ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ရှိ အသင့်နေ ကွန်ဒိုအခန်းများအား ရောင်းချရန် မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂ဝ၁၈ ခုနှစ် ၊ မေလ ၂၆ ရက် နှင့် ၂၇ ရက်များတွင် ရန်ကုန်မြို့ရှိ My Garden Restaurant တွင် အရောင်းပြပွဲတစ်ရပ်ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအရောင်းပြပွဲအတွင်း မြန်မာကျပ်ငွေ သိန်း (၃၅ဝ) ကျော်မှ သိန်း (၁၅ဝဝ) အတွင်းရှိ ကွန်ဒိုအခန်းများအား အထူးလျှော့ဈေးနှုန်းများ ၊ ဘန်ကောက်သို့ အလည်အပတ်ခရီးစဉ် ၊ Medical Check-up ခရီးစဉ်များ စသည့် ပရိုမိုးရှင်းများပေး၍ ရောင်းချခဲ့ရာ တန်ဖိုးငွေ (၁.၅) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁.၁ မီလီယံ) ကျော် တန်ဖိုးရှိ ကွန်ဒိုအခန်းများအား ရောင်းချပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
အရောင်းပြပွဲအတွင်းတွင် BTS Onnut ဘူတာအနီးရှိ The Tree On Nut Condo ၊ ဒွန်မောင်းလေဆိပ်အနီးရှိ Plum 89 Condo ၊ Sky Train - Srilasal ဘူတာအနီးရှိ Aspen Condo နှင့် ဘန်ကောက်မြို့လည်ခေါင်အနီးရှိ အထပ်မြင့်ကွန်ဒိုဖြစ်သည့် Plum Ramkhanheng Condo များရှိ အခန်းများအား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ “ ကျွန်တော်တို့ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ဘန်ကောက်မြို့မှာရှိတဲ့ Plum 89 ကွန်ဒိုအခန်းတွေကို Novotel Hotel မှာ ပြပွဲလုပ်ပြီး ရောင်းချခဲ့ပါသေးတယ်။ ဒီတခါ ပြပွဲမှာ ရောင်းချပေးနေတဲ့ ကွန်ဒိုတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ တည်ဆောက်ထားပြီး မြန်မာနိုင်ငံသားများ ဝယ်ယူခွင့်ရှိပါတယ်။ ဈေးနီး ၊ ကျောင်းနီး ၊ ဘူတာရုံအနီး ၊ ဘဏ်အနီး ၊ ဆေးရုံ အနီး ၊ စားသောက်ဆိုင်တွေနဲ့ နီးတဲ့နေရာမှာ တည်ရှိတဲ့အတွက်ကြောင့် ဘန်ကောက်ကို ဆေးကုဖို့ ၊ ကျောင်းတက်ဖို့ ၊ ဈေးဝယ်ဖို့ သွားသူတွေ ၊ ရင်းနှီးမြှုပ်နှံချင်သူတွေ ဝယ်ယူထားသင့်ပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com ဟာဆိုရင် မြန်မာနိုင်ငံအဝှမ်းမှာရှိတဲ့ အိမ်ခြံမြေတွေကို ရန်ကုန်မြို့ ၊ ပုသိမ်မြို့ ၊ စစ်တွေမြို့ ၊ တောင်ကြီးမြို့ ၊ မန္တလေးမြို့တွေမှာ အရောင်းပြပွဲကြီးတွေ ကျင်းပပေးနေသာမက ယခုအခါမှာဆိုရင်တော့ နိုင်ငံရပ်ခြားမှာရှိတဲ့ အိမ်ခြံမြေတွေကိုလည်း မြန်မာနိုင်ငံသားတွေ ပိုင်ဆိုင်နိုင်စေဖို့အတွက် အရောင်းပြပွဲကြီးတွေ ကျင်းပ ပြုလုပ်ပေးနေပါတယ်။ ” ဟု ပြောကြားသွားခဲ့ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပြီး အိမ်ခြံမြေဒေတာအများဆုံး ၊ အိမ်ခြံမြေ သတင်းအစုံလင်ဆုံး ဝဘ်ဆိုက်အဖြစ် မြန်မာအိမ်ခြံမြေဈေးကွက်ကို ဦးဆောင်လျှက်ရှိကြောင်း သိရပါသည်။