5050 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ (၆.၈) ဘီလီယံကျော်ဖိုးရောင်းချနိုင်ခဲ့သည့် စတုတ္ထအကြိမ်မြောက် စင်္ကာပူနိုင်ငံရှိ မြန်မာ့အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး


မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ ၂၀၁၇ခုနှစ် သြဂုတ်လ ၁၂နှင့် ၁၃ ရက်များတွင် စင်္ကာပူနိုင်ငံမြန်မာရပ်ကွက် City Hall ဘူတာရုံအနီးရှိ Raffles City Convention Centre တွင် စင်္ကာပူနိုင်ငံရှိမြန်မာ့အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီးကို စတုတ္ထအကြိမ်မြောက် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

 ကျပ်ငွေ (၆.၈) ဘီလီယံကျော်ဖိုးရောင်းချနိုင်ခဲ့သည့် စတုတ္ထအကြိမ်မြောက် စင်္ကာပူနိုင်ငံရှိ မြန်မာ့အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး

အဆိုပါပွဲတွင် မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးကုမ္ပဏီ(၁၀) ခုကျော်မှ တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်းနှင့်အိမ်ရာစီမံကိန်းများကို အထူးဈေးနှုန်းများ၊ အရစ်ကျစနစ်များဖြင့် ပါဝင်ပြသ ရောင်းချခဲ့ရာ လာရောက်ကြည့်ရှုလေ့လာဝယ်ယူသူများ များပြားခဲ့ကြောင်း သိရှိရသည်။ပြပွဲ (၂)ရက်အတွင်း ကျပ်ငွေ (၆.၈) ဘီလီယံကျော် တန်ဖိုးရှိသော အိမ်ခြံမြေများကို ရောင်း ချနိုင်ခဲ့ကြောင်းလည်း သိရသည်။

 ကျပ်ငွေ (၆.၈) ဘီလီယံကျော်ဖိုးရောင်းချနိုင်ခဲ့သည့် စတုတ္ထအကြိမ်မြောက် စင်္ကာပူနိုင်ငံရှိ မြန်မာ့အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး

“ဒီပွဲက အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းရဲ့ စင်္ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ စတုတ္ထအကြိမ်မြောက် ပွဲကြီးဖြစ်ပါတယ်။ တစ်ပွဲထက်တစ်ပွဲ ပိုပိုပြီးကောင်းမွန်အောင် စီစဉ်ပေးထားလို့ ရောင်း သူ၊ဝယ်သူနှစ်ဦးနှစ်ဖက် အဆင်ပြေတာ တွေ့ရပါတယ်။ စင်္ကာပူနိုင်ငံရောက်နေတဲ့ မြန် မာနိုင်ငံသားတွေ အလုပ်လုပ်ငွေစုပြီး ကိုယ်တိုင်နေထိုင်ဖို့ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံဖို့ဖြစ်စေ ၊ မြန်မာပြည်က အိမ်ခြံမြေကို ဝယ်ချင်ကြတယ်ဆိုရင် ပြန်လာစရာမလိုဘဲ စင်္ကာပူမှာတင် အလွယ်တကူ ဝယ်ယူလို့ရအောင် ဒီလိုပွဲမျိုးကို စီစဉ်ရခြင်းဖြစ်ပါတယ်။အခုနောက်ပိုင်းက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး နှစ်ရှည်အရစ်ကျစနစ်တွေနဲ့ စီစဉ်ပေးထားလို့ ပိုပြီး ဝယ်နိုင်လာကြပါတယ်” ဟု iMyanmarHouse.com ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ရှင်းလင်းပြောကြားသွားခဲ့ပါသည်။

 ကျပ်ငွေ (၆.၈) ဘီလီယံကျော်ဖိုးရောင်းချနိုင်ခဲ့သည့် စတုတ္ထအကြိမ်မြောက် စင်္ကာပူနိုင်ငံရှိ မြန်မာ့အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး

ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက မြန်မာပြည်တွင်းမှာ တင်မကဘဲ ပြည် ပနိုင်ငံများဖြစ်တဲ့ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်္ဂလန်၊ အမေရိကားနဲ့ သြစတေးလျား အစ ရှိတဲ့ နိုင်ငံတွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေပါ ဝင်ရောက် အသုံးပြုကြတာ တွေ့ရ ပါတယ်။

 ကျပ်ငွေ (၆.၈) ဘီလီယံကျော်ဖိုးရောင်းချနိုင်ခဲ့သည့် စတုတ္ထအကြိမ်မြောက် စင်္ကာပူနိုင်ငံရှိ မြန်မာ့အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး

ပြည်ပကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံအမိမြေမှာ ရှိတဲ့ အိမ်ခြံမြေေ တွကို စိတ်ဝင်စားပြီး ဝယ်ယူကြပါတယ်။ ပြည်ပကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အလွယ်တကူနဲ့ အိမ်ခြံမြေကို ဝယ်ယူလို့ ရရှိအောင် ကျွန်တော်တို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ဒီထက်ပိုပြီး ကြိုးစားသွားမှာပါ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့ပါသည်။

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ
95% ပြီးစီးနေပြီဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ Golden Paradise Luxury Villa II မြေကွက်များ ပရိုမိုးရှင်းအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)