မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ iGREEN Development မှ တည်ဆောက်သည့် 18 Condo အရောင်းပြပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၆ ၊ ၁၇) ရက်များတွင် အဆိုပါကွန်ဒိုတည်ရှိရာ သင်္ဃန်းကျွန်းမြို့နယ် ၊ ရန်ကုန်မြို့ တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။
ပြပွဲ (၂) ရက်အတွင်း ဝယ်ယူသည့်သူများကို ၁၅% အထိ Discount များ ၊ အရစ်ကျငွေပေးချေစနစ်များဖြင့် ရောင်းချခဲ့ပါသည်။
အဆိုပါ 18 Condo ကို ဝေဇယန္တာလမ်း ၊ သုမင်္ဂလာလမ်း နှင့် လေးထောင့်ကန်လမ်းတို့မှ အလွယ်တကူ သွားလာနိုင်ပါသည်။ အနီးအနားတွင် သုဝဏ္ဏဘောလုံးကွင်း ၊ ILBC ကျောင်း YIS ကျောင်း တို့တည်ရှိသည်။ Facilities အနေဖြင့် ကားပါကင်၊ ဓာတ်လှေကား ၊ ရေကူးကန် များပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။
“ဒီ 18 Condo မှာ အခန်းများကို 653 sqft မှ 1607 sqft အထိ ရွေးချယ်ဝယ်ယူနိုင်ပါမယ်။ သွားလာရလွယ်ကူပြီး ဈေးနီး ၊ ကျောင်းနီးနေရာမှာ တည်ဆောက်နေတာပါ။ ယခုပြပွဲအတွင်း ဝယ်ယူသူများကို အများဆုံး 15% အထိ လျှော့ပေးထားပြီး လပေါင်း ၃၀ အထိ အတိုးမဲ့ အရစ်ကျ ပေးချေနိုင်ရန် စီစဉ်ထားပါတယ်။ ” ဟု အရောင်းပြပွဲကို စီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့ပါသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်