မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ Yoma Land မှတည်ဆောက်နေသော City Loft တန်ဖိုးသင့်အိမ်ရာ အရောင်းပြပွဲကြီးကို ၂ဝ၁၉ ခုနှစ် ၊ ဇူလိုင်လ (၁၃) နှင့် (၁၄) ရက် (စနေ၊ တနင်္ဂနွေ) နေ့များတွင်၊ နံနက် (၉) နာရီ မှ ညနေ (၅)နာရီ အထိ အဆိုပါစီမံကိန်းတည်ရှိရာ ရန်ကုန်မြို့ ၊ သံလျင်အမှတ် (၁) တံတားအဆင်း Star City အိမ်ရာဝင်းအတွင်းရှိ Sales Gallery တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။
ပြပွဲအတွင်းတွင် ဝယ်ယူသူများအဆင်ပြေစေရန်အတွက် Home Loan ဖြင့်လည်းကောင်း ၊ အတိုးမဲ့အရစ်ကျ ပေးချေစနစ်များဖြင့်လည်းကောင်း ရောင်းချခဲ့သည့်အပြင် ပထမဆုံးဝယ်ယူသူ ( ၁၀ ) ဦးကို iPad mini ၊ Beko Coffee maker နှင့် Bean bags စသည့် လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
City Loft အိမ်ရာစီမံကိန်းတွင် Tower (၁၁) လုံး တည်ဆောက်လျှက်ရှိပြီး အခန်းပေါင်း ( ၁၃၅၁ ) ခန်း ပါဝင်ပါမည်။ အခန်းအမျိုးအစားများအနေဖြင့် Studio ၊ 1 Bedroom ၊ 2 Bedroom ၊ 3 Bedroom စသဖြင့် အခန်းအကျယ်အဝန်း 312 sqft မှ 958 sqft အထိ ရွေးချယ်နိုင်မည်ဖြစ်သည်။ အခန်းတန်ဖိုးများမှာ ကျပ်ငွေ သိန်း(၄၀၀) ကျော်မှ (၁၄၀၀) ကျော်အထိဖြစ်ပြီး အခန်းအမျိုးအစားပေါ်မူတည်၍ လစဉ်အနည်းဆုံး (၅)သိန်းဝန်းကျင် ပေးသွင်းရုံဖြင့် ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
အိမ်ရာဝန်းအတွင်း Facilities များအနေဖြင့် ဂေါက်ကွင်း ၊ ရေကူးကန် ၊ ကလေးကစားကွင်း ၊ အားကစားခန်းမ ၊ ပန်းခြံစသဖြင့် ပြည့်စုံစွာပါဝင်မည့်အပြင် ပန်းလှိုင်ဆေးခန်း ၊ သွားဘက်ဆိုင်ရာ ဆေးခန်း ၊ Spa and Body Massage ၊ အလှပြင်ဆိုင် ၊ ကော်ဖီဆိုင် နှင့် အခြားစားသောက်ဆိုင်များ ၊ Wet Market ၊ စူပါမားကတ် ၊ ၂၄ နာရီ စတိုးဆိုင် ၊ ဘဏ် နှင့် ATM များ ၊ Dulwich International School နှင့် ဘတ်(စ်)ကားဂိတ်တို့ ပါရှိကြောင်း သိရသည်။
“ City Loft အိမ်ရာစီမံကိန်းကို ရန်ကုန်မှာနာမည်ကြီးအိမ်ရာတွေဖြစ်တဲ့ FMI အိမ်ရာ တို့ Pun Hlaing အိမ်ရာတို့ကို တည်ဆောက်ထားတဲ့ YOMA Land မှတည်ဆောက်နေတာဖြစ်လို့ စိတ်ချယုံကြည်စွာ ဝယ်ယူအားပေးကြပါ။ ဈေးနှုန်းအားဖြင့် သိန်း ၄၀၀ ကျော်မှ စတင်တာဖြစ်ပြီး ငွေပေးချေမှုကို သက်တောင့်သက်သာဖြစ်စေမဲ့ ပုံစံမျိုးဖြင့် စီစဉ်ရောင်းချပေးနေပါတယ်။ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။
" ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ အခုလို Yoma Land နဲ့ ပူးပေါင်းပြီး မြန်မာပြည်သူပြည်သားများ အိမ်ပိုင်ဆိုင်မှု မြင့်တက်ရန် ဆောင်ရွက်ခွင့်ရတဲ့အတွက်လည်း များစွာ ဂုဏ်ယူမိပါတယ်။ ယခု ဇူလိုင်လကုန်မှာလည်း စင်္ကာပူရောက် မြန်မာများအတွက် သွားရောက်ရောင်းချပေးဦးမှာပါ။ ” ဟု ဦးနေမင်းသူမှ ဖြည့်စွက် ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်