၂၀၁၉ ခုနှစ် ၊ ဇူလိုင်လ ( ၂၇ ၊ ၂၈ ) စနေ ၊ တနင်္ဂနွေ ရက်များတွင် စင်္ကာပူနိုင်ငံ ၊ The Capitol Kempimski Hotel ၌ မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ “ မြန်မာ့အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲကြီး ” ကိုသတ္တမအကြိမ်မြောက် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။
အဆိုပါဖွင့်ပွဲတွင် iMyanmarHouse.com ၏ Managing Director ဦးနေမင်းသူ ၊ Ayar Chantha Condominium ၏ Market Manager မအိဇာဖြူ ၊ Golden City Project ၏ Sales Director ဦးကျော်စည်သူ ၊ City Loft Project ၏ Deputy Sales Manager ဦးစချစ်ဆန်းမောင် ၊ Myanmar Global Business Association Co., Ltd. ၏ Managing Director ဦးမင်းသွေး ၊ Maggin Construction Group ၏ Director ဒေါ်ကြည်ပြာမြင့် တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
အဆိုပါအရောင်းပြပွဲ (၂) ရက်အတွင်းတွင် Sponsor များအဖြစ် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၂၀) ကျော်မှ ပါဝင်ပြသပြီး ကျပ်ငွေသိန်း( ၂၀၀ ) ကျော်မှစသောတိုက်ခန်း ၊ ကွန်ဒို ၊ လုံးချင်း နှင့် မြေကွက်များကိုဝယ်ယူသူများအဆင်ပြေစေရန်အတွက် အကောင်းဆုံးငွေချေစနစ်များ ၊ အထူးလျှော့ဈေးနှုန်းများ ၊ အရစ်ကျစနစ်များ ၊ အိမ်ရာချေးငွေများနှင့်အတူလစဉ် (၅) သိန်းခန့် သွင်းရုံဖြင့် အိမ်ပိုင်ဆိုင်နိုင်သည့် အခွင့်အရေးတို့ဖြင့် ရောင်းချခဲ့ကြောင်းသိရသည်။
“ ယခုပွဲဟာ iMyanmarHouse.com အနေနဲ့ စင်္ကာပူနိုင်ငံမှာကျင်းပတဲ့ (၇) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲကြီးပါ။ iMyanmarHouse.com ဟာ မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မြန်မာ့အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲကြီးတွေကို ပြည်တွင်းသာမကအခုလို ပြည်ပအထိကျင်းပပြုလုပ်ပေးနေတာဖြစ်ပါတယ်။ အခုလိုမျိုး မြန်မာ့အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲကြီးတွေကို စင်္ကာပူရောက်မြန်မာတွေအတွက် အနည်းဆုံးတစ်နှစ်ကို(၃) ကြိမ် ကျင်းပပေးနေပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုချင်းစီအတွက် သီးသန့်အရောင်းပြပွဲတွေကတော့ စင်္ကာပူမှာလစဉ် ပြုလုပ်ပေးပါတယ်။ ပြပွဲ (၂) ရက်အတွင်းပါဝင်ရောင်းချမယ့် ကုမ္ပဏီပေါင်း (၂၀) ကျော်ရှိပြီးအထူးသက်သာတဲ့နှုန်းထားတွေ ၊ အများပြည်သူတွေ ဝယ်ယူနိုင်မယ့် အရစ်ကျစနစ်တွေအပြင် အိမ်ရာချေးငွေများနဲ့ ရောင်းချပေးနေပါတယ်။ လစဉ် (၅) သိန်းခန့်သွင်းရုံနဲ့ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိမယ့် အခွင့်အရေးများဖြင့် ရောင်းချပေးနေတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com က ဝယ်သူတွေ အစဉ်ပြေစေဖို့အတွက် အကောင်းဆုံးနည်းစနစ်တွေနဲ့ စီစဉ်ရောင်းချပေးပါတယ်။ စင်္ကာပူက မြန်မာမိတ်ဆွေတွေကလည်း ကျွန်တော်တို့ iMyanmarHouse.com ကိုယုံကြည်အားပေးကြလို့ ကျေးဇူးတင်ပါတယ်” ဟုiMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်