4095 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ (၁၇.၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဆဋ္ဌမ အကြိမ်မြောက် အိမ်ခြံမြေ အရောင်းပြပွဲကြီး

မြန်မာနိုင်ငံ၏ နံပါတ်တစ်လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှား
ဝဘ်ဆိုက် ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၅ ၊ ၁၆ ၊ ၁၇ ရက်နေ့များတွင် ရန်ကုန်မြို့  ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် “မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး” (ဆဋ္ဌမအကြိမ်မြောက်) ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 ကျပ်ငွေ (၁၇.၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဆဋ္ဌမ အကြိမ်မြောက် အိမ်ခြံမြေ အရောင်းပြပွဲကြီး

အဆိုပါပွဲတွင် ဆောက်လုပ်ရေး ကုမ္ပဏီ (၅၀) ကျော်မှ ရန်ကုန် ၊ ပုသိမ် နှင့် တောင်ကြီးမြို့  များရှိ ဆောက်လုပ်ဆဲ ၊ ဆောက်လုပ်ပြီး ဖြစ်သော တိုက်ခန်း ၊ ကွန်ဒို ၊လုံးချင်းနှင့် မြေကွက် များကို အထူး လျှော့ဈေးနှုန်းများ ၊ (၁) နှစ်မှ (၁၅) နှစ်အထိ အရစ်ကျစနစ်များဖြင့် ပါဝင်ပြသ ရောင်းချခဲ့ရာ ပွဲသို့လာရောက်လေ့လာသူ လွန်စွာများပြားခဲ့ပြီး ကျပ်ငွေ (၁၇.၃) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၂.၈ သန်းကျော်) တန်ဖိုးရှိသော တိုက်ခန်းနှင့် ကွန်ဒိုများကို ပြပွဲ (၃) ရက်အတွင်း ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

 ကျပ်ငွေ (၁၇.၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဆဋ္ဌမ အကြိမ်မြောက် အိမ်ခြံမြေ အရောင်းပြပွဲကြီး

 “iMyanmarHouse.com ကနေ ရန်ကုန်မှာ ကျင်းပပြုလုပ်တဲ့ (၆) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီးပါ။ အရင် ၅ ကြိမ်ထက် လူအစည်ဆုံး ၊ အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။ မန္တလေးမြို့ မှာ (၁) ကြိမ်၊ တောင်ကြီးမြို့ မှာ (၁) ကြိမ်နဲ့ စင်္ကာပူနိုင်ငံမှာ (၄) ကြိမ် ကျင်းပပြုလုပ်ပြီးပါပြီ။ အခုပြပွဲအတွင်းမှာ တန်ဖိုးနည်း ၊ တန်ဖိုးသင့် တိုက်ခန်းတွေမှ စပြီး ကျပ်သိန်း (၅၀၀) ဝန်းကျင် မီနီကွန်ဒိုတွေ ၊ သိန်း (၁၀၀၀) ဝန်းကျင် လုံးချင်းအိမ် တွေ နဲ့  နိုင်ငံတကာ အဆင့်မီ ဆောက်လုပ်ပြီး ကွန်ဒိုအခန်းတွေ စသဖြင့် အမျိုးအစား စုံလင်စွာ ပါဝင်တဲ့အပြင် YOMA Bank ကနေ အိမ်ရာချေးငွေကို ပြပွဲအတွင်း ချက်ချင်းလျှောက်ထားနိုင်ရန် စီစဉ်ထားရှိပေးခဲ့ပါတယ်။ အထူး Discount များ ၊ အရစ်ကျငွေချေစနစ်များဖြင့် ရောင်းချပေးခဲ့တာကြောင့် အိမ်ဝယ်ယူသူများအတွက် အလွန်တရာ အဆင်ပြေခဲ့ပါတယ်” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်းနေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။

 ကျပ်ငွေ (၁၇.၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဆဋ္ဌမ အကြိမ်မြောက် အိမ်ခြံမြေ အရောင်းပြပွဲကြီး

ပြပွဲသုံးရက်အတွင်း အသိပညာရှင် အတတ်ပညာရှင် (၁၅) ဦးတို့မှ အိမ်ခြံမြေ နှင့် ပတ်သတ်၍ အသိပညာ ဗဟုသုတများကို ဆွေးနွေး ဟောပြောပေးသွားခဲ့သည်။

 ကျပ်ငွေ (၁၇.၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဆဋ္ဌမ အကြိမ်မြောက် အိမ်ခြံမြေ အရောင်းပြပွဲကြီး

“ မကြာမီ အတည်ပြုတော့မည့် ကွန်ဒိုဥပဒေကို ကြိုဆိုပါတယ်။ တိုက်ခန်းဥပဒေကိုလည်း စောင့်မျှော်နေပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ရဲ့  မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဦးတည်ချက်တိုင်း အရှိန်အဟုန်အပြည့်နဲ့ လုပ်ဆောင်နေပါတယ်။ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးလတ်ကနေ အဆင့်မြင့်ကွန်ဒိုတွေအထိ ပြည်သူတွေ အများအပြားပိုင်ဆိုင်နိုင်အောင်လို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ရော၊ အစိုးရနဲ့ပါ ပူးပေါင်းပြီး ဝန်ဆောင်မှုတွေပေးသွားနိုင်အောင် ကြိုးစားနေပါတယ်” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့ပါသည်။

ကျပ်ငွေ (၁၇.၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဆဋ္ဌမ အကြိမ်မြောက် အိမ်ခြံမြေ အရောင်းပြပွဲကြီး

ပြပွဲ (၃) ရက်အတွင်း ရောင်းအားအကောင်းဆုံး ကုမ္ပဏီ (၇) ခုကို ရွေးချယ်ချီးမြှင့်ခဲ့ရာ Shwe Paing Htike ၊ River Front Garden & Kanbae Towers ၊ Sun Myat Tun ၊ Chan Tha Shwe Myay ၊ May Inya Condominium ၊ Yone Min Development နှင့် Golden City Condominium တို့မှ အသီးသီး ဆွတ်ခူးရရှိသွားကြောင်း သိရသည်။

 ကျပ်ငွေ (၁၇.၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဆဋ္ဌမ အကြိမ်မြောက် အိမ်ခြံမြေ အရောင်းပြပွဲကြီး

ပြပွဲသို့လာရောက်လေ့လာဝယ်ယူသူ ဧည့်သည်တော်များအတွက် Panasonic 32” TV ၊ Samsung Tablet ၊ Huawei Handset များနှင့် အခြားကျပ်သိန်း ၅၀ တန်ဖိုးရှိ လျှပ်စစ်ပစ္စည်းများအား ပျော်ရွင်စွာ ကံစမ်းမဲဖောက်ပေးသွားကြောင်းလည်း သတင်းရရှိပါသည်။

 ကျပ်ငွေ (၁၇.၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဆဋ္ဌမ အကြိမ်မြောက် အိမ်ခြံမြေ အရောင်းပြပွဲကြီး

 ကျပ်ငွေ (၁၇.၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဆဋ္ဌမ အကြိမ်မြောက် အိမ်ခြံမြေ အရောင်းပြပွဲကြီး

 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)