1604 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ (၁.၇) ဘီလီယံ ကျော်ဖိုး ရောင်းချနိုင်ခဲ့သော နဝဒေးလမ်းဆုံးအနီးရှိ Real Home Residence ကွန်ဒိုအရောင်းပြပွဲကြီး

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com မှကြီးမှူး၍ Real Home Residence ကွန်ဒိုအရောင်းပြပွဲကြီးကို ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့ များတွင် မနက်(၉)နာရီမှ ညနေ(၅)နာရီအထိ အဆိုပါကွန်ဒိုတည်ရှိရာ သော်ကလမ်း ၊ ၁ ရပ်ကွက် ၊ မြောက်ဥက္ကလာ (န၀ဒေးလမ်းဆုံအနီး) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရပါသည်။

ကျပ်ငွေ (၁.၇) ဘီလီယံ ကျော်ဖိုး ရောင်းချနိုင်ခဲ့သော နဝဒေးလမ်းဆုံးအနီးရှိ Real Home Residence ကွန်ဒိုအရောင်းပြပွဲကြီး

အရောင်းပြပွဲအတွင်း အထူးလျှော့ဈေးများ ၊ Yoma Bank ဖြင့် ချိတ်ဆက်ပြီး (၁၅) နှစ်အထိ အရစ်ကျပေးချေနိုင်သည့်စနစ်များဖြင့် ရောင်းချပေးခဲ့ရာ ကျပ်ငွေ (၁.၇) ဘီလီယံကျော်ဖိုးရှိသော ကွန်ဒိုအခန်းများ ရောင်းချနိုင်ခဲ့ကြောင်းသိရပါသည်။

ကျပ်ငွေ (၁.၇) ဘီလီယံ ကျော်ဖိုး ရောင်းချနိုင်ခဲ့သော နဝဒေးလမ်းဆုံးအနီးရှိ Real Home Residence ကွန်ဒိုအရောင်းပြပွဲကြီး

“ ဒီကွန်ဒိုအရောင်းပြပွဲအတွက် ကျွန်တော်တို့ iMyanmarHouse.com မှ Site Visit လုပ်တယ်... စီမံကိန်းကို သေချာလေ့လာတယ်... ဈေးနှုန်းတွေ ၊ ငွေပေးချေမှုတွေအတွက် အကြံပေးခဲ့ပါတယ်။ ဈေးကွက်ထိုးဖောက်ရေး မဟာဗျူဟာတွေကို သေသေချာချာ ပြင်ဆင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ကို ယုံကြည်ပြီး Developer ဘက်မှ ပြင်ဆင်မှုတွေ စနစ်တကျလုပ်ခဲ့တဲ့အတွက် ရလာဒ်ကောင်းတွေ ရခဲ့ပါတယ်။ ပြပွဲမတိုင်မီတည်းက လာရောက်စုံစမ်းသူ များပြားပြီး ပြပွဲအတွင်း အခုလိုမျိုးရောင်းအားကောင်းအောင် ဝယ်ယူအားပေးကြတာ တွေ့ရပါတယ် " ဟု အရောင်းပြပွဲကိုစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့ပါသည်။

ကျပ်ငွေ (၁.၇) ဘီလီယံ ကျော်ဖိုး ရောင်းချနိုင်ခဲ့သော နဝဒေးလမ်းဆုံးအနီးရှိ Real Home Residence ကွန်ဒိုအရောင်းပြပွဲကြီး

Real Home Residence ကွန်ဒိုကို Real Home Construction မှ တည်ဆောက်ထားပြီး 700 sqft မှ 1550 sqft အထိ ကျယ်ဝန်းသော အခန်းအမျိုးအစား (၆) မျိုးကို စိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်သည်။ ကားပါကင် ၊ ဓာတ်လှေကား ၊ ရေကူးကန် ၊ အားကစားခန်းမ ၊ မီးစက် စသော ကွန်ဒို Facility များပါဝင်ပြီး Living Room ၊ Dinning Room နှင့် အိပ်ခန်းများကို အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်စွာ ရရှိရန် ဖွဲ့ စည်းပေးထားသည်။ ကမ္ဘာအေးဘုရားလမ်းနှင့် မြို့ ထဲဘက်သို့ အလွယ်တကူ သွားရောက်နိုင်ပါသည်။

ကျပ်ငွေ (၁.၇) ဘီလီယံ ကျော်ဖိုး ရောင်းချနိုင်ခဲ့သော နဝဒေးလမ်းဆုံးအနီးရှိ Real Home Residence ကွန်ဒိုအရောင်းပြပွဲကြီး

" အခုလိုမျိုးစတင် အရောင်းဖွင့်တဲ့အချိန်မှာ ရောင်းရန်ရှိအခန်းတွေရဲ့  ထက်ဝက်ခန့်ကို (၂) ရက်အတွင်း ရောင်းချပေးနိုင်ခဲ့တဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဟာ ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ ကြီးတွေတင်မက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ရာစီမံကိန်းက အိမ်ခြံမြေတွေကို ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာအရောင်းပွဲတိုင်း အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာလည်း ကျွန်တော်တို့ကို တခဲနက်အားပေးတဲ့ ပရိသတ်ကြီးအတွက်ကြောင့်ပါ။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ဝဘ်ဆိုက်ကို လစဉ်ဝင်ရောက် အသုံးပြုနေသူပေါင်း (၁.၈) သန်းကျော် ရှိပါတယ်။ ကျွန်တော်တို့ ဝဘ်ဆိုက်ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါ ဝင်ရောက်အသုံးပြုကာ အိမ်ခြံမြေ ရှာဖွေနေကြပါတယ်။ကျွန်တော်တို့နဲ့ လက်တွဲပြီး အိမ်ခြံမြေကြော်ငြာတွေကို တင်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၂၀၀) ကျော် ရှိပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၅၀၀) ကျော်ရှိပါတယ်။ နောက်တစ်ခုက စီမံကိန်းတစ်ခုခြင်းစီကို သေချာလေ့လာမှုတွေပြုလုပ်ပြီး ဈေးကွက်ထိုးဖောက်ပေးတဲ့အတွက်လည်း ရောင်းအားကောင်းတာပါ။ ကျွန်တော်တို့နဲ့ လက်တွဲလုပ်ချင်တဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးကို ကြိုဆိုပါတယ် ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့ပါသည်။

ကျပ်ငွေ (၁.၇) ဘီလီယံ ကျော်ဖိုး ရောင်းချနိုင်ခဲ့သော နဝဒေးလမ်းဆုံးအနီးရှိ Real Home Residence ကွန်ဒိုအရောင်းပြပွဲကြီး

Real Home Residence ကွန်ဒိုရှိ ရောင်းရန်ကျန်ရှိသော အခန်းများကို iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။


iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ
95% ပြီးစီးနေပြီဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ Golden Paradise Luxury Villa II မြေကွက်များ ပရိုမိုးရှင်းအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)