1569 ကြိမ် ကြည့်ရှု့ ပြီး

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Pavilion Damansara Heights ကွန်ဒိုအရောင်းပြပွဲ အောင်မြင်စွာကျင်းပခဲ့

မြန်မာနိုင်၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Pavilion Damansara Heights ကွန်ဒိုအရောင်းပြပွဲကို  ၂၀၁၉ ခုနှစ် ၊ မတ်လ ( ၃၀ ၊ ၃၁ ) ရက်များတွင် iMyanmarHouse.com ရုံးခန်း ၊ MAC Tower ၁၁ လွှာ ၊ ကျောက်တံတားမြို့နယ်တွင် အောင်မြင်စွာကျင်းပခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Pavilion Damansara Heights ကွန်ဒိုအရောင်းပြပွဲ အောင်မြင်စွာကျင်းပခဲ့

အဆိုပါကွန်ဒိုသည် ကွာလာလမ်ပူမြို့ လူကုံထံရပ်ကွက်တွင် တည်ဆောက်နေသည့် အထင်ကရစီမံကိန်း ဖြစ်သည်။ ကွာလာလမ်ပူမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာတစ်ခုဖြစ်သော Pavilion ကွာလာလမ်ပူ ဈေးဝယ်စင်တာကို တည်ဆောက်ခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်နေခြင်းဖြစ်သည်။ အထပ်ပေါင်း ၅၇ ထပ် ၊ အခန်းပေါင်း ၅၆၈ ခန်းပါဝင်သည်။ အခန်းအကျယ်အဝန်း 614 sqft မှ 1831 sqft အထိ ရွေးချယ်နိုင်မည်ဖြစ်သည်။ ဈေးဝယ်စင်တာ ၊ ရုံးခန်းများ ၊ အဆင့်မြင့်လူနေအိမ်ခန်း ပါဝင်သော ပြီးပြည့်စုံသည့် Mixed-use စီမံကိန်းဖြစ်သည်။ Sky Facilities ၊ ပန်းခြံ ၊ ရေကူးကန် ၊ အားကစားခန်းမ ၊ Yoga ကစားခန်းမ ၊ ချွေးထုတ်ခန်း ၊ ကလေးရေကူးကန် ၊ Game ကစားရန်ခန်းမ ၊ စာကြည့်တိုက် ၊ ကားပါကင် ၊ ဓာတ်လှေကား (၉) စင်း ၊ ဘာဘီကျု့ကင်ရန်နေရာ ၊ ဝတ်ပြုခန်းများ ပါဝင်မည်ဖြစ်သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Pavilion Damansara Heights ကွန်ဒိုအရောင်းပြပွဲ အောင်မြင်စွာကျင်းပခဲ့

ကွန်ဒိုဝယ်ယူသူများသည် မလေးရှားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိမည်ဖြစ်သည်။ အမြဲတမ်းနေထိုင်ခွင့်ကို အိမ်ထောင်ဦးစီးတစ်ယောက်ရရှိပါက ကျန်မိသားစုဝင်များပါ အလိုအလျောက် နေထိုင်ခွင့်ရရှိမည်ဖြစ်သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Pavilion Damansara Heights ကွန်ဒိုအရောင်းပြပွဲ အောင်မြင်စွာကျင်းပခဲ့

“ယနေ့ ရောင်းချပေးနေတဲ့ စီမံကိန်းက မလေးရှားနိုင်ငံမှာ တည်ရှိတာပါ။ ဒီ Pavilion Damansara Heights ကွန်ဒိုဟာဆိုရင် freehold land ပေါ်မှာ တည်ဆောက်ထားပါတယ်။ ဈေးဝယ်ဖို့အတွက် အဆင်ပြေချောမွေ့စေမယ့် Pavilion ကုန်တိုက်ကြီးပါဝင်မှာဖြစ်ပါတယ်။ ကွန်ဒိုရဲ့  ၅၇ ထပ်မှာ Sky Facilities များအဖြစ် ရေကူးကန်ကြီးပါရှိမယ့်အပြင် Party များ ၊ Event များ ပြုလုပ်နိုင်တဲ့ ခန်းမများလဲရှိမှာဖြစ်ပါတယ်။ ကွာလာလမ်ပူမြို့လယ်ခေါင်မြင်ကွင်းကို ကြည့်ရှုနိုင်မှာဖြစ်တဲ့အတွက် အခန်းတိုင်းမှ မလေးရှားမြို့ရဲ့ အလှပဆုံး View များကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ မြေ (၁၆) ဧကပေါ်မှာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ဇိမ်ခံလူနေခန်းများ ၊ ရုံးခန်းများ ၊ လက်လီအရောင်းဆိုင်များနဲ့ ပေါင်းစည်းထားတဲ့ ဘက်စုံစီမံကိန်းတစ်ခုဖြစ်ပါတယ်။ ကမ္ဘာကျော် နာမည်ကြီး အမျိုးအစားကောင်းများကိုသာ အသုံးပြုပြီးတော့ အခန်းတိုင်းကို Fully Fitted ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ Oversea Project တွေမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ ၊ ကိုယ်တိုင် နေထိုင်လိုသူတွေ အတွက် လာရောက်လေ့လာဝယ်ယူကြဖို့ ဖိတ်ခေါ်ပါတယ် ” ဟု အရောင်းပြပွဲကိုစီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့ပါသည်။

 မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Pavilion Damansara Heights ကွန်ဒိုအရောင်းပြပွဲ အောင်မြင်စွာကျင်းပခဲ့

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

အခြား အိမ်ခြံမြေ ပွဲစဉ်များ

Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)