2313 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ (၃.၄) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၅ သန်း) ကျော်ဖိုး ရောင်းချနိုင်ခဲ့သော Royal Thiri ကွန်ဒို အထူးအရောင်းပြပွဲ

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍  ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နှင့် အောက်တိုဘာလ ၁ ရက်နေ့ များတွင် iGREEN Development & Engineering Group မှ တည်ဆောက်လျှက်ရှိသည့် Royal Thiri ကွန်ဒိုစီမံကိန်း အတွက် အထူးအိမ်ရာအရောင်းပြပွဲတစ်ရပ်ကို ပြည်သူ့ရင်ပြင်ရှိ Myanmar Culture Valley တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

 ကျပ်ငွေ (၃.၄) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၅ သန်း) ကျော်ဖိုး ရောင်းချနိုင်ခဲ့သော Royal Thiri ကွန်ဒို အထူးအရောင်းပြပွဲ

အဆိုပါပွဲတွင် အထူးအစီအစဉ်အဖြစ်  ပထမဆုံးဝယ်ယူသူ (၂၀) ဦးအား ၂၀% အထိ အထူး လျှော့ဈေးများ အပြင် အရစ်ကျငွေချေလိုပါက လစဉ် လေးသိန်း ခုနှစ်သောင်းကျော်ဖြင့် ၁၅ နှစ် အထိ ငွေချေနိုင်ရန် စီစဉ်ထားပေးပြီး ရောင်းချခဲ့ရာ ကျပ်ငွေ (၃.၄) ဘီလီယံ (အမေရိကန်ဒေါ်လာ၂.၅ သန်း) ကျော် တန်ဖိုးရှိသော ကွန်ဒိုအခန်းများကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ကျပ်ငွေ (၃.၄) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၅ သန်း) ကျော်ဖိုး ရောင်းချနိုင်ခဲ့သော Royal Thiri ကွန်ဒို အထူးအရောင်းပြပွဲ

 "အိမ်ရာချေးငွေကို ဘဏ်မှာ သွားလျှောက်ထားစရာ မလိုအောင် စီစဉ်ပေးထားပြီး အတိုးနှုန်းကိုလည်း ဘဏ်ထက်သက်သာအောင် စီစဉ်ပြီး ရောင်းချပေးခဲ့ပါတယ်။ ဒီကွန်ဒို စီမံကိန်းဟာ ရန်ကုန်မြို့  လေဆိပ်၊ စော်ဘွားကြီးကုန်း၊ YCDC ဂေါက်ကွင်းတို့နဲ့ နီးတဲ့နေရာမှာတည်ရှိတဲ့ အတွက် အချက်အချာကျတယ်။ ရင်းနှီးမြှုပ်နှံ ချင်သူတွေအတွက် ရေရှည်မှာဈေးတက်မြန်ပါလိမ့်မယ်” ဟု iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဦးနေမင်းသူမှ ရှင်းလင်းပြောကြားခဲ့သည်။

ကျပ်ငွေ (၃.၄) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၅ သန်း) ကျော်ဖိုး ရောင်းချနိုင်ခဲ့သော Royal Thiri ကွန်ဒို အထူးအရောင်းပြပွဲ

"ယခုရောင်းချပေးတဲ့ ကွန်ဒိုစီမံကိန်းကို လေဆိပ်အနီး YCDC ဂေါက်ကွင်းနားမှာ တည်ဆောက်လျှက် ရှိပါတယ်။ လက်ဆွဲအိတ်ယူလာပြီး အသင့်နေထိုင်နိုင်ရန် ပြင်ဆင် ပေးထားမှာ ဖြစ်ပါတယ် ။ ကျပ်သိန်း ၉၀၀ ဝန်းကျင်ဖြင့် ကွန်ဒို Facilities များ ပါဝင်အောင်ထည့်သွင်းပေးထားတယ်။ Junction 8 နဲ့ နေ့စဉ်ပြေးဆွဲပေးမယ့်မြန်မာပြည်ရဲ့  ပထမဆုံး Shuttle Bus ဝန်ဆောင်မှုကိုပါ ထည့်သွင်းထားပါတယ်။ ကွန်ဒိုမီနီယံ ဥပဒေကမကြာခင်မှာ ထွက်ရှိလာတော့မှာပါ။ ကွန်ဒိုဥပဒေထွက်ရှိလာရင် ကွန်ဒိုဈေးတွေ ၁၅% လောက်အထိ မြင့်တက်လာနိုင်တဲ့အတွက် ယခု ကတည်းက ကြိုပြီး ဝယ်ကြတဲ့အတွက် ရောင်းအားကောင်းခဲ့တာပါ” ဟု iGREEN Development & Engineering Group ၏ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးကျော်နိုင်မှ ပြောကြားခဲ့သည်။

ကျပ်ငွေ (၃.၄) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၅ သန်း) ကျော်ဖိုး ရောင်းချနိုင်ခဲ့သော Royal Thiri ကွန်ဒို အထူးအရောင်းပြပွဲ

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ
95% ပြီးစီးနေပြီဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ Golden Paradise Luxury Villa II မြေကွက်များ ပရိုမိုးရှင်းအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)