စမ်းချောင်းမြို့ နယ် ၊ စမ်းချောင်းလမ်းမကြီးပေါ်ရှိ အသစ်စက်စက် Sanchaung Garden ကွန်ဒို စတင်ငှားရမ်းနိုင်ပြီ ဖြစ်ကြောင်း မိတ်ဆက်သည့်အငှားပြပွဲကို ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလ (၃) ရက်နေ့နှင့် (၄) ရက်နေ့များတွင် အဆိုပါ ကွန်ဒိုတည်ရှိရာ အမှတ် ၁၀၄ စမ်းချောင်းလမ်း၌ မနက် ၉ နာရီမှ ညနေ ၆ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
စတင်မိတ်ဆက်သည့် အထိမ်းအမှတ်အဖြစ် (၁) နှစ် ငှားရမ်းသူများအား (၂) လတိတိ အခမဲ့နေထိုင်နိုင်မည့် အခွင့်အရေးများ ထည့်သွင်းပေးထားသောကြောင့် ပြပွဲသို့တက်ရောက်ကြသူများ စိတ်ပါဝင်စားကြသည်ကို တွေ့ရှိရပါသည်။
“ အခန်းအကျယ်အဝန်း 1056 sqft ရှိတဲ့အခန်းတွေမှာ ပရိဘောဂအပြည့်အစုံထည့်ပေးထားမှာပါ။ လစဉ်ငှားရမ်းခကို ဒေါ်လာ ၁၀၀၀ သတ်မှတ်ထားပါတယ်။ ပရိုမိုးရှင်းအနေနဲ့ (၁)နှစ် အငှားစာချုပ်ချုပ်လိုက်တာနဲ့ (၂)လတိတိ အခမဲ့နေထိုင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ဒိုရဲ့ Facilities တွေဖြစ်တဲ့ ရေကူးကန် ၊ Gym နဲ့ ကားပါကင် တို့ကိုလည်း အခမဲ့အသုံးပြုနိုင်မှာ ဖြစ်တယ် ” ဟု ပြပွဲကို စီစဉ်ကျင်းပခဲ့သည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့ပါသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်။