2010 ကြိမ် ကြည့်ရှု့ ပြီး

ရန်ကင်းမြို့ နယ်ရှိ Star Villa ကြိုပွိုင့်ကွန်ဒို အရောင်းပြပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့

AMPS Construction မှ တည်ဆောက်လျှက်ရှိသော Star Villa (Sunian Park) ကွန်ဒိုအရောင်းပြပွဲကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ( ၂၇ ၊ ၂၈ ) ရက်များတွင် မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝက်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ အဆိုပါစီမံကိန်းတည်ရှိရာ ပညာဝတီလမ်း ၊ ရန်ကင်းမြို့နယ်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။

ရန်ကင်းမြို့ နယ်ရှိ Star Villa ကြိုပွိုင့်ကွန်ဒို အရောင်းပြပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့

Star Villa ကွန်ဒိုသည် ၈ထပ် အဆောက်အဦးဖြစ်ပြီး တစ်လွှာတွင် ၄ခန်း သာပါဝင်သည့် သီးသန့်လူနေကွန်ဒိုအမျိုးအစားဖြစ်သည်။ 1301 sqft မှ 1352 sqft အထိ Room Type (၄)မျိုး ရှိပြီး အခန်းတိုင်းတွင် မာစတာ (၂) ခန်း ၊ ရိုးရိုး (၁) ခန်း ၊ Kitchen ၊ Living ၊ Dinning စသဖြင့် ဖွဲ့စည်းပေးထားသည်။ ကားပါကင် ၊ ဓါတ်လှေကား ၊ အားကစားခန်းမ ၊ မီးစက် ၊ ထရန်စဖော်မာ ၊ ၂၄ နာရီလုံခြုံရေး ၊ CCTV Security Control System များနဲ့အတူ Video Intercom System များစသည့် Facility များ ထည့်သွင်းပေးမည်ဖြစ်ပြီး လက်ရှိတွင် ၄၀% ခန့် ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်သည်။

ရန်ကင်းမြို့ နယ်ရှိ Star Villa ကြိုပွိုင့်ကွန်ဒို အရောင်းပြပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့

Star Villa ကွန်ဒို၏အနီးအနားတွင် Myanmar International School ၊ Myanmar Plaza ၊ Sedona Hotel ၊ မြကျွန်းသာပန်းခြံ ၊ ရန်ကင်းကလေးဆေးရုံ ၊ Passport ရုံးတို့ တည်ရှိသည်။

ရန်ကင်းမြို့ နယ်ရှိ Star Villa ကြိုပွိုင့်ကွန်ဒို အရောင်းပြပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့

“ ယခုရောင်းချပေးနေတဲ့ ကွန်ဒိုကို ကျွန်တော်တို့ရဲ့  မိတ်ဖက် Developer ဖြစ်တဲ့ AMPS Construction မှတည်ဆောက်နေတာဖြစ်ပါတယ်။ ဒီကွန်ဒိုရဲ့  အဓိကအားသာချက်ကတော့ Location ဖြစ်ပါတယ်။ ရန်ကင်းမြို့ နယ်မှာ တည်ရှိပြီး အခုကြိုပွိုင့်အနေအထားမှာ အရမ်းသက်သာအောင် ရောင်းပေးနေပါတယ်။ ကွန်ဒိုသာယာရေးအတွက် ရန်ပုံငွေ သိန်း ၃၀၀ကိုလဲ မတည်ပေးဦးမှာဖြစ်ပါတယ်။ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။

ရန်ကင်းမြို့ နယ်ရှိ Star Villa ကြိုပွိုင့်ကွန်ဒို အရောင်းပြပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့

" ကျွန်မတို့က ရန်ကင်းတဝိုက်မှာ ကွန်ဒိုရှာနေတာ ကြာပါပြီ။ iMyanmarHouse.com က ပြုလုပ်တဲ့ပွဲတွေလည်း သွားလေ့လာဖြစ်ပါတယ်။ ဒီကွန်ဒိုက ဈေးလည်းအဆင်ပြေတယ်။ ငွေပေးချေမှုလည်း အဆင်ပြေအောင် ညှိပေးတာကြောင့် ဝယ်ဖြစ်သွားတာပါ။ အဓိကက နေရာကြိုက်တယ်ပေါ့နော်။ International School တော်တော်များများနဲ့ နီးပါတယ်။ ဆီဒိုနားဟိုတယ် အနောက်ဘက်လမ်း ဝင်ဝင်ချင်းလေးတင်ဆိုတော့ လမ်းမတန်းလိုပဲ အဝင်အထွက် အဆင်ပြေလို့ပါ။ " ဟု ပြပွဲအတွင်း ဝယ်ယူသွားသည့် buyer တစ်ဦးမှ မှတ်ချက်ပေးခဲ့သည်။

ရန်ကင်းမြို့ နယ်ရှိ Star Villa ကြိုပွိုင့်ကွန်ဒို အရောင်းပြပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

အခြား အိမ်ခြံမြေ ပွဲစဉ်များ

အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
သိန်း ၂၅၀၀ ဝန်းကျင်မှ စတင်သည့် လမ်းမတော်မြို့နယ်ရှိ အသင့်နေထိုင်နိုင်သော Magical World Condominium မိုးရာသီ အထူးပရိုမိုးရှင်းအရောင်းပြပွဲကြီး ကျင်းပပြုလုပ်ခဲ့
အရစ်ကျစနစ်ဖြင့် ငွေပေးချေမှုအဆင်ပြေတဲ့ တောင်ဒဂုံ VIP ရပ်ကွက်က Innwa Pyae Sone Residence အခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
(၁၅) နှစ် အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်မယ့် ဗဟန်းမြို့နယ် The Vista Luxury Residence ရှိ မြေညီအခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
1 sqft ကို ၂ သိန်း ၈ သောင်းဝန်းကျင်နဲ့ဝယ်ယူနိုင်မယ့် တောင်ဒဂုံမြို့နယ် VIP ရပ်ကွက်က Innwa Pyae Sone Condo အခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
မိုးရာသီပရိုမိုးရှင်းအနေနဲ့ သိန်း၂၄၀၀ ဖြင့် ဝယ်ယူနိုင်မယ့် လမ်းမတော်မြို့နယ် သံရုံးများအနီးက Magical World ကွန်ဒိုအခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
၁ပေပတ်လည် ၁သိန်းဝန်းကျင်နဲ့ အနာဂတ်အတွက် မြေကွက်ရွေးချယ်ဖို့အသင့်တော်ဆုံး The Rich Villa အိမ်ရာမြေကွက်များ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App