2005 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ (၆.၃) ဘီလီယံ ကျော်တန်ဖိုးရှိ လုံးချင်းအိမ်ရာများအားလုံးကို အရောင်းပြပွဲ (၃)ရက်အတွင်း စံချိန်တင် ရောင်းချနိုင်ခဲ့


 

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ပြည်လမ်း ၉ မိုင်အနီးရှိ 9 Residence လုံးချင်းအိမ်ရာ အရောင်းပြပွဲကို မတ်လ ၉ ၊ ၁၀ ၊ ၁၁ ရက်နေ့များတွင် ကျင်းပခဲ့ရာ (၃) ရက်အတွင်း ကျပ်ငွေ (၆.၃) ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၇ မီလီယံ) ကျော်တန်ဖိုးရှိသော လုံးချင်းအိမ်ရာများအားလုံးကို စံချိန်တင်ရောင်းချနိုင်ခဲ့ကြောင်း သိရပါသည်။
 
ကျပ်ငွေ (၆.၃) ဘီလီယံ ကျော်တန်ဖိုးရှိ လုံးချင်းအိမ်ရာများအားလုံးကို အရောင်းပြပွဲ (၃)ရက်အတွင်း စံချိန်တင် ရောင်းချနိုင်ခဲ့

 အဆိုပါအရောင်းပြပွဲကို ၉ မိုင် ၊ ယိုးဒယားလမ်းတွင်ရှိသော စီမံကိန်းနေရာနှင့် ရွှေတိဂုံဘုရားအနောက်ဖက်မုခ်အနီးရှိ Myanmar Culture Valley ပရိုမိုးရှင်းနေရာတို့တွင် တပြိုင်တည်းကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
 
အဆိုပါ လုံးချင်းအိမ်ရာစီမံကိန်းသည် iGREEN Development မှ တာဝန်ယူတည်ဆောက်သည်ဖြစ်ပြီး (၁၅) နှစ်အထိ အရစ်ကျ ပေးချေနိုင်မည် ဖြစ်ကြောင်း သိရပါသည်။
 
ကျပ်ငွေ (၆.၃) ဘီလီယံ ကျော်တန်ဖိုးရှိ လုံးချင်းအိမ်ရာများအားလုံးကို အရောင်းပြပွဲ (၃)ရက်အတွင်း စံချိန်တင် ရောင်းချနိုင်ခဲ့
 

“ ဒီ 9 Residence လုံးချင်းအိမ်ရာ စီမံကိန်းဟာဆိုရင် အချက်အချာကျတဲ့ ပြည်လမ်း ၉ မိုင်အနီးမှာ တည်ရှိပြီး မြေပိုင်ဆိုင်မှုပါပေးမှာ ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် သိန်း ၃၀၀၀ ဝန်းကျင်ခန့်သာ ဖြစ်လို့ ကွန်ဒိုအခန်းဈေးနှုန်းနဲ့ လုံးချင်းအိမ်ပိုင်ဆိုင်နိုင်တာ ဖြစ်ပါတယ်။ ငွေပေးချေမှုအနေဖြင့် တလုံးတည်းပေးချေစရာမလိုဘဲ (၁၅) နှစ် အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်တာကြောင့် ဝယ်သူတွေအတွက် အဆင်ပြေကြပါတယ်” ဟု iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ရှင်းလင်းပြောကြားခဲ့ပါသည်။
 
ကျပ်ငွေ (၆.၃) ဘီလီယံ ကျော်တန်ဖိုးရှိ လုံးချင်းအိမ်ရာများအားလုံးကို အရောင်းပြပွဲ (၃)ရက်အတွင်း စံချိန်တင် ရောင်းချနိုင်ခဲ့

"အိမ်ခြံမြေ ဈေးကွက် အေးနေတယ်ဆိုပေမယ့်လည်း ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အရောင်းပွဲတိုင်း၊ စီမံကိန်းတိုင်းဟာ ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒါဟာလည်း ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းရဲ့  ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာတွေနဲ့ ဈေးကွက်ရဲ့  လိုအပ်ချက်ကို နားလည်မှုကြောင့်လို့ ထင်ပါတယ်။ အခုဆိုရင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပုသိမ်၊ စစ်တွေ အစရှိတဲ့ မြန်မာနိုင်ငံအဝှမ်းက ဆောက်လုပ်ရေးစီမံကိန်းတွေကို ရောင်းချပေးနေတာ ကျပ်ငွေစုစုပေါင်း (၂၇၀) ဘီလီယံဖိုးကျော် ရောင်းချပေးထားနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့နဲ့ အလုပ်လုပ်ဖူးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတိုင်း စိတ်ကျေနပ်အောင် ရောင်းအားတွေများပြားခဲ့တဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံ အိမ်ခြံမြေ ဈေးကွက်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးပေးနိုင်ဖို့အတွက်လည်း လုပ်ငန်းဆောင်တာများကို အရှိန်အဟုန်နဲ့ ဆက်လက်လုပ်ကိုင်သွားမှာပါ။ အရောင်းပြပွဲတွေကတော့ အပတ်တိုင်းမှာ နှစ်ပွဲ ဒါမှမဟုတ် သုံးပွဲ အမြဲရှိပါတယ်။ အရောင်းပြပွဲတွေကို မြန်မာနိုင်ငံ မြို့ ကြီးတွေတင်မကဘဲ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အလွယ်တကူ ဝယ်ယူနိုင်အောင် ပြည်ပနိုင်ငံတွေမှာပါ ၂၀၁၅ ခုနှစ်ကတည်းက သွားရောက် ကျင်းပပေးနေပါတယ်" ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ
95% ပြီးစီးနေပြီဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ Golden Paradise Luxury Villa II မြေကွက်များ ပရိုမိုးရှင်းအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)