2022 ကြိမ် ကြည့်ရှု့ ပြီး

လစဉ် (၅) သိန်းခန့်သွင်းရုံဖြင့် ဝယ်ယူနိုင်သည့် City Loft အဆင့်မြင့်တိုက်ခန်းအရောင်းပြပွဲ

၂၀၁၉ ခုနှစ် ၊ သြဂုတ်လ ( ၃ ၊ ၄ ) စနေ ၊ တနင်္ဂနွေ ရက်များတွင် မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှကြီးမှူး၍ Yoma Land မှ တည်ဆောက်နေသော City Loft တန်ဖိုးသင့်အိမ်ရာ အရောင်းပြပွဲကို နံနက် (၉) နာရီ မှ ညနေ (၅) နာရီ အထိ အဆိုပါစီမံကိန်းတည်ရှိရာ ရန်ကုန်မြို့ ၊ သံလျင်အမှတ် ( ၁ ) တံတားအဆင်း Star City အိမ်ရာဝင်းအတွင်းရှိ Sales Gallery တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ပြပွဲ (၂) ရက်အတွင်း ဝယ်ယူသူများကို iPad mini နှင့် LG 43” TV လက်ဆောင်များအပြင် အထူး Payment Plan များဖြင့် ရောင်းချခဲ့ကြောင်းသိရသည်။

လစဉ် (၅) သိန်းခန့်သွင်းရုံဖြင့် ဝယ်ယူနိုင်သည့် City Loft အဆင့်မြင့်တိုက်ခန်းအရောင်းပြပွဲ

City Loft အိမ်ရာစီမံကိန်းသည် ရန်ကုန်မြို့လယ်ခေါင်နှင့် ၂၅ မိနစ်သာကွာဝေးသည့် သန်လျင်အမှတ် (၁) တံတားဆင်းဆင်းချင်း Star City အိမ်ရာဝန်းအတွင်းတွင် ကမ္ဘာ့အဆင့်မီတည်ဆောက်လျှက်ရှိသည်။ အိမ်ရာစီမံကိန်းတွင် Tower ( ၁၁ ) လုံး တည်ဆောက်လျှက်ရှိပြီး အခန်းပေါင်း ( ၁၃၅၁ ) ခန်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ Studio ၊ 1 Bedroom ၊ 2 Bedroom ၊ 3 Bedroom စသဖြင့် အခန်းအမျိုးအစားစုံ ရှိမည့်အပြင် အခန်းအကျယ်အဝန်း 312 sqft မှ 958 sqft အထိ ရွေးချယ်နိုင်မည်ဖြစ်သည်။ အခန်းအမျိုးအစားပေါ်မူတည်၍ လစဉ်အနည်းဆုံး (၅)သိန်းဝန်းကျင် ပေးသွင်းရုံဖြင့် ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

လစဉ် (၅) သိန်းခန့်သွင်းရုံဖြင့် ဝယ်ယူနိုင်သည့် City Loft အဆင့်မြင့်တိုက်ခန်းအရောင်းပြပွဲ

City Loft အိမ်ရာဝန်းအတွင်းတွင် Facilities များအနေဖြင့် ဂေါက်ကွင်း ၊ ရေကူးကန်များ ၊ ကလေးကစားကွင်းများ ၊ အားကစားခန်းမ ၊ ပန်းခြံစသဖြင့် ပါဝင်မည့်အပြင် နေထိုင်သူများ သာယာအဆင်ပြေစေရန်အတွက် ပန်းလှိုင်ဆေးခန်း ၊ သွားဘက်ဆိုင်ရာဆေးခန်း ၊ Spa and Body Massage ၊ အလှပြင်ဆိုင် ၊ ကော်ဖီဆိုင် နှင့် အခြားစားသောက်ဆိုင်များ ၊ Wet Market ၊ စူပါမားကတ် ၊ ၂၄ နာရီ စတိုးဆိုင် ၊ ဘဏ် နှင့် ATM များ ၊ Dulwich International School နှင့် ဘတ်(စ်)ကားဂိတ်တို့ပါရှိကြောင်း သိရသည်။

လစဉ် (၅) သိန်းခန့်သွင်းရုံဖြင့် ဝယ်ယူနိုင်သည့် City Loft အဆင့်မြင့်တိုက်ခန်းအရောင်းပြပွဲ

“ City Loft အိမ်ရာစီမံကိန်းကို ရန်ကုန်မှာ နာမည်ကြီးအိမ်ရာတွေဖြစ်တဲ့ FMI အိမ်ရာ တို့ Pun Hlaing အိမ်ရာတို့ကို တည်ဆောက်ထားတဲ့ Yoma Land မှတည်ဆောက်ထားတာပါ။ အရည်အသွေးဦးစားပေးပြီး maintenance ကို စနစ်တကျလုပ်သွားမှာမို့ ဝယ်ယူသူများအထူးကျေနပ် သဘောကျမဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ တနိုင်တပိုင် ငွေပေးချေမှုအစီအစဉ်ဖြင့် ရောင်းချပေးနေတာမို့ အခုပဲ ကျွန်တော်တို့ iMyanmarHouse.com ကိုဆက်သွယ်ပြီး ဝယ်ယူလိုက်ပါ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားသည်။

လစဉ် (၅) သိန်းခန့်သွင်းရုံဖြင့် ဝယ်ယူနိုင်သည့် City Loft အဆင့်မြင့်တိုက်ခန်းအရောင်းပြပွဲ

လစဉ် (၅) သိန်းခန့်သွင်းရုံဖြင့် ဝယ်ယူနိုင်သည့် City Loft အဆင့်မြင့်တိုက်ခန်းအရောင်းပြပွဲ

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)