1734 ကြိမ် ကြည့်ရှု့ ပြီး

Sustain Company မှတည်ဆောက်သည့် မင်းဓမ္မလမ်းအနီးရှိ Royal Theikdi ကွန်ဒိုအရောင်းပြပွဲ

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် မင်းဓမ္မလမ်းအနီးရှိ Royal Theikdi ကွန်ဒိုအရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ ဇွန်လ ( ၂၉ ၊ ၃၀ ) စနေ ၊ တနင်္ဂနွေ ရက်များတွင် ရန်ကုန်မြို့ Melia Hotel ၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

Sustain Company မှတည်ဆောက်သည့် မင်းဓမ္မလမ်းအနီးရှိ Royal Theikdi ကွန်ဒိုအရောင်းပြပွဲ

ပြပွဲ (၂) ရက်အတွင်းတွင် ပထမဦးဆုံးဝယ်ယူသူ (၁၀) ဦးကို ၂၀% အထိ သက်သာခွင့်များနှင့်အတူ ဘဏ်နှင့်ချိတ်ဆက်ပြီး နှစ်ရှည်အရစ်ကျ ငွေပေးချေမှုစနစ်များဖြင့် ရောင်းချခဲ့ရာ ရောင်းအားကောင်းခဲ့ကြောင်း သိရသည်။

Sustain Company မှတည်ဆောက်သည့် မင်းဓမ္မလမ်းအနီးရှိ Royal Theikdi ကွန်ဒိုအရောင်းပြပွဲ

Royal Theikdi Condo ကို Sustain Co., Ltd. မှ အရည်အသွေးပြည့်မီစွာ တည်ဆောက်ထားပြီး 70% အထိ ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါကွန်ဒိုတွင် 973 sqft မှ 1265 sqft အထိ ကျယ်ဝန်းသော အခန်းများကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ Facilities များအနေဖြင့် ကားပါကင် ၊ ရေကူးကန် ၊ ကလေးကစားကွင်း ၊ အားကစားခန်းမ ၊ 24-hour generator ၊ 24-hour Security များ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ အနီးအနားတွင်လည်း ၀ိတိုရိယ ဆေးရုံ ၊ MCC ခန်းမ ၊ ၉ မိုင် Ocean ၊ Junction 8 ၊ Airport တို့တည်ရှိသည်။

Sustain Company မှတည်ဆောက်သည့် မင်းဓမ္မလမ်းအနီးရှိ Royal Theikdi ကွန်ဒိုအရောင်းပြပွဲ

“ ဒီ Royal Theikdi Condo ဟာ ဂရန်မြေပေါ်မှာ ကွန်ဒိုမီနီယံဥပဒေအတိုင်းတည်ဆောက်ထားတာကြောင့် မြေအချိုးကျ ပိုင်ဆိုင်မှုရရှိမှာပါ။ မင်းဓမ္မလမ်း ၊ အင်းစိန်လမ်းမကြီး ၊ ပြည်လမ်းမကြီး တို့ကိုလည်း လွယ်ကူလျင်မြန်စွာ ဝင်ထွက်သွားလာနိုင်မှာဖြစ်လို့ Location အရ အားသာမှုရှိတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ ရန်ကုန်မြို့ ၏ ဒုတိယစီးပွားရေးဇုန်မှာ တည်ရှိတာကြောင့် ရင်းနှီးမြှုပ်နှံဖို့အတွက် ဝယ်ယူမယ်ဆိုရင်လည်း ရွေးချယ်သင့်တဲ့ ကွန်ဒိုတစ်ခုပဲဖြစ်ပါတယ်။ Developer နဲ့ တိုက်ရိုက်ညှိနှိုင်းငွေချေစနစ်အပြင် Home Loan နဲ့ ( ၁၅ )နှစ်အထိ ငွေချေစနစ်များနဲ့ ရောင်းချခဲ့တာကြောင့် ဝယ်သူများအတွက် အဆင်ပြေစေပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။

Sustain Company မှတည်ဆောက်သည့် မင်းဓမ္မလမ်းအနီးရှိ Royal Theikdi ကွန်ဒိုအရောင်းပြပွဲ

“ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ အစရှိတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ခြံမြေတွေအပြင် ပြည်ပနိုင်ငံတွေမှာရှိတဲ့ အိမ်ခြံမြေများကိုလည်း ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာစီမံကိန်းတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာကလည်း ကျွန်တော်တို့ကို တခဲနက် ယုံကြည်အားပေးတဲ့ပရိသတ်ကြီးနဲ့ ခေတ်မှီဆန်းသစ်တဲ့ ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာတွေ ကြောင့်ပါ။ စီမံကိန်းတစ်ခုအောင်မြင်ဖို့အတွက် ထိရောက်တဲ့ အကြံဥာဏ်တွေ ပေးပြီး ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာပေါင်းစုံနဲ့ ရောင်းချပေးပါတယ်။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဝဘ်ဆိုက်နဲ့ ဖုန်းအက်ပလီကေးရှင်းတွေကို လစဉ် ဝင်ရောက်အသုံးပြုနေသူပေါင်း (၃.၈) သန်းကျော်ရှိပါတယ်။ iMyanmarHouse.com ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါဝင်ရောက် အသုံးပြုကာ အိမ်ခြံမြေတွေရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲလက်တွဲပြီး အလုပ်လုပ်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၃၀၀) ကျော်၊ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၇၀၀) ကျော် ရှိပါတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းများအားလုံးကိုကြိုဆိုပါတယ်။” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့သည်။

Sustain Company မှတည်ဆောက်သည့် မင်းဓမ္မလမ်းအနီးရှိ Royal Theikdi ကွန်ဒိုအရောင်းပြပွဲ

Sustain Company မှတည်ဆောက်သည့် မင်းဓမ္မလမ်းအနီးရှိ Royal Theikdi ကွန်ဒိုအရောင်းပြပွဲ


iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)