12098 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ (၆) ဘီလီယံကျော်ဖိုးကို စတင်အရောင်းဖွင့်ချိန်တွင် ရောင်းချနိုင်ခဲ့သည့် Royal Theikdi ကွန်ဒို အရောင်းပြပွဲ

မြန်မာနိုင်ငံ၏နံပါတ်တစ်  အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ Sustain Co., Ltd. မှ တည်ဆောက်သည့် Royal Theikdi  ကွန်ဒို အရောင်းပြပွဲကို (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလ (၂ ၊ ၃) ရက်များတွင် ရန်ကုန်မြို့  Melia Hotel တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

ကျပ်ငွေ (၆) ဘီလီယံကျော်ဖိုးကို စတင်အရောင်းဖွင့်ချိန်တွင် ရောင်းချနိုင်ခဲ့သည့် Royal Theikdi ကွန်ဒို အရောင်းပြပွဲ

အရောင်းပြပွဲ (၂) ရက်အတွင်းတွင် ဦးဦးဖျားဖျား စိတကြိုက်အခန်းရွေးချယ်ခွင့်နှင့်အတူ ၂၀% အထိ သက်သာခွင့်များဖြင့်ရောင်းချခဲ့ရာ ကျပ်ငွေ (၆) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့ကြောင်းသိရှိရပါသည်။

ကျပ်ငွေ (၆) ဘီလီယံကျော်ဖိုးကို စတင်အရောင်းဖွင့်ချိန်တွင် ရောင်းချနိုင်ခဲ့သည့် Royal Theikdi ကွန်ဒို အရောင်းပြပွဲ

အဆိုပါ Royal Theikdi Condo သည် အမှတ် (၁၄-၁၉) ၊ ခိုင်ရွှေဝါလမ်းနှင့် အောင်သိဒ္ဒိလမ်းထောင့်၊ (၃) ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ်တွင်တည်ရှိပြီး အနီးအနားတွင်လည်း ဝိတိုရိယဆေးရုံ ၊ 9 Mile Ocean ၊ 8 Mile Junction ၊ Thamine Junction ၊ Yangon Golf Club ၊ Yangon International Airport ၊ Myanmar Convention Center (MCC) တို့ တည်ရှိပါသည်။

ကျပ်ငွေ (၆) ဘီလီယံကျော်ဖိုးကို စတင်အရောင်းဖွင့်ချိန်တွင် ရောင်းချနိုင်ခဲ့သည့် Royal Theikdi ကွန်ဒို အရောင်းပြပွဲ

ကွန်ဒိုတွင် ကားပါကင် ၊ ရေကူးကန် ၊ ကလေးကစားကွင်း ၊ အားကစားခန်းမ ၊ 24-hour generator ၊ 24-hour Security များ ပါဝင်မည်ဖြစ်ကြောင်းသိရပါသည်။

Royal Theikdi  ကွန်ဒိုကို မြေအကျယ် စတုရန်းပေ (၄) သောင်းခန့်ပေါ်မှာ တည်ဆောက်နေပြီး ကွန်ဒိုဥပဒေနဲ့ ကိုက်ညီတာဖြစ်တဲ့အတွက်ကြောင့် မြေပိုင်ဆိုင်မှုကလည်း အချိုးကျရရှိမှာပါ။ ရန်ကုန်မြို့ ရဲ့  ဒုတိယစီးပွားရေး အချက်အချာဇုန် (2nd CBD Area) မှာ တည်ရှိသောကြောင့် ရင်းနှီးမြှုပ်နှံလိုသူများအတွက်လည်း ရွေးချယ်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။ ပြပွဲ (၂) ရက်အတွင်းမှာလည်း အထူးဈေးနှုန်းတွေ၊ အတိုးမဲ့ အရစ်ကျစနစ်တွေနဲ့ ရောင်းချပေးခဲ့တဲ့အတွက်ကြောင့် အခုလိုမျိုး ကျပ်ငွေ (၆) ဘီလီယံကျော်ဖိုးရှိတဲ့ ကွန်ဒိုအခန်းတွေ စတင်အရောင်းဖွင့်ပွဲအတွင်းမှာတင် ရောင်းချနိုင်ခဲ့ပါတယ်။ ကိုယ်တိုင်နေထိုင်ဖို့ဖြစ်ပါစေ… ရင်းနှီးမြှုပ်နှံဖို့ဖြစ်ပါစေ… ရန်ကုန်မြို့ ရဲ့  အကောင်းဆုံးထဲက ကွန်ဒိုစီမံကိန်းတစ်ခု ဖြစ်ပါတယ် ” ဟု အရောင်းပြပွဲကို စီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့ပါသည်။

ကျပ်ငွေ (၆) ဘီလီယံကျော်ဖိုးကို စတင်အရောင်းဖွင့်ချိန်တွင် ရောင်းချနိုင်ခဲ့သည့် Royal Theikdi ကွန်ဒို အရောင်းပြပွဲ

“ အိမ်ခြံမြေဈေးကွက် ငြိမ်သက်နေချိန်မှာ အခုလိုမျိုး ရောင်းအားကောင်းခဲ့တာဟာ တည်ဆောက်တဲ့ Sustain Co., Ltd. ရော၊ ကျွန်တော်တို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက်ပါ ဂုဏ်ယူစရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ဝယ်ယူနိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ ကြီးတွေတင်မက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ရာစီမံကိန်းက အိမ်ခြံမြေတွေကို ရောင်းချပေးနေပါတယ်။

ကျပ်ငွေ (၆) ဘီလီယံကျော်ဖိုးကို စတင်အရောင်းဖွင့်ချိန်တွင် ရောင်းချနိုင်ခဲ့သည့် Royal Theikdi ကွန်ဒို အရောင်းပြပွဲ

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာအရောင်းပွဲတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာလည်း ကျွန်တော်တို့ကို တခဲနက်အားပေးတဲ့ ပရိသတ်ကြီးအတွက်ကြောင့်ပါ။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ဝဘ်ဆိုက်ကို လစဉ်ဝင်ရောက် အသုံးပြုနေသူပေါင်း (၂.၃) သန်းကျော် ရှိပါတယ်။ ကျွန်တော်တို့ ဝဘ်ဆိုက်ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါ ဝင်ရောက်အသုံးပြုကာ အိမ်ခြံမြေ ရှာဖွေနေကြပါတယ်။ကျွန်တော်တို့နဲ့ လက်တွဲပြီး အိမ်ခြံမြေကြော်ငြာတွေကို တင်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၂၀၀) ကျော် ရှိပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၅၀၀) ကျော်ရှိပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲလုပ်ချင်တဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးကို ကြိုဆိုပါတယ် ” ဟု ဦးနေမင်းသူ မှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ကျပ်ငွေ (၆) ဘီလီယံကျော်ဖိုးကို စတင်အရောင်းဖွင့်ချိန်တွင် ရောင်းချနိုင်ခဲ့သည့် Royal Theikdi ကွန်ဒို အရောင်းပြပွဲ

ကျပ်ငွေ (၆) ဘီလီယံကျော်ဖိုးကို စတင်အရောင်းဖွင့်ချိန်တွင် ရောင်းချနိုင်ခဲ့သည့် Royal Theikdi ကွန်ဒို အရောင်းပြပွဲ

ကျပ်ငွေ (၆) ဘီလီယံကျော်ဖိုးကို စတင်အရောင်းဖွင့်ချိန်တွင် ရောင်းချနိုင်ခဲ့သည့် Royal Theikdi ကွန်ဒို အရောင်းပြပွဲ

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ
95% ပြီးစီးနေပြီဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ Golden Paradise Luxury Villa II မြေကွက်များ ပရိုမိုးရှင်းအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)