်သည့် Laya Resort အရောင်းပြပွဲ အောင်မြင်စွာကျင်းပ

“ ဒီအရောင်းပြပွဲဟာ ကျွန်တော်တို့ iMyanmarHouse.com ကနေ မြန်မာနိုင်ငံသားများအတွက် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမှာ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ နာမည်ကြီး Wyndham Hotel ဟိုတယ်လုပ်ငန်းစုကြီးမှာ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရန် အထူးစီစဉ်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒီ Laya Resort မှာ ရင်းနှီးမြှုပ်နှံမယ့်သူများဟာဆိုရင် အနာဂတ်အတွက် စိတ်ပူရန်မလိုရအောင် လစဉ်ပုံမှန် အငှားဝင်ငွေရရှိနိုင်မှာပဲ ဖြစ်ပါတယ် ” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။

ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေရှိ ကြယ်ငါးပွင့်အဆင့်ရှိသော Wyndham နာမည်ကြီး ဟိုတယ် ပိုင်ဆိုင်နိုင်သည့် Laya Resort အရောင်းပြပွဲ အောင်မြင်စွာကျင်းပ

“ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ အစရှိတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ခြံမြေတွေအပြင် ပြည်ပနိုင်ငံတွေမှာရှိတဲ့ အိမ်ခြံမြေများကိုလည်း ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာစီမံကိန်းတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာကလည်း ကျွန်တော်တို့ကို တခဲနက် ယုံကြည်အားပေးတဲ့ပရိသတ်ကြီးနဲ့ ခေတ်မှီဆန်းသစ်တဲ့ ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာတွေ ကြောင့်ပါ။ စီမံကိန်းတစ်ခုအောင်မြင်ဖို့အတွက် ထိရောက်တဲ့ အကြံဥာဏ်တွေ ပေးပြီး ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာပေါင်းစုံနဲ့ ရောင်းချပေးပါတယ်။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဝဘ်ဆိုက်နဲ့ ဖုန်းအက်ပလီကေးရှင်းတွေကို လစဉ် ဝင်ရောက်အသုံးပြုနေသူပေါင်း (၃.၈) သန်းကျော်ရှိပါတယ်။ iMyanmarHouse.com ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါဝင်ရောက် အသုံးပြုကာ အိမ်ခြံမြေတွေရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲလက်တွဲပြီး အလုပ်လုပ်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၃၀၀) ကျော်၊ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၇၀၀) ကျော် ရှိပါတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းများအားလုံးကိုကြိုဆိုပါတယ်။ ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့သည်။

 

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ
95% ပြီးစီးနေပြီဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ Golden Paradise Luxury Villa II မြေကွက်များ ပရိုမိုးရှင်းအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)