854 ကြိမ် ကြည့်ရှု့ ပြီး

မင်္ဂလာဈေးအနီး Royal Garden View ကွန်ဒိုအရောင်းပြပွဲအောင်မြင်စွာ ကျင်းပခဲ့

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com မှကြီးမှူး၍ Royal Garden View ကွန်ဒိုအရောင်းပြပွဲကို၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ မနက် ၉ နာရီမှ ညနေ ၅ နာရီ အချိန်အတွင်း အဆိုပါကွန်ဒိုတည်ရှိရာ အမှတ်(၃၇) ၊ ဦးထွန်းမြတ်လမ်း ၊ တာမွေမြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရပါသည်။

မင်္ဂလာဈေးအနီး Royal Garden View ကွန်ဒိုအရောင်းပြပွဲအောင်မြင်စွာ ကျင်းပခဲ့

ပြပွဲ (၃) ရက်အတွင်း ဝယ်ယူသူများအား အများဆုံး ၂၀% အထိ Discount အပြင် ငွေပေးချေမှုကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မင်္ဂလာဈေးအနီး Royal Garden View ကွန်ဒိုအရောင်းပြပွဲအောင်မြင်စွာ ကျင်းပခဲ့

Royal Garden View ကွန်ဒိုကို Yadanar Myaing Construction မှ တာဝန်ယူတည်ဆောက်လျှက်ရှိပြီး ၂၀၁၉ နှစ်လည်ပိုင်းတွင် အခန်းများအပ်နှံနိုင်မည် ဖြစ်သည်။ ဆိတ်ငြိမ်၍အချက်အချာကျသော ဦးထွန်းမြတ်လမ်းမပေါ်တွင်ရှိပြီး မင်္ဂလာဈေးသို့ မိနစ်အနည်းငယ်အတွင်း သွားလာနိုင်သည့်အတွက် ဆိုင်လုပ်ငန်းရှင်များအနေနှင့်အချိန်ကြန့်ကြာမူကို သက်သာစေသောကြောင့် အကြိုက်တွေ့ကြသည့် စီမံကိန်းဖြစ်သည်။ မြေအကျယ် 29935 sqft ပေါ်တွင် တည်ဆောက်ထားသည့် ဤစီမံကိန်းတွင် အခန်းအကျယ်1378 sqft မှ 2058 sqft အထိ ရွေးချယ်ဝယ်ယူနိုင်ကြောင်း သိရှိရပါသည်။

မင်္ဂလာဈေးအနီး Royal Garden View ကွန်ဒိုအရောင်းပြပွဲအောင်မြင်စွာ ကျင်းပခဲ့

“ ဦးထွန်းမြတ်လမ်းပေါ်မှာတည်ရှိတာကြောင့် Location အနေဖြင့်လည်းအချက်အချာကျပါတယ်။ အနီးပတ်ဝန်းကျင်မှာ သံရုံးများ ၊ ကျောင်းများ ၊ ဈေးများ ၊ ဟိုတယ်များ ၊ ဘဏ်များရှိတာကြောင့် သွားလာရလွယ်ကူစေပါတယ်။ ရေကူးကန် ၊ အားကစားခန်းမ ၊ ချွေးထုတ်ခန်း ၊ Function Hall ၊ ဓာတ်လှေကား ၊ ကားပါကင် စတဲ့ Facility အပြည့်အစုံလည်း ပါဝင်မှာဖြစ်တာကြောင့် ၀ယ်ယူသူများ သဘောကျနှစ်သက်စေမှာ သေချာပါတယ်။ " ဟု အရောင်းပြပွဲကို စီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှပြောကြားသွားခဲ့ပါသည်။

မင်္ဂလာဈေးအနီး Royal Garden View ကွန်ဒိုအရောင်းပြပွဲအောင်မြင်စွာ ကျင်းပခဲ့

မင်္ဂလာဈေးအနီး Royal Garden View ကွန်ဒိုအရောင်းပြပွဲအောင်မြင်စွာ ကျင်းပခဲ့

မင်္ဂလာဈေးအနီး Royal Garden View ကွန်ဒိုအရောင်းပြပွဲအောင်မြင်စွာ ကျင်းပခဲ့

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

အခြား အိမ်ခြံမြေ ပွဲစဉ်များ

iMyanmarHouse.com မှကြီးမှူးကျင်းပသည့် တန်ဖိုးသင့်အိမ်ရာနှင့် ကားအရောင်းပြပွဲ
ကျပ်ငွေ (၉.၃) ဘီလီယံ (အမေရိကန်ဒေါ်လာ ၆ သန်း) ကျော်ဖိုးရောင်းချနိုင်ခဲ့သည့် ဆဌမအကြိမ်မြောက် စင်္ကာပူနိုင်ငံရှိ မြန်မာ့အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး
စီမံကိန်းရှိ လုံးချင်းအိမ်များအားလုံး ကုန်အောင် စံချိန်တင်ရောင်းချနိုင်ခဲ့သော Pinewood Villa အရောင်းပြပွဲ
စင်္ကာပူနိုင်ငံတွင် ကျပ်ငွေ (၃) ဘီလီယံနီးပါး ရောင်းချနိုင်ခဲ့သည့် ကွန်ဒိုနှင့်လုံးချင်း အရောင်းပြပွဲ
Taunggyi Garden Estate (ဂရန်အမည်ပေါက်) လုံးချင်းအိမ်ရာ အရောင်းပြပွဲ Melia Hotel တွင်ကျင်းပ
ကျပ်ငွေ (၆) ဘီလီယံကျော်ဖိုးကို စတင်အရောင်းဖွင့်ချိန်တွင် ရောင်းချနိုင်ခဲ့သည့် Royal Theikdi ကွန်ဒို အရောင်းပြပွဲ
တိုင်းရင်းသားကျေးရွာအနီးရှိ Yadanar River View Condo အရောင်းပြပွဲ
တန်ဖိုးသင့်တိုက်ခန်းများ အရောင်းပြပွဲ တောင်ဥက္ကလာရှိ Nation Light ရုံးခန်းတွင် အောင်မြင်စွာကျင်းပခဲ့
ဓမ္မသုခကျောင်းလမ်းရှိ မြေအချိုးကျပိုင်ဆိုင်မည့် The Leaf Residence ကွန်ဒိုအရောင်းပြပွဲ အောင်မြင်စွာကျင်းပခဲ့
iGREEN မှဆောက်လုပ်သော လုံးချင်းအိမ်များ သီးသန့်အရောင်းပြပွဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine