7513 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ ( ၆.၃ ) ဘီလီယံကျော်ဖိုး ရောင်းချခဲ့သော ကန်တော်ကြီးအနီး အသင့်နေထိုင်နိုင်သည့် Kantharyar Residence အရောင်းပြပွဲကြီး

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် Asia Myanmar Consortium Development Co, Ltd. ( AMCD ) တို့ပူးပေါင်း၍ ကန်တော်ကြီးအနီး အသင့်နေထိုင်နိုင်သည့် Kantharyar Residence အရောင်းပြပွဲကြီးကို ၂၀၁၉ ခုနှစ် ၊ ဇူလိုင်လ ( ၅ ၊ ၆ ၊ ၇ ) ရက်များတွင် စီမံကိန်းတည်ရှိရာ မင်္ဂလာတောင်ညွှန့် မြို့နယ်၊ ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာလမ်းထောင့် ရှိ Kantharyar Office Tower တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ကျပ်ငွေ ( ၆.၃ ) ဘီလီယံကျော်ဖိုး ရောင်းချခဲ့သော ကန်တော်ကြီးအနီး အသင့်နေထိုင်နိုင်သည့် Kantharyar Residence အရောင်းပြပွဲကြီး

ပြပွဲ (၃) ရက်အတွင်းတွင် ဝယ်ယူသူများကို အထူးသက်သာခွင့်များ နှင့်အတူ Yoma Home Loan ဖြင့် (၂၅) နှစ်အထိ အရစ်ကျ ငွေပေးချေမှုစနစ်များဖြင့် ရောင်းချခဲ့ကြောင်းသိရသည်။

ကျပ်ငွေ ( ၆.၃ ) ဘီလီယံကျော်ဖိုး ရောင်းချခဲ့သော ကန်တော်ကြီးအနီး အသင့်နေထိုင်နိုင်သည့် Kantharyar Residence အရောင်းပြပွဲကြီး

Kantharyar Residence ကို Asia Myanmar Consortium Development Co, Ltd. ( AMCD )  မှ ၃.၃၅ ဧက ရှိသော မြေအကျယ်အဝန်းပေါ်တွင် တည်ဆောက်ထားပြီး ၁၀၀% ဆောက်လုပ်ပြီးစီး၍ BCC ကျပြီးဖြစ်ကာ အသင့်နေနိုင်မည်ဖြစ်သည်။ Kantharyar Residence ကွန်ဒိုတွင် Residence Tower ၊ Office Tower ၊ Service Apartment ၊ Wyndham 5 Star Hotel ၊ Shopping Centre ၊ JCGV ရုပ်ရှင်ရုံ ၊ လူ ၁၀၀၀ ဆန့်သည့် ရုပ်ရှင်ရုံ (၅) ရုံ တို့ပါဝင်ကြောင်း သိရသည်။ အနီးအနားတွင် ရွှေတိဂုံဘုရား ၊ ကန်တော်ကြီးဥယျာဉ် ၊ မဟာဝိဇယဘုရား ၊ မင်္ဂလာဈေး ၊ ယုဇနပလာဇာ တို့ တည်ရှိသည်။

ကျပ်ငွေ ( ၆.၃ ) ဘီလီယံကျော်ဖိုး ရောင်းချခဲ့သော ကန်တော်ကြီးအနီး အသင့်နေထိုင်နိုင်သည့် Kantharyar Residence အရောင်းပြပွဲကြီး

“ ဒီ Kantharyar Residence မှာဆိုရင် 1485 sqft ကနေ 1608 sqft အထိကျယ်ဝန်းတဲ့ အခန်းများပါဝင်ပါတယ်။ ဒီ Residence ရဲ့ (၂၂) လွှာကနေ ကန်တော်ကြီး အလှကို ကြည့်ရှုခံစားနိုင်ပြီးတော့ ရွှေတိဂုံဘုရားကိုလည်း ထင်ရှားစွာ ဖူးမျှော်နိုင်မှာပဲဖြစ်ပါတယ်။ ဝယ်ယူပြီး (၇) နှစ်အတွင်း အရင်းကျေနိုင်မှာဖြစ်ပြီးတော့ အငှားဈေးကွက်ရှိတဲ့ စီမံကိန်းပဲဖြစ်ပါတယ်။ အခုလိုမျိုး အရောင်းပြပွဲ (၃) ရက်အတွင်းမှာ ကျပ်ငွေ (၆.၃) ဘီလီယံကျော်ဖိုး တန်ဖိုးရှိတဲ့ ကွန်ဒိုအခန်းများကို ရောင်းချပေးနိုင်ခဲ့တဲ့အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ တစ်ခဲနက် ဝယ်ယူအားပေးကြတဲ့ မိဘပြည်သူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပကာ ရောင်းချပေးခဲ့သည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။

ကျပ်ငွေ ( ၆.၃ ) ဘီလီယံကျော်ဖိုး ရောင်းချခဲ့သော ကန်တော်ကြီးအနီး အသင့်နေထိုင်နိုင်သည့် Kantharyar Residence အရောင်းပြပွဲကြီး
“ အခုအရောင်းပြပွဲက iMyanmarHouse.com နဲ့ ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက်ပွဲပါ။ အရောင်းပြပွဲ (၄) ပွဲစလုံး အောင်မြင်ခဲ့တဲ့အတွက် အထူးဝမ်းမြောက်ပါတယ် ” ဟု AMCD ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးခင်မောင်ဖြူ မှလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ကျပ်ငွေ ( ၆.၃ ) ဘီလီယံကျော်ဖိုး ရောင်းချခဲ့သော ကန်တော်ကြီးအနီး အသင့်နေထိုင်နိုင်သည့် Kantharyar Residence အရောင်းပြပွဲကြီး

“ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ အစရှိတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ခြံမြေတွေအပြင် ပြည်ပနိုင်ငံတွေမှာရှိတဲ့ အိမ်ခြံမြေများကိုလည်း ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာစီမံကိန်းတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာကလည်း ကျွန်တော်တို့ကို တခဲနက် ယုံကြည်အားပေးတဲ့ပရိသတ်ကြီးနဲ့ ခေတ်မှီဆန်းသစ်တဲ့ ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာတွေ ကြောင့်ပါ။ စီမံကိန်းတစ်ခုအောင်မြင်ဖို့အတွက် ထိရောက်တဲ့ အကြံဥာဏ်တွေ ပေးပြီး ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာပေါင်းစုံနဲ့ ရောင်းချပေးပါတယ်။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဝဘ်ဆိုက်နဲ့ ဖုန်းအက်ပလီကေးရှင်းတွေကို လစဉ် ဝင်ရောက်အသုံးပြုနေသူပေါင်း (၃.၈) သန်းကျော်ရှိပါတယ်။

ကျပ်ငွေ ( ၆.၃ ) ဘီလီယံကျော်ဖိုး ရောင်းချခဲ့သော ကန်တော်ကြီးအနီး အသင့်နေထိုင်နိုင်သည့် Kantharyar Residence အရောင်းပြပွဲကြီး

iMyanmarHouse.com ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါဝင်ရောက် အသုံးပြုကာ အိမ်ခြံမြေတွေရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲလက်တွဲပြီး အလုပ်လုပ်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၃၀၀) ကျော်၊ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၇၀၀) ကျော် ရှိပါတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းများအားလုံးကိုကြိုဆိုပါတယ်။ ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့သည်။

ကျပ်ငွေ ( ၆.၃ ) ဘီလီယံကျော်ဖိုး ရောင်းချခဲ့သော ကန်တော်ကြီးအနီး အသင့်နေထိုင်နိုင်သည့် Kantharyar Residence အရောင်းပြပွဲကြီး

ကျပ်ငွေ ( ၆.၃ ) ဘီလီယံကျော်ဖိုး ရောင်းချခဲ့သော ကန်တော်ကြီးအနီး အသင့်နေထိုင်နိုင်သည့် Kantharyar Residence အရောင်းပြပွဲကြီး

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီးမှပုံရိပ်များ
YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့
Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)