1405 ကြိမ် ကြည့်ရှု့ ပြီး

အင်းယားကန်အနီး ကန်လမ်းရှိ ဘိုးဘွားပိုင်မြေပေါ်တွင် တည်ဆောက်ထားသည့် Lamin Luxury ကွန်ဒိုအရောင်းပြပွဲ

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ အင်းယားကန်အနီး ကန်လမ်းရှိ Lamin Luxury  ကွန်ဒိုအရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ ဇွန်လ ( ၂၂ ၊ ၂၃ ) စနေ ၊ တနင်္ဂနွေ ရက်များတွင် စီမံကိန်းတည်ရှိရာ အမှတ်၁၀ ၊ ကန်လမ်း ၊ ၁၀ ရပ်ကွက် ၊ လှိုင်မြို့နယ်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပြပွဲ (၂) ရက်အတွင်းတွင် ပထမဦးဆုံးဝယ်ယူသူ (၅) ဦးကို အထူးသက်သာခွင့်များနှင့်အတူ KBZ ဘဏ်နှင့် နှစ်ရှည် အရစ်ကျငွေပေးချေမှုများဖြင့် ရောင်းချခဲ့ကြောင်း သိရပါသည်။

အင်းယားကန်အနီး ကန်လမ်းရှိ ဘိုးဘွားပိုင်မြေပေါ်တွင် တည်ဆောက်ထားသည့် Lamin Luxury ကွန်ဒိုအရောင်းပြပွဲ

Lamin Luxury  ကွန်ဒိုကို Khine Myint Aung Construction မှ  ဘိုးဘွားပိုင်မြေပေါ်တွင် တည်ဆောက်ပြီး 100% ဆောက်လုပ် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ကွန်ဒိုတွင် ရေကူးကန် ၊ အားကစားခန်းမ ၊ ကလေးကစားကွင်း ၊ ဓာတ်လှေကား၊ ကားပါကင် ၊ ၂၄ နာရီလုံခြုံရေး ၊ ခေတ်မီ မီးငြိမ်းသတ်စနစ်များ ၊ ၂၄ နာရီ မီးရရှိရန် Auto မီးစက်များ  စသည့် Facilities အပြည့်အစုံပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။

အနီးအနားတွင် Lotte Hotel ၊ Kan Thar Yar Hospital ၊ သုခကမ္ဘာဆေးရုံ ၊ 6.5 miles Market Place ၊ Hledan Centre ၊ San Yeik Nyein ( Gamone Pwint ) ၊ University of information technology - UIT ၊ ရန်ကုန်တက္ကသိုလ် တို့တည်ရှိပါသည်။

အင်းယားကန်အနီး ကန်လမ်းရှိ ဘိုးဘွားပိုင်မြေပေါ်တွင် တည်ဆောက်ထားသည့် Lamin Luxury ကွန်ဒိုအရောင်းပြပွဲ

“ ဒီ Lamin Luxury   ကွန်ဒိုမှာ အခန်းအကျယ်အဝန်းအနေနဲ့ 2200 sqft မှ 2300 sqft အထိ ရွေးချယ်ဝယ်ယူနိုင်မှာပါ။ အင်းယားကန်အနီး ကန်လမ်းမှာ တည်ရှိတာဖြစ်လို့ ပြည်လမ်း နဲ့ အင်းစိန်လမ်းမ တို့ကို အလွယ်တကူ သွားလာနိုင်ပါတယ်။ ဒီကွန်ဒိုရဲ့  အခန်းတွေကနေ အင်းယား View နဲ့ ရန်ကုန်မြို့ရဲ့ 360 View ကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ တိုက်သားအရမ်းသေသပ်ပြီး ဖွဲ့ စည်းပုံကောင်းတဲ့အပြင် အလွန်တန်တဲ့ ဈေးနှုန်းများနဲ့ ရောင်းချပေးခဲ့တာပါ။ ဝယ်ယူအားပေးကြတဲ့ Customer များအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားပါသည်။

အင်းယားကန်အနီး ကန်လမ်းရှိ ဘိုးဘွားပိုင်မြေပေါ်တွင် တည်ဆောက်ထားသည့် Lamin Luxury ကွန်ဒိုအရောင်းပြပွဲ

“ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ အစရှိတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ခြံမြေတွေအပြင် ပြည်ပနိုင်ငံတွေမှာရှိတဲ့ အိမ်ခြံမြေများကိုလည်း ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာစီမံကိန်းတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာကလည်း ကျွန်တော်တို့ကို တခဲနက် ယုံကြည်အားပေးတဲ့ပရိသတ်ကြီးနဲ့ ခေတ်မှီဆန်းသစ်တဲ့ ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာတွေ ကြောင့်ပါ။ စီမံကိန်းတစ်ခုအောင်မြင်ဖို့အတွက် ထိရောက်တဲ့ အကြံဥာဏ်တွေ ပေးပြီး ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာပေါင်းစုံနဲ့ ရောင်းချပေးပါတယ်။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဝဘ်ဆိုက်နဲ့ ဖုန်းအက်ပလီကေးရှင်းတွေကို လစဉ် ဝင်ရောက်အသုံးပြုနေသူပေါင်း (၃.၈) သန်းကျော်ရှိပါတယ်။

အင်းယားကန်အနီး ကန်လမ်းရှိ ဘိုးဘွားပိုင်မြေပေါ်တွင် တည်ဆောက်ထားသည့် Lamin Luxury ကွန်ဒိုအရောင်းပြပွဲ

iMyanmarHouse.com ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါဝင်ရောက် အသုံးပြုကာ အိမ်ခြံမြေတွေရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲလက်တွဲပြီး အလုပ်လုပ်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၃၀၀) ကျော်၊ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၇၀၀) ကျော် ရှိပါတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းများအားလုံးကိုကြိုဆိုပါတယ် ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့ပါသည်။

 

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

အခြား အိမ်ခြံမြေ ပွဲစဉ်များ

Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)