11837 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ (၅.၄) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မန္တလေးဈေးချိုအနီးရှိ Asahi Condo အရောင်းပြပွဲ

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ KT Construction မှ တည်ဆောက်သော Asahi Condo အရောင်းပြပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅၊ ၁၆၊ ၁၇) ရက်များတွင် မန္တလေးမြို့ Hotel Marvel တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ပြပွဲ (၃) ရက်အတွင်း ကျပ်ငွေ (၅.၄) ဘီလီယံကျော်တန်ဖိုးရှိသော ကွန်ဒိုအခန်းများ ရောင်းချနိုင်ခဲ့ကြောင်း သိရပါသည်။

ကျပ်ငွေ (၅.၄) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မန္တလေးဈေးချိုအနီးရှိ Asahi Condo အရောင်းပြပွဲ

Asahi Condo ကွန်ဒိုစီမံကိန်းသည် မန္တလေးမြို့ ၏ အထင်ကရဖြစ်သော ဈေးချိုနှင့်နာရီစင်တို့ အနီးတွင် တည်ရှိပြီး (၁) ဧကကျယ်ဝန်းသော ဂရန်မြေပေါ်တွင် တည်ဆောက်လျက်ရှိသည်။ Asahi Condo တွင် Basement အပါအဝင် ကားပါကင် (၃) ထပ် ၊ လူနေအိမ်ခန်း (၁၀)ထပ် ၊ Rooftop ၊ (၁) လွှာလျှင် (၁၈) ခန်း ၊ ရိုးရိုးလှေခါး (၃) စင်း ၊ ဓာတ်လှေခါး (၄) စင်း ၊ ကားအဝင်အထွက် အပေါက် (၂) ခုတို့ ပါဝင်ကြောင်း သိရသည်။ အရောင်းပြပွဲ ဖွင့်ပွဲအခန်းအနားတွင် KT Construction ၏ Director ဖြစ်သူ ဒေါ်နွယ်နွယ်စိုး၊ KT Construction ၏ Director ဖြစ်သူ ဦးထက်မြက်ကျော်သက်နှင့် iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အရောင်းဖွင့်ပွဲအခမ်းအနားကြီးကို အောင်မြင်စွာ အစပြုခဲ့သည်။

ကျပ်ငွေ (၅.၄) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မန္တလေးဈေးချိုအနီးရှိ Asahi Condo အရောင်းပြပွဲ

Asahi Condo ဟာ မန္တလေးမြို့လည်ခေါင် ဈေးချိုအနီးမှာ တည်ရှိပြီး မန္တလေးမြို့ ရဲ့  အထင်ကရ Developer တစ်ဦးဖြစ်တဲ့ KT Construction မှ တည်ဆောက်နေတာဖြစ်ပါတယ်။ ကွန်ဒိုဥပဒေနှင့်အညီ မြေအချိုးကျ ပိုင်ဆိုင်နိုင်မှာဖြစ်ပြီးတော့ ကားပါကင် ၊ ဆိုင်ကယ်ပါကင် အလုံအလောက် ပါရှိမှာဖြစ်ပါတယ်။ ရေကူးကန် ၊ အားကစားခန်းမ ၊ ဓာတ်လှေကား ၊ Rooftop Garden ၊ Barbeque Terrace စတဲ့ ကွန်ဒို Facilities အပြည့်အစုံတွေကို ထည့်သွင်း တည်ဆောက်နေတာဖြစ်ပါတယ်။ လေဝင်လေထွက် ကောင်းမွန်မှု၊ ရေအလုံအလောက် ရရှိမှု ၊ သန့်ရှင်းမှုစနစ် ၊ မီးအန္တရာယ်ကာကွယ်ရေးစနစ်၊ လုံခြုံရေး စနစ်တကျရှိခြင်း တို့ကြောင့် အထူးဝယ်ယူသင့်တဲ့ ကွန်ဒိုတစ်ခုဖြစ်ပါတယ်။ ပထမဆုံး အရောင်းဖွင့်ပွဲမှာတင် ကျပ်ငွေ (၅.၄) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့တဲ့အတွက် အထူး ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” ဟု အရောင်းပြပွဲကို စီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့ပါသည်။

ကျပ်ငွေ (၅.၄) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မန္တလေးဈေးချိုအနီးရှိ Asahi Condo အရောင်းပြပွဲ

Asahi Condo ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလလောက်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ အရောင်းပြပွဲ ကျင်းပဖြစ်ခဲ့ပုံကတော့ ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖြစ်ခဲ့တယ်။ ကျွန်တော်တို့စတင် အကောင်အထည်ဖော်တဲ့အချိန်မှာ ဒီရပ်ကွက်ထဲမှာရှိတဲ့ ခင်တဲ့သူတွေကော မခင်တဲ့သူတွေကော စီမံကိန်းကိုလာကြည့်ကြတယ်။ ဆောက်လုပ်တဲ့ နည်းစနစ်၊ စံချိန်စံညွှန်း၊ စေတနာတွေကို လေ့လာကြည့်ပါလို့ပြောခဲ့တာပေါ့နော်။ လာကြည့်တဲ့သူတွေကလည်း ကြည့်ရင်းနဲ့မေးလာကြတယ်။ ဒါတွေကရောင်းမှာလား၊ ဘယ်တော့ရောင်းမှာလဲ၊ ဘယ်လိုရောင်းမှာလဲပေါ့နော်။ မေးတဲ့သူတွေတဖြည်းဖြည်း များလာတဲ့အခါမှာ အရောင်းပြပွဲကျင်းပပြီးတော့ စိတ်ဝင်စားတဲ့သူတွေ၊ မေးတဲ့သူတွေအတွက်ပါ ပွဲလေးလုပ်ဖြစ်ခဲ့တာပါ။ ဈေးနူန်းတွေကို တစ်ပေပတ်လည် (1) သိန်းနူန်းကနေ စတင်ပြီးဖြစ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဒီ (1) ပေပတ်လည် (1) သိန်းနူန်းရောင်းချတယ်ဆိုတာကလည်း ကျွန်တော်တို့ ရောင်းချတာမဟုတ်ပါဘူး။ ကုန်ကျ စရိတ် အစစ်အမှန်တကယ် (1) သိန်းလောက်ကုန်မယ့်ဟာကို ဝယ်ယူသူတွေအနေနဲ့ ကျွန်တော်တို့နဲ့အတူတကွ ရင်းနှီးမြှုပ်နှံသလိုဖြစ်အောင် သူတို့ကို (1) သိန်းနဲ့ ဝယ်ယူခွင့်ပေးလိုက်ပါတယ်။ ကျွန်တော်တို့နဲ့အတူ တစ်ပေပတ်လည် (1) သိန်းနဲ့ ရှယ်ယာ ထည့်ခွင့် ရင်းနှီးမြှုပ်နှံမှုပေးလိုက်သလိုပါပဲ။ ဈေးတွေတက်လာတဲ့အခါကျတော့ ကျွန်တော်တို့နဲ့ အတူတူအကျိုးအမြတ်ရှိသလို ဝယ်ယူသူတွေအနေနဲ့လဲ အကျိုးအမြတ်အသီးအပွင့်တွေ ခံစားရမှာဖြစ်ပါတယ်။ (1) သိန်းထက် တက်လာပြီဆိုကာမှ အားလုံးအတူတကွ အကျိုးခံစားရမှာဖြစ်ပါတယ်။ ဒါကလဲ iMyanmarHouse.com ကနေ ကျွန်တော်တို့ကိုအကြံပေးတာပါ။ ကိုယ့်ကိုယ် ဦးစွာပထမ ယုံကြည်တဲ့ Customer တွေကို ဦးစားပေးသင့်တယ်ဆိုတဲ့အကြောင်း အကြံပေးလို့ ကျွန်တော်တို့ (1) သိန်းနဲ့စတင်ရောင်းချ ခဲ့တာဖြစ်ပါတယ်” ဟု KT Construction မှ ဒါရိုက်တာဖြစ်သူ ဦးထက်မြက်ကျော်သက်မှ ပြောကြားခဲ့ပါသည်။

ကျပ်ငွေ (၅.၄) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မန္တလေးဈေးချိုအနီးရှိ Asahi Condo အရောင်းပြပွဲ

“iMyanmarHouse.com က ပေးတဲ့ အကြံဥာဏ်တွေနဲ့ ပထမဦးဆုံး အရောင်းဖွင့်ပွဲကို လုပ်လိုက်တဲ့အခါမှာ အခန်းတော်တော်များများရောင်းရပါတယ်။ ဒီတစ်ပွဲမှာတင် ကျပ်ငွေ (၅.၄) ဘီလီယံကျော်ဖိုး ရောင်းရတဲ့အတွက် တော်တော်လေး ဝမ်းသာကျေနပ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့နိုင်ငံမှာ အိမ်လိုချင်နေတဲ့ Customer တွေ အများကြီးရှိပါတယ်။ အိမ်တစ်အိမ်ရှိပြီးသားလူတွေကလဲ နောက်ထပ် သားတွေ သမီးတွေ ကြီးလာရင်နေဖို့၊ ရုံးခန်းလေးဖွင့်ဖို့၊ ဆိုင်ခန်းလေးဖွင့်ဖို့စသဖြင့် နောက်ထပ် အိမ်၊ခြံ၊မြေတိုက်ခန်းတွေကို လိုချင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေက သူတို့တွေကို တကယ်တန်တဲ့ တကယ်မှန်ကန်တဲ့ဒီဇိုင်း ၊ မှန်ကန်တဲ့စံချိန်စံညွှန်း၊ မှန်ကန်တဲ့ဈေးနှုန်းနဲ့ သူတို့လိုအပ်တဲ့ ပုံသဏ္ဍာန်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဖန်တီးနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ဖန်တီးလိုက်တဲ့ အဆောက်အဦးသည် Customer ကိုယ်တိုင်ဖန်တီးရင်ရမယ့်ဈေးနှုန်းထက် ပိုပြီးသက်သာဖို့လိုတယ်။ Customer ကိုယ်တိုင် ဖန်တီးရင်ရမည့် စံညွှန်းထက် ပိုပြီးကောင်းဖို့လိုတယ်။ ဒီလိုမျိုးဖန်တီးပြီးတော့ Supply လုပ်ပေးမယ်ဆိုရင် ဈေးကွက်ထဲမှာ ရောင်းကောင်းမယ်လို့ထင်ပါတယ်။ ဝယ်ယူပြီးသား Coustomer တွေနဲ့ ထပ်မံဝယ်ယူမယ့် Coustomer များကို ပြောချင်တဲ့စကားကတော့ ကျွန်တော်တို့ KT Construction ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်ထဲက တည်ထောင်ခဲ့တာဖြစ်ပြီးတော့ နောက်ထပ် နှစ်ပေါင်းများစွာလဲ ဆက်လက်ပြီးတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေ အားလုံးအပေါ် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ KT Construction နဲ့ iMyanmarHouse.com တို့ ပူးတွဲပြီးကျင်းပတဲ့ Asahi Condo အရောင်းပွဲတော် အောင်မြင်မှုအပေါ်မှာ ကျွန်တော်တို့ကို ယုံကြည်အားပေးတဲ့ Coustomer တွေ အများကြီးရှိတယ်ဆိုတာ သိလိုက်ရတဲ့အတွက် အရမ်းကို ဝမ်းသာပီတိဖြစ်ပါတယ်။ ဒီလိုယုံကြည်အားပေးတဲ့ Coustomer တွေရဲ့ မေတ္တာကိုတရားကိုလဲ ဦးထိပ်ပန်ဆင်ပြီးတော့ ဒီထက်ပိုပြီးကောင်းမွန်တဲ့ စေတနာတွေ၊ ဝန်ဆောင်မှုတွေနဲ့ ပြန်လည်ပေးဆပ်သွားမယ်ဆိုတဲ့အကြောင်း ပြောကြားရင်းနဲ့ ဝမ်းသာပီတိဖြစ်ရပါတယ်ဆိုတဲ့အကြောင်း ပြောကြားလိုပါတယ်” ဟု ဦးထက်မြက်ကျော်သက်မှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ကျပ်ငွေ (၅.၄) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မန္တလေးဈေးချိုအနီးရှိ Asahi Condo အရောင်းပြပွဲ

“Asahi Condo ကို ဝယ်ယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းကို ဆက်သွယ်လို့ ရပါတယ်။ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ဝယ်ယူနိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေတင်မက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ရာစီမံကိန်းက အိမ်ခြံမြေတွေကို ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာအရောင်းပွဲတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာကလည်း ကျွန်တော်တို့ကို တခဲနက်အားပေးတဲ့ ပရိတ်သတ်ကြီးတွေကြောင့်ပါ။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဝဘ်ဆိုက်ကို လစဉ်ဝင်ရောက်အသုံးပြုနေသူပေါင်း (၂.၃) သန်းကျော်ရှိပါတယ်။ ကျွန်တော်တို့ဝဘ်ဆိုက်ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါ ဝင်ရောက်အသုံးပြုကာ အိမ်ခြံမြေ ရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲပြီး အိမ်ခြံမြေကြော်ငြာတွေကိုတင်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၃၀၀) ကျော်ရှိပါတယ်။ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း (၆၀၀) ကျော်ရှိပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲလုပ်ချင်တဲ့ အိမ်ခြံမြေနဲ့ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးကို ကြိုဆိုပါတယ်” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြား သွားခဲ့ပါသည်။

ကျပ်ငွေ (၅.၄) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မန္တလေးဈေးချိုအနီးရှိ Asahi Condo အရောင်းပြပွဲ

ကျပ်ငွေ (၅.၄) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မန္တလေးဈေးချိုအနီးရှိ Asahi Condo အရောင်းပြပွဲ

ကျပ်ငွေ (၅.၄) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မန္တလေးဈေးချိုအနီးရှိ Asahi Condo အရောင်းပြပွဲ

ကျပ်ငွေ (၅.၄) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မန္တလေးဈေးချိုအနီးရှိ Asahi Condo အရောင်းပြပွဲ

ကျပ်ငွေ (၅.၄) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မန္တလေးဈေးချိုအနီးရှိ Asahi Condo အရောင်းပြပွဲ

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ
95% ပြီးစီးနေပြီဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ Golden Paradise Luxury Villa II မြေကွက်များ ပရိုမိုးရှင်းအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)