ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ် ၊ အရှေ့ဝါယာလက် (၂) လမ်းရှိ Grand Wireless ကွန်ဒိုအခန်းများအား မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂ဝ၁၈ ခုနှစ် ၊ ဇွန်လ ၊ ၉ ရက် နှင့် ၁ဝ ရက်နေ့များတွင် အရောင်းပြပွဲတစ်ရပ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
“ ဒီ Grand Wireless ကွန်ဒိုကို MMM Construction က တာဝန်ယူတည်ဆောက်နေတာပါ။ အခုဆိုရင် Structure ပိုင်းပြီးနေပါပြီ။ ဓာတ်လှေကား ၊ ရေကူးကန် ၊ ကားပါကင် ၊ GYM တို့ ထည့်သွင်းတည်ဆောက်မှာပါ။ Location ကောင်းတဲ့ မရမ်းကုန်းမြို့နယ်မှာတည်ရှိပြီး ပြပွဲရက်အတွင်း စိတ်ဝင်စားလို့ လာရောက်လေ့လာဝယ်ယူသူတွေကို အထူးနှုန်းဖြင့် ညှိနှိုင်းရောင်းချခဲ့တာ ဖြစ်ပါတယ် ” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့ပါသည်။
ကမ္ဘာအေးဘုရား ၊ ပါရမီကလေးဆေးရုံ ၊ ဂမုန်းပွင့် shopping center ၊ ဂန္ဓမာ wholesale အနီးတွင် တည်ဆောက်ထားသည့် Grand Wireless ကွန်ဒိုသည် ကွန်ဒို facilites များပါဝင်သည့်အပြင် ကြွေပြား ၊ ကြမ်းခင်း ခင်းပေးခြင်း၊ အတွင်းခန်း အလှဆင်ပေးခြင်းများပါ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
နေ့စဉ်ရှုပ်ထွေးမွန်းကြပ်လှသော ပတ်ဝန်းကျင်မှ သီးခြားခွဲထွက်၍ စိတ်ငြိမ်အေးချမ်းသော နေရာတစ်ခုအား ပိုင်ဆိုင်ချင်သူများအတွက် စိတ်ကျေနပ်မှုရရှိစေရန် Grand Wireless ကွန်ဒိုတွင် နေထိုင်လိုပါက iMyanmarHouse.com မှ တာဝန်ယူရောင်းချပေးလျှက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည် ။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်