2121 ကြိမ် ကြည့်ရှု့ ပြီး

iMyanmarHouse.com မှ ကြီးမှူး၍ Pinlon Village Residences အား စင်ကာပူနိုင်ငံတွင် ဈေးကွက်ထိုးဖောက် ရောင်းချနိုင်ခဲ့သည်

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှါး ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂ဝ၁၈ ခုနှစ် ၊ မတ်လ ၁၇ ရက် နှင့် ၁၈ ရက်များတွင် Pinlon Village Residences အထူးအိမ်ရာ အရောင်းပြပွဲတစ်ရပ်ကို စင်္ကာပူနိုင်ငံ ပင်နီဆူလာပလာဇာ တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

iMyanmarHouse.com မှ ကြီးမှူး၍ Pinlon Village Residences အား စင်ကာပူနိုင်ငံတွင် ဈေးကွက်ထိုးဖောက် ရောင်းချနိုင်ခဲ့သည်

စင်္ကာပူရောက် မြန်မာလူမျိုးများအတွက် ရည်ရွယ်ပြီး စီမံကိန်းကို မိတ်ဆက်ပြသခဲ့ရာ အထူးစိတ်ဝင်စားမှုများစွာ ရရှိခဲ့ပြီး စီမံကိန်းအတွက် ပထမဆုံး Oversea Showcase အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

iMyanmarHouse.com မှ ကြီးမှူး၍ Pinlon Village Residences အား စင်ကာပူနိုင်ငံတွင် ဈေးကွက်ထိုးဖောက် ရောင်းချနိုင်ခဲ့သည်

“ ကျွန်တော်တို့ iMyanmarHouse.com မှ ကြီးမှူးကျင်းပတဲ့ Pinlon Village Residences အထူးအရောင်းပြပွဲမှာ ဖိတ်ကြားထားသူတွေ ဝယ်ယူနိုင်ရန်အတွက် အထူးဈေးနှုန်း ၊ အထူးငွေချေစနစ်များဖြင့် စီစဉ်ပေးထားပါတယ်။ စိတ်ဝင်စားသူများအနေနဲ့ ကျပ်ငွေ ၁၀ ကို စရံငွေ ပေးသွင်းရမှာ ဖြစ်ပြီး ချက်ချင်း ကျပ်သိန်း ၅၀ သက်သာခွင့်နှင့် အများဆုံး ၁ဝ နှစ်အထိ အရစ်ကျ ပေးချေနိုင်ခွင့်များ ပေးသွားမှာပါ။ ” ဟု ပွဲစီစဉ်ကျင်းပသော iMyanmarHouse.com ၏ မန်နေးဂျင်းဒါရိုက်တာ ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့သည်။

iMyanmarHouse.com မှ ကြီးမှူး၍ Pinlon Village Residences အား စင်ကာပူနိုင်ငံတွင် ဈေးကွက်ထိုးဖောက် ရောင်းချနိုင်ခဲ့သည်

Pinlon Village Residences သည် မြောက်ဒဂုံ ၊ တောင်ဒဂုံ ၊ တောင်ဥက္ကလာ ၊ သင်္ဃန်းကျွန်း နှင့် သုဝဏ္ဏမြို့နယ် တို့၏ လမ်းဆုံလမ်းခွတွင် တည်ရှိခြင်းကြောင့် သွားလာရလွယ်ကူပါသည်။ ဆိတ်ငြိမ်ရပ်ကွက်တွင် လုံးချင်းအိမ်မှာ နေရသကဲ့သို့ ခံစားမှုမျိုးရရှိမှာ ဖြစ်သဖြင့် တိတ်ဆိတ်အေးချမ်းစွာ နေချင်သူတွေအတွက် အထူးသင့်တော်ကြောင်း သိရသည်။ စိမ်းစိုသာယာသည့် Landscaping နှင့် Club House များလည်း အပြည့်အစုံ ထည့်သွင်းပေးထားကြောင်း သိရပါသည်။

မကြာမီ အခန်းအပ်နှံတော့မှာ ဖြစ်ပြီး အခန်းအပ်ပွဲ အခမ်းအနားကိုလည်း iMyanmarHouse.com မှပင် စီစဉ်ကျင်းပပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ
95% ပြီးစီးနေပြီဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ Golden Paradise Luxury Villa II မြေကွက်များ ပရိုမိုးရှင်းအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)