မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်ဒေါ့ကွန်း) မှ ကြီးမှူး၍ 5 Avenue ကွန်ဒိုအရောင်းပြပွဲကို ၂ဝ၁၈ ခုနှစ် ၊ အောက်တိုဘာလ (၂၇) ရက်နေ့နှင့် (၂၈) ရက်နေ့များတွင် မရမ်းကုန်းမြို့ နယ် ၊ ကုန်းမြင့်သာအနီး Yangon Hotel ဘေးတခြံကျော်တွင် တည်ရှိသည့် 5 Avenue ကွန်ဒိုတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါပြပွဲရက် (၂) ရက်တွင် စတင်အရောင်းဖွင့်လှစ်သည့် အထိမ်းအမှတ်အဖြစ် ပထမဆုံးဝယ်သူ (၅) ဦးအတွက် အထူးသက်သာသောဈေးများ ၊ လပေါင်း (၃၀) အရစ်ကျစနစ်များဖြင့် ရောင်းချခဲ့ကြောင်း သိရပါသည်။
“ ဒီ 5 Avenue ကွန်ဒိုဟာဆိုရင် ၁လွှာကို ၄ ခန်းသာရှိတဲ့အတွက်ကြောင့် Privacy ရှိရှိ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ကားပါကင် (၁) ခန်း (၁) စီးရမဲ့အပြင် ရှေ့ မြေကွက်လပ်ကိုလည်း ကားပါကင်အဖြစ် သုံးနှိုင်မှာပါ။ မိသားစု ကျယ်ကျယ်ဝန်းဝန်းနေနိုင်ရန် မာစတာ (၁) ခန်း ၊ ရိုးရိုးအိပ်ခန်း (၃) ခန်း စုစုပေါင်း အိပ်ခန်း (၄)ခန်း ဖွဲ့ပေးထားမှာပါ ။ iGREEN Development နှင့် ညှိနှိုင်းပြီး အခုအရောင်းပြပွဲအတွင်း ဝယ်ယူသူတွေအတွက် အတိုးမဲ့ အရစ်ကျစနစ်ဖြင့် ရောင်းချခဲ့ပါတယ် ” ဟု iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားခဲ့ပါသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်