4097 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ (၂) ဘီလီယံ ကျော်ဖိုးအထိ ရောင်းချနိုင်ခဲ့သော ကလောမြို့ရှိ ဂရန်အမည်ပေါက် လုံးချင်းအိမ်ရာအရောင်းပြပွဲကြီး

 မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ Golden Hexagon Group မှ တည်ဆောက်သော ကလောမြို့ရှိ The Grand Hill Garden Residence လုံးချင်းအိမ်ရာအရောင်းပြပွဲကို ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ (၁၅) ရက်နေ့ နှင့် (၁၆) ရက်နေ့များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ရန်ကုန်မြို့ Sule Shangri-La ဟိုတယ် ၊ ပဲခူးခန်းမတွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

Golden Hexagon Group သည် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကလောမြို့  မြင်းရဲအင်းရပ်တွင် Lavender Hill Villa အမည်ရှိ လုံးချင်းအိမ်ရာစီမံကိန်းကို ဖော်ဆောင်ခဲ့ပြီး ဝယ်ယူသူများအား အိမ်ရာများကို မကြာမီအပ်နှံနိုင်တော့မည် ဖြစ်ကြောင်း သိရပါသည်။

ကျပ်ငွေ (၂) ဘီလီယံ ကျော်ဖိုးအထိ ရောင်းချနိုင်ခဲ့သော ကလောမြို့ရှိ ဂရန်အမည်ပေါက် လုံးချင်းအိမ်ရာအရောင်းပြပွဲကြီး

ယခုရောင်းချသည့် The Grand Hill Garden Residence လုံးချင်းအိမ်ရာစီမံကိန်းသည် Golden Hexagon Group ၏ ကလောမြို့ ရှိ ဒုတိယမြောက် အိမ်ရာစီမံကိန်းဖြစ်ပြီး ကလောမြို့ အင်းပြင်အနီးတွင် ဖော်ဆောင်လျှက်ရှိသည်။ ကလောမြို့ မဈေး မှ တောင်ကြီးမြို့သို့ သွားသော ပြည်ထောင်စုလမ်းကြီးအတိုင်း ၇ မိနစ်ခန့် ကားမောင်းလျှင် ရောက်ရှိမည်ဖြစ်သည်။ Facilities များအနေဖြင့် Yoga Park ၊ Jogging Trails ၊ Outdoor Gym ၊ BBQ House ၊ Convenience Store ၊ Playground တို့ကိုထည့်သွင်းပေးမည် ဖြစ်ကြောင်း သိရပါသည်။

ကျပ်ငွေ (၂) ဘီလီယံ ကျော်ဖိုးအထိ ရောင်းချနိုင်ခဲ့သော ကလောမြို့ရှိ ဂရန်အမည်ပေါက် လုံးချင်းအိမ်ရာအရောင်းပြပွဲကြီး

ပြပွဲအတွင်း စတင်အရောင်းဖွင့်သည့်အထိမ်းအမှတ်အဖြစ် ၁၅% အထိ Discount များ ၊ gift packages များဖြင့် ရောင်းချခဲ့ရာ ကျပ်ငွေ(၂) ဘီလီယံကျော်ရောင်းချနိုင်ခဲ့ကြောင်း သိရှိရပါသည်။

“ ဒီ The Grand Hill Garden Residence စီမံကိန်းက မြေ ၁၂ ဧကကျယ်ဝန်းတဲ့ လုံးချင်းအိမ်ရာစီမံကိန်းဖြစ်ပါတယ်။ sqft ၁၃၀၀ကျော်မှ sqft ၉၀၀၀ ကျော်အထိ အသီးသီးရွေးချယ်နိုင်ပြီး နှစ်ထပ်လုံးချင်းအိမ် ထည့်သွင်းတည်ဆောက်ပေးမှာပါ။ ဝယ်သူအမည်ပေါက်ဂရန်ဖောက်ပေးပါမယ်။ CB Bank Home Loan နဲ့လည်း ဝယ်ယူနိုင်ရန် စီစဉ်ပေးထားပါတယ်။ ဈေးနှုန်းသင့်တင့်စွာဝယ်ယူနိုင်ခြင်း ၊ မြို့ နှင့်မလှမ်းမကမ်းမှာ အေးဆေးတိတ်ဆိတ်စွာနေထိုင်နိုင်ခြင်း ၊ ကျန်းမာရေးအတွက် အပန်းဖြေနေထိုင်ရန် အကောင်းဆုံးဖြစ်ခြင်း ၊ ရင်းနှီးမြှုပ်နှံလိုသူများအတွက် အကျိုးအမြတ်များစေနိုင်ခြင်းစတဲ့ အချက်တွေကြောင့် The Grand Hill Garden Residence ဟာ ဝယ်ယူသင့်တဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။” ဟုအရောင်းပြပွဲကို စီစဉ်ကျင်းပခဲ့သည့် iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့ပါသည်။

ကျပ်ငွေ (၂) ဘီလီယံ ကျော်ဖိုးအထိ ရောင်းချနိုင်ခဲ့သော ကလောမြို့ရှိ ဂရန်အမည်ပေါက် လုံးချင်းအိမ်ရာအရောင်းပြပွဲကြီး

“ ဒီစီမံကိန်းဟာဆိုရင် ကလောမြို့ ရဲ့  အငွေ့အသက်တွေကို အပြည့်အဝခံစားနိုင်မယ့် စီမံကိန်းဖြစ်ပါတယ်။ သဘာဝတောင်တန်းတွေနဲ့ ဝန်းရံထားပြီး အေးချမ်းလှတဲ့ ရာသီဥတုမျိုးမှာ အနားယူအပန်းဖြေနိုင်တဲ့ မြန်မာပြည်ရဲ့  အကောင်းဆုံး စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ ဝယ်ယူရင်းနှီးမြှုပ်နှံထားပြီး ကိုယ်တိုင် မနေဖြစ်ရင်လည်း အငှားပြန်လည်ချထားလို့ရအောင် အငှားဝန်ဆောင်မှုတွေပါ ထည့်သွင်းပေးထားပါတယ်။ ဆက်သွယ်ဝယ်ယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ကို ဆက်သွယ်လို့ရပါတယ် ” ဟု ဦးနေမင်းသူမှ ဖြည့်စွက် ပြောကြားသွားခဲ့ပါသည်။

ကျပ်ငွေ (၂) ဘီလီယံ ကျော်ဖိုးအထိ ရောင်းချနိုင်ခဲ့သော ကလောမြို့ရှိ ဂရန်အမည်ပေါက် လုံးချင်းအိမ်ရာအရောင်းပြပွဲကြီး

iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) သည် ရန်ကုန်မြို့အပြင် မန္တလေးမြို့ ၊ ကလောမြို့ ၊ တောင်ကြီးမြို့ ၊ ပုသိမ်မြို့ ၊ စစ်တွေမြို့ စသည့်နိုင်ငံအဝှမ်းရှိ အိမ်ရာစီမံကိန်းများကို ရောင်းချပေးနေကြောင်း သိရသည်။ ထို့အပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ကွန်ဒိုအိမ်ရာစီမံကိန်းများလည်း ရောင်းချပေးလျှက်ရှိကြောင်းလည်း သိရပါသည်။

ကျပ်ငွေ (၂) ဘီလီယံ ကျော်ဖိုးအထိ ရောင်းချနိုင်ခဲ့သော ကလောမြို့ရှိ ဂရန်အမည်ပေါက် လုံးချင်းအိမ်ရာအရောင်းပြပွဲကြီး

 

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ်အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်။

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ကျပ်ငွေ ( ၁၇ ) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၁ သန်း) ကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဒသမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး
မင်္ဂလာဒုံလေဆိပ်အနီးရှိ လုံးချင်းအိမ်များ KBZ Home Loan ဖြင့်ဝယ်ယူနိုင်ပြီ
ရန်ကင်းမြို့နယ်ရှိ အသင့်ဆောက်ပြီး Golden City ကွန်ဒို သီးသန့်အရောင်းပြပွဲ
စင်္ကာပူနိုင်ငံ ပင်နီဆူလာပလာဇာတွင် ကျင်းပခဲ့သည့် iGREEN ၏ နှစ်ကုန်ပရိုမိုးရှင်းပွဲ
အခန်းအပ်ပွဲနှင့်အတူကျင်းပခဲ့သည့် Naing Group Tower II (Sule) အထူးအရောင်းပြပွဲ
မန္တလေးမြို့တွင်ဒုတိယအကြိမ်မြောက် အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့်လူသုံးကုန်ပစ္စည်းအရောင်းပြပွဲကြီး
မင်္ဂလာဈေးအနီး Royal Garden View ကွန်ဒိုအရောင်းပြပွဲအောင်မြင်စွာ ကျင်းပခဲ့
ကျပ်ငွေ (၃) ဘီလီယံနီးပါး ရောင်းချနိုင်ခဲ့သည့် ကန်လမ်းရှိ Lamin Luxury ကွန်ဒိုအရောင်းပြပွဲ
တောင်ဥက္ကလာ သုမင်္ဂလာလမ်းမပေါ်ရှိ မီနီကွန်ဒိုအရောင်းပြပွဲ
လှိုင်အဆင့်မြင့်တိုက်ခန်း (သီရိမင်္ဂလာဈေးသစ်အနီး) အရောင်းပြပွဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
iMyanmarHouse.com - Monthly Property Magazine