မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ကလောမြို့ရှိ The Grand Hill Garden Residence အရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ မတ်လ ( ၃၀ ၊ ၃၁ ) ရက်များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ Hotel Mandalay ၊ မန္တလေးမြို့တွင် အောင်မြင်စွာကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ The Grand Hill Garden Residence ကို ယခင် Lavender Hill Residence ဖော်ဆောင်ခဲ့သည့် Golden Hexagon Company မှ တည်ဆောက်နေခြင်းဖြစ်သည်။ စီမံကိန်းသည် သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသော အင်းပြင်အနီးတွင် တည်ရှိပြီး မြေ ၁၂ ဧက ကျယ်ဝန်းသော လုံးချင်းအိမ်ရာ စီမံကိန်းဖြစ်သည်။ 1240 sqft မှ 2015 sqft အထိ ကျယ်ဝန်းသော ၂ ထပ်လုံးချင်းများကို Terrace Type ၊ Medium Type နှင့် Luxury Type ဟု (၃)မျိုး ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။ ဝယ်ယူသူများအနေဖြင့် ကိုယ်ပိုင်ဂရန်အမည်ပေါက် ရရှိမည်ဖြစ်သည်။ Yoga Park ၊ Jogging Trails ၊ Outdoor Gym ၊ BBQ House ၊ Convenience Store ၊ Playground ၊ 24 Hours Security ၊ Gate Access Security ၊ CCTV စသည့် Facilities အပြည့်အစုံပါဝင်မည်ဖြစ်သည်။
ပြပွဲ (၂)ရက်အတွင်း ပထမဦးဆုံး ဝယ်ယူသူ (၁၀) ဦးကို ၁၀%အထိ သက်သာခွင့်များ ၊ အတိုးမဲ့အရစ်ကျစနစ်များ ၊ CB Bank ဖြင့် နှစ်ရှည်အရစ်ကျစနစ်များဖြင့် ရောင်းချပေးခဲ့သည်။
“ ဒီကလော ၂ထပ်လုံးချင်းစီမံကိန်းမှာ ပြီးပြည့်စုံသော Facilities နှင့် Service များအတွက် (လုံးဝ) စိတ်ကျေနပ်ရန် အာမခံခြင်း ၊ အငှားဝန်ဆောင်မှု ပေးနိုင်ခြင်း ၊ ယုံကြည်စိတ်ချရသော Developer မှ Quality ဦးစားပေး တည်ဆောက်ခြင်း ၊ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူနိုင်ခြင်း ၊ မြို့ နှင့်မလှမ်းမကမ်းမှာ အေးဆေးတိတ်ဆိတ်စွာ နေထိုင်နိုင်ခြင်း ၊ ကျန်းမာရေးအတွက် အပန်းဖြေနေထိုင်ရန် အကောင်းဆုံးဖြစ်ခြင်း ၊ ရင်းနှီးမြှုပ်နှံလိုသူများအတွက် အကျိုးအမြတ်များစေနိုင်ခြင်းတို့ကြောင့် ဝယ်ယူနေထိုင်သင့်တဲ့ Residence ပဲ ဖြစ်ပါတယ်” ဟု အရောင်းပြပွဲကိုစီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်