မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ပုသိမ်မြို့ Junction Square Shopping Centre နှင့် ကပ်လျက်ရှိသော ဂရန်အမည်ပေါက် (၂)ထပ် Shop House များအရောင်းပြပွဲကြီးကို ၂ဝ၁၉ ခုနှစ် ၊ ဇန်နဝါရီလ ၁၂ နှင့် ၁၃ ရက် (စနေ၊ တနင်္ဂနွေ) နေ့များတွင်၊ နံနက် (၉) နာရီ မှ ည (၇) နာရီ အထိ ရန်ကုန်မြို့ ၊ ကျွန်းတောလမ်း ၊ Junction Square မြေညီထပ် နှင့် ပုသိမ်မြို့ ၊ မြကျွန်းသာအိမ်ရာဝန်း ၊ DIG ရုံးခန်း တွင် တစ်ပြိုင်နက်တည်း အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအရောင်းပြပွဲရက်တွင် ပထမဆုံးဝယ်ယူသူ (၂၀) ဦးကို ၂၀% ထိ Discount များ ၊ (၂) နှစ်တိတိ အတိုးမဲ့ ပေးချေနိုင်မည့် အရစ်ကျစနစ်များဖြင့် ရောင်းချပေးခဲ့သည်။
DIG ကုမ္ပဏီမှ မြေ (၉) ဧကပေါ်တွင် တည်ဆောက်နေသည့် ဧရာဝတီတိုင်းတွင် အကြီးဆုံး ၊ အစည်ကားဆုံး နှင့် အထင်ရှားဆုံးဖြစ်လာမည့် စီမံကိန်းဖြစ်ပြီး ပုသိမ်တက္ကသိုလ်အ၀ိုင်းကြီးမှ (၅) မိနစ်ခန့်သွားရုံဖြင့်ရောက်နိုင်မည်ဖြစ်သည်။ စတုရန်းပေ ၂၀၀၀ ကျော်ရှိသော (၂) ထပ် Shop House ဆိုင်ခန်းများကို ဝယ်ယူသူအမည်ပေါက် ဂရန်ပေးအပ်သွားမည်ဖြစ်သည်။ စီမံကိန်းအတွင်း JCGV ရုပ်ရှင်ရုံများ ၊ ဈေးဝယ်စင်တာများ ၊ စားသောက်ဆိုင်ခန်းများ ၊ ကလေးကစားကွင်း ၊ ကားပါကင် ၊ မီးစက် နှင့် ကိုယ်ပိုင်ထရန်စဖော်မာ တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
“ ဒီစီမံကိန်းကြီးဟာဆိုရင် ပုသိမ်မြို့ ပေါ်မှာ တည်ရှိပြီး မကြာခင်အချိန်အတွင်းမှာ ဧရာဝတီတိုင်းတစ်ခုလုံးရဲ့ အကြီးဆုံး အထင်ရှားဆုံးနဲ့ အစည်ကားဆုံးနေရာတစ်ခု ဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ။ ဒါ့ကြောင့် ရင်းနှီးမြှုပ်နှံချင်သူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံထားသင့်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ ဝယ်ယူမည့်သူများ အဆင်ပြေစေဖို့အတွက် စတင်အရောင်းဖွင့်တဲ့ ပွဲရက်များအတွင်း အထူးDiscount များ ၊ အတိုးမဲ့ ပေးချေနိုင်မည့် အရစ်ကျစနစ်များဖြင့် ရောင်းချပေးနေပါတယ်။ အရောင်းပွဲအပြီး ဝယ်ချင်သူများရှိပါက ကျွန်တော်တို့ iMyanmarHouse.com ကို ဆက်သွယ်ပြီး ဝယ်ယူနိုင်ပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပပေးတဲ့ iMyanmarHouse.com မှ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်။