မြန်မာနိုင်ငံ၏ နံပါတ်တစ်အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ iGREEN Development မှ ဖော်ဆောင်လျှက်ရှိသည့် ပုသိမ်မြို့  ၊ ငွေဆောင်ကမ်းခြေရှိ Lake View Villa ၊ Chaung Thar View Villa နှင့် White House အမည်ရှိ စီမံကိန်းများ၏ မြေကွက်များနှင့် လုံးချင်းအိမ်များ အရောင်းပြပွဲကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့နှင့် (၂၁) ရက်နေ့များတွင် မနက်(၉)နာရီမှ ညနေ(၆)နာရီအထိ ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနောက်ဖက်မုခ်အနီး ၊ ပြည်သူ့ရင်ပြင်ဝင်ပေါက် ရှိ Myanmar Culture Valley နှင့် ငွေဆောင်မြို့ သဇင်ကားလမ်းမကြီး Aureum ရှေ့ ရှိ iGREEN ငွေဆောင်ရုံးတို့တွင် တစ်ပြိုင်နက်တည်း အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
“ Lake View Villa ရှိလုံးချင်းတွေဟာ အသင့်ဆောက်လို့ ပြီးနေပြမို့ ဝယ်ပြီးတာနဲ့ သွားရောက်နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ Chaung Thar View နဲ့ White House မှာ ရှိတဲ့ မြေကွက်တွေဟာဆိုရင် ပင်လယ်ကမ်းခြေနဲ့ အနီးဆုံးမှာ ရှိနေတဲ့အတွက်ကြောင့် ကမ်းခြေရဲ့ အလှအပ နဲ့ အငွေ့အသက် တွေကို အပြည့်အဝ ခံစားရရှိစေမှာဖြစ်ပါတယ်၊ ပြပွဲရက် (၂)ရက်အတွင်း ဝယ်ယူမယ်ဆိုရင်တော့ သိန်း ၁၀၀ ခန့်ပေးချေရုံဖြင့် လက်ဝယ်ပေးအပ်သွားမှာပါ။ ” ဟု ပြပွဲစီစဉ်ကျင်းပသော iMyanmarHouse.com ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့ပါသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်