မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝက်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ တောင်ကြီးမြို့ ရှိ လုံးချင်းအိမ်ရာနှင့် တိုက်ခန်းများကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ( ၂၇ ၊ ၂၈ ) ရက်များမှာ မန္တလေးမြို့ ၊ Swan Hotel တွင် အရောင်းပြပွဲတစ်ရပ်ပြုလုပ်၍ အောင်မြင်စွာကျင်းပခဲ့ပါသည်။
ပြပွဲ (၂) ရက်အတွင်းတွင် ဝယ်ယူသူများကို အထူးလျှော့ဈေးနှုန်းများ ၊ အရစ်ကျငွေချေစနစ်များဖြင့် ရောင်းချခဲ့ပါသည်။
အဆိုပါ လုံးချင်းအိမ်ရာနှင့် တိုက်ခန်းများသည် Eden ဂေါက်ကွင်း ၊ တောင်ကြီးတက္ကသိုလ် ၊ နည်းပညာတက္ကသိုလ် ၊ စပ်စံထွန်းဆေးရုံကြီး ၊ ဟဲဟိုးလေဆိပ် တို့အနီးတွင် တည်ရှိသည်။ အိမ်ရာအတွင်းတွင် ပန်းခြံ ၊ အားကစားကွင်း ၊ အပန်းဖြေအနားယူရာနေရာ ၊ Landscape Design ၊ ဘဏ်များ ၊ Shopping Center ၊ Function Hall ၊ CCTV ၊ ၂၄ နာရီလုံခြုံရေး စသည့် Facilities များ ပါဝင်မည်ဖြစ်ပါသည်။
“ ဒီစီမံကိန်းက အေးသာယာဝိုင်ခြံအနီးမှာ တည်ရှိပါတယ်။ ဥရောပဘန်ဂလိုပုံစံ လုံးချင်းအိမ်ရာများနဲ့ အသင့်နေ တိုက်ခန်းများဖြစ်ပါတယ်။ လုံးချင်းအိမ်ရာများဟာဆိုရင် ဝယ်သူအမည်ပေါက် ဂရန်ရရှိမှာပဲဖြစ်ပါတယ်။ (၂၄) လ အရစ်ကျပေးချေနိုင်ဖို့ စီစဉ်ထားပါတယ်။ (၄) ခန်းတွဲ (၅) ထပ်တိုက်ခန်းများဟာ ချက်ချင်းဝယ်ပြီး ချက်ချင်းနေထိုင်နိုင်မှာ ဖြစ်ပါတယ်။ တန်ဖိုးသင့်တင့်မျှတတဲ့အတွက် ဒေသခံတွေနဲ့ တောင်ကြီးရဲ့  ရာသီဥတုကို နှစ်သက်သူများ ဝယ်ယူနေထိုင်ဖို့ သင့်တော်ပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်