897 ကြိမ် ကြည့်ရှု့ ပြီး

စင်္ကာပူနိုင်ငံ ပင်နီဆူလာပလာဇာတွင် ကျင်းပခဲ့သည့် iGREEN ၏ နှစ်ကုန်ပရိုမိုးရှင်းပွဲ

 
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ iGREEN Development ၏ နှစ်ကုန် အထူးအိမ်ရာအရောင်းပြပွဲကို (၂၀၁၈)ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်မှ (၁၆)ရက် နေ့အထိ စင်္ကာပူနိုင်ငံ ၊ ပင်နီဆူလာပလာဇာ၌ အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရှိရပါသည်။
 
စင်္ကာပူနိုင်ငံ ပင်နီဆူလာပလာဇာတွင် ကျင်းပခဲ့သည့် iGREEN ၏ နှစ်ကုန်ပရိုမိုးရှင်းပွဲ
 
အဆိုပါအရောင်းပြပွဲတွင် iGREEN Development မှ တည်ဆောက်ဆဲ ၊ တည်ဆောက်ပြီး အိမ်ရာစီမံကိန်းပေါင်း (၁၁)မျိုးကို KBZ Home Loan ဖြင့်ချိတ်ဆက်ဝယ်ယူနိုင်ရန် စီစဉ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။
 
စင်္ကာပူနိုင်ငံ ပင်နီဆူလာပလာဇာတွင် ကျင်းပခဲ့သည့် iGREEN ၏ နှစ်ကုန်ပရိုမိုးရှင်းပွဲ
 
" ဒီပွဲအတွင်းမှာ ဝယ်ပါက လှိုင် ၊ အင်းစိန် ၊ စမ်းချောင်း ၊ ရန်ကင်း ၊ သင်္ဃန်းကျွန်း မြို့နယ်များမှရှိတဲ့ ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲ တိုက်ခန်း ၊ ကွန်ဒို နှင့် လုံးချင်းအိမ်များကို 30% ပေးချေပြီးပါက တက်ရောက်နေထိုင်ခွင့်ပေးမှာဖြစ်ပီး ကျန် 70% ကို KBZ Bank Home Loan ဖြင့်နှစ်ရှည်အရစ်ကျပေးချေနိုင်ရန် စီစဉ်ပေးထားပါတယ်။ KBZ ဘဏ်မှ တာဝန်ရှိသူများလည်း ဒီပြပွဲအတွင်း လိုက်လံပြီး အိမ်ရာချေးငွေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပေးတာမို့ တစ်ထိုင်တည်းဆွေးနွေးပြီး လျှောက်ထားသွားနိုင်ပါတယ် " ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ရှင်းလင်းပြောကြားသွားခဲ့ပါသည်။
 
စင်္ကာပူနိုင်ငံ ပင်နီဆူလာပလာဇာတွင် ကျင်းပခဲ့သည့် iGREEN ၏ နှစ်ကုန်ပရိုမိုးရှင်းပွဲ
 
စင်္ကာပူနိုင်ငံတွင် မြန်မာလူမျိုးများ စုဝေးလေ့ရှိသည့် Peninsula Plaza တွင် ကျင်းပခြင်းဖြစ်သဖြင့် လွယ်ကူအဆင်ပြေကြောင်း ပြပွဲအတွင်းအခန်းဝယ်ယူသူတစ်ဦးမှ အောက်ပါအတိုင်း မှတ်ချက်ပေးခဲ့ပါသည်။ "ကျွန်တော်က ဒီမှာနေတာ ဆယ်စုနှစ် (၂)ခုလောက်ရှိပြီ ဆိုရမယ်။ ရောက်ခါစကတော့ မြန်မာပြည် မကြာခဏ ပြန်ဖြစ်တယ်။ ခုနောက်ပိုင်း ပိတ်ရက်တွေရှိရင်တောင် တခြားတိုင်းပြည်တွေပဲ ခရီးထွက်ဖြစ်တယ်ဆိုတော့ သိပ်မပြန်ဖြစ်တော့ဘူး။ အခုလို iMyanmarHouse.com က အိမ်ရာအရောင်းပြပွဲတွေ စလုံးမှာလာပြီး ကျင်းပပေးတော့ ဈေးကွက်နဲ့လည်း မျက်ခြေမပျက်တော့ဘူး။ အခုဝယ်ဖြစ်တာကလည်း လက်ရှိမိဘတွေနေတဲ့ နေအိမ်နဲ့ နီးလို့ပါ။ iGREEN က ငွေပေးချေမှုအဆင်ပြေအောင် ညှိနှိုင်ပေးတော့ ဝယ်ဖြစ်သွားတာပါ။" 
 
 
စင်္ကာပူနိုင်ငံ ပင်နီဆူလာပလာဇာတွင် ကျင်းပခဲ့သည့် iGREEN ၏ နှစ်ကုန်ပရိုမိုးရှင်းပွဲ
 
စင်္ကာပူနိုင်ငံ ပင်နီဆူလာပလာဇာတွင် ကျင်းပခဲ့သည့် iGREEN ၏ နှစ်ကုန်ပရိုမိုးရှင်းပွဲ
 
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်။

အခြား အိမ်ခြံမြေ ပွဲစဉ်များ

iMyanmarHouse.com မှကြီးမှူးကျင်းပသည့် တန်ဖိုးသင့်အိမ်ရာနှင့် ကားအရောင်းပြပွဲ
ကျပ်ငွေ (၉.၃) ဘီလီယံ (အမေရိကန်ဒေါ်လာ ၆ သန်း) ကျော်ဖိုးရောင်းချနိုင်ခဲ့သည့် ဆဌမအကြိမ်မြောက် စင်္ကာပူနိုင်ငံရှိ မြန်မာ့အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး
စီမံကိန်းရှိ လုံးချင်းအိမ်များအားလုံး ကုန်အောင် စံချိန်တင်ရောင်းချနိုင်ခဲ့သော Pinewood Villa အရောင်းပြပွဲ
စင်္ကာပူနိုင်ငံတွင် ကျပ်ငွေ (၃) ဘီလီယံနီးပါး ရောင်းချနိုင်ခဲ့သည့် ကွန်ဒိုနှင့်လုံးချင်း အရောင်းပြပွဲ
Taunggyi Garden Estate (ဂရန်အမည်ပေါက်) လုံးချင်းအိမ်ရာ အရောင်းပြပွဲ Melia Hotel တွင်ကျင်းပ
ကျပ်ငွေ (၆) ဘီလီယံကျော်ဖိုးကို စတင်အရောင်းဖွင့်ချိန်တွင် ရောင်းချနိုင်ခဲ့သည့် Royal Theikdi ကွန်ဒို အရောင်းပြပွဲ
တိုင်းရင်းသားကျေးရွာအနီးရှိ Yadanar River View Condo အရောင်းပြပွဲ
တန်ဖိုးသင့်တိုက်ခန်းများ အရောင်းပြပွဲ တောင်ဥက္ကလာရှိ Nation Light ရုံးခန်းတွင် အောင်မြင်စွာကျင်းပခဲ့
ဓမ္မသုခကျောင်းလမ်းရှိ မြေအချိုးကျပိုင်ဆိုင်မည့် The Leaf Residence ကွန်ဒိုအရောင်းပြပွဲ အောင်မြင်စွာကျင်းပခဲ့
iGREEN မှဆောက်လုပ်သော လုံးချင်းအိမ်များ သီးသန့်အရောင်းပြပွဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine