မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝက်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ Skysuites Luxury ကွန်ဒိုအရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ မေလ ( ၄ ၊ ၅ ) ရက်များတွင် အဆိုပါကွန်ဒို၏ အရောင်းပြခန်းတည်ရှိရာ ရန်ကင်းမြို့ နယ် ၊ ရန်ကုန်မြို့တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။
Skysuites ကွန်ဒိုသည် Asia Property Awards မှချီးမြှင့်သော Best Condo Design ၊ Best Condo Interior Design ၊ Best Condo Development စသည့်ဆုများကို ရရှိထားသော ကွန်ဒိုဖြစ်သည်။ ကွန်ဒိုအနီးအနားတွင် Myanmar Plaza ၊ Melia Hotel ၊ Sedona Hotel ၊ Myanmar International School ၊ Inya Lake တို့တည်ရှိသည်။
“ Skysuites ကွန်ဒိုဟာဆိုရင် ရန်ကုန်မြို့ရဲ့ အချက်အချာနေရာဖြစ်တဲ့ ရန်ကင်းမြို့နယ်မှာ တည်ရှိပါတယ်။ ဒီကွန်ဒိုရဲ့ အခန်းများမှ ရွှေတိဂုံဘုရား နဲ့ အင်းယားကန်ကို ထင်ရှားစွာ မြင်ရမှာပါ။ နိုင်ငံတကာကွန်ဒိုများအတိုင်း Facilities များစွာပါဝင်တဲ့အပြင် Fully Furnished ဖြစ်လို့ အသင့်တက် နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။ အခိုင်မာဆုံးမြေအမျိုးအစားပေါ်တွင် စင်္ကာပူကွန်ဒိုစံနှုန်းဖြင့် တည်ဆောက်ထားတဲ့အတွက်ကြောင့် နောင်တွင်တန်ဖိုးမြင့်တက်လာမယ့် ကွန်ဒိုတစ်ခုပဲဖြစ်ပါတယ်။ International Property Management Service ထားရှိပေးမှာဖြစ်လို့ Privacy ရှိပြီး အဆင့်အတန်းအမြင့်မားဆုံး Lifestyle ကို ရရှိခံစားနိုင်မှာပဲဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံသူတွေအတွက်လဲ ငှားရအလွယ်ကူဆုံး နှင့် ငှားရမ်းခဝင်ငွေ အများဆုံးရရှိနိုင်မှာပါ။ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်