84546 ကြိမ် ကြည့်ရှု့ ပြီး

မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)


ဘဝကို အောက်ခြေမှ စတင်ခဲ့ကာ အသက် ၃၀ အရွယ်ဖြင့် မီလျံနာဖြစ်ခဲ့ပြီး အချိန်တိုတိုအတွင်း မြန်မာနိုင်ငံ၏ အိမ်ခြံမြေ လောကကို ထိပ်ဆုံးမှ ဦးဆောင်နေသော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ တည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာဖြစ်သူ ကိုနေမင်းသူ၏ ဘဝဇာတ်ကြောင်းကို ရေးသားထားသော စာအုပ်ဖြစ်ပါသည်။


ကိုနေမင်းသူသည် " အသက် ၃၀ အရွယ်ဖြင့် မီလျံနာတစ်ဦးဖြစ်အောင် ဘယ်လိုလုပ်မလဲ " ဟူသော ခေါင်းစဉ်ဖြင့်လည်း ဟောပြောပွဲများ ကျင်းပကာ ဟောပြောလေ့ရှိသည်။

ဤစာအုပ်ထဲတွင် ကိုနေမင်းသူ၏ ဘဝအကြောင်း၊ ငယ်စဉ်ဘဝ ဆိုးခဲ့ပုံများ၊ အစအနောက် သန်ခဲ့ပုံများ၊ အဖေ့ နာရီဆိုင်တွင် ကူညီလုပ်ကိုင်ခဲ့ပုံများ၊ အင်္ဂလိပ်စာ လေ့လာခဲ့ပုံများ၊ အရှက်အကြောက် ကြီးခဲ့သည့် လူငယ်ဘဝမှ စကားပြောစွမ်းရည်တိုးတက်အောင် လေ့လာခဲ့ပုံများ၊ ဆယ်တန်းအောင်ပြီး ရန်ကုန်တွင် သင်တန်းတက်ခဲ့ပုံများ၊ စင်္ကာပူနိုင်ငံတွင် ကျောင်းတက်ခဲ့ပုံများ၊ ကြုံရာကျပန်း အလုပ်မျိုးစုံ လုပ်ခဲ့ပုံများ၊ သုံးစရာပိုက်ဆံပြတ်သွားသဖြင့် သွေးထုတ်ရောင်းခဲ့ပုံများ၊ ကိုယ်ပိုင်လုပ်ငန်း စတင်ပြီး ထမင်းနပ် မမှန်ခဲ့ပုံများ၊ အိမ်သာထဲတွင် ရေချိုးခဲ့ပုံများ၊ ဘဝအောင်မြင်ရေး၏ လျှို့ ဝှက်ချက်များ သိရှိနားလည်ပြီး စီးပွားရေးလုပ်ငန်းများ အောင်မြင်ခဲ့ပုံများ၊ အသက် ၃၀ အရွယ်ဖြင့် မီလျံနာဖြစ်ခဲ့ပုံများ၊ လူငယ်များ၏ ဘဝအောင်မြင်ရေးအတွက် လိုက်လံကျင့်သုံးရမည့် အချက် (၄) ချက် စသည်ဖြင့် ဝေဝေဆာဆာ ဖတ်ရှုရမှာ ဖြစ်ပါသည်။


အမြို့ မြို့ အနယ်နယ်မှ စာအုပ်ဆိုင်များတွင် မေးဝယ်ပါရန်။


တိုက်ရိုက်မှာယူလိုပါက ဖုန်း 09-260 24 7992 / 09-252 60 5671 / 09-252 60 5672 / 09-252 60 5673


မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)


+++++++++++++++++++++++


စာဖတ်သူများ၏ ထောက်ခံချက်များ


မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)


+++++++++++++++++++++++


မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)


စာအမြည်း


အစားထိုး သားတစ်ယောက်


အချိန်က လွန်ခဲ့သော နှစ်ပေါင်း (၃၀) ကျော်။ ဇူလိုင်လ၏ ရက်တစ်ရက် မနက် ၁၀ နာရီခွဲလောက်ဖြစ်သည်။ နေရာက မြန်မာပြည် အလယ်ပိုင်းမကျတကျတွင်ရှိသော ပြည်မြို့ ကလေး၏ ပြည်သူ့ဆေးရုံရှိ မီးဖွားဆောင်ထဲတွင်ဖြစ်၏။ ဆရာဝန်များ၊ သူနာပြုဆရာမလေးများ၊ လူနာရှင်များသည် ဆေးရုံအတွင်း၌ ပျားပိတုန်းများသဖွယ် ဥဒဟို လှုပ်ရှား သွားလာနေကြ၏။


ကလေးမွေးဆောင်ထဲရှိ ကုတင်တစ်လုံးပေါ်တွင် အသက် (၄၅) နှစ်ခန့် ရှိပြီဖြစ်သော ကိုယ်ဝန်သည်တစ်ဦး လှဲလျောင်းလို့ နေသည်။


“အား… နာလိုက်တာ… အမလေး… အမလေး… ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ… ဓမ္မံ သရဏံ ဂစ္ဆာမိ… သံဃံ…” ဟု ကိုယ်ဝန်သည်မှ ဗိုက်နာလွန်းသဖြင့် ညည်းငြူရင်း ဘုရားစာများ ရွတ်နေလေ၏။ နာကျဉ်သည့် ဝေဒနာများသည် ကိုယ်ဝန်သည်၏ မျက်နှာပေါ်တွင် အတိုင်းသား ပေါ်လွင်နေသည်။


ကိုယ်ဝန်သည်မှာ အသက်ကြီးလွန်းပြီဖြစ်သည့် အတွက်ကြောင့် ကလေးကို ရိုးရိုးမွေး၍ မရနိုင်ပေ။ တာဝန်ကျ ဆရာဝန်များ၏ ဆုံးဖြတ်ချက်အရ ဗိုက်ခွဲပြီး မွေးရမည်ဖြစ်သည်။ ထိုအချိန်က ဗိုက်ခွဲပြီး ကလေးမွေးသည်ဆိုသည်မှာ ယခုခေတ်လိုမျိုး ပေါ်ပြူလာ မဖြစ်သေးပေ။ ရိုးရိုးမွေး၍ မရတော့မှ နောက်ဆုံး အဆင့်အနေဖြင့် ဗိုက်ခွဲမွေးကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တုန်းက ဗိုက်ခွဲနည်းပညာများ မဖွံ့ဖြိုးသေးပေ။ ပစ္စည်းကိရိယာများလည်း ယခုခေတ်လို မစုံလင်ပေ။ ဗိုက်ခွဲသောအခါ ကလေး သို့မဟုတ် ကလေးရော လူကြီးပါ နှစ်ဦးစလုံး အသေအပျောက် ရှိတတ်၏။ ယောက်ျားဖောင်စီး မိန်းမ မီးနေဆိုသည့် စကားအတိုင်း အသက်အန္တရာယ်များသော အချိန်ဖြစ်၏။


“လူနာရှင် ရှိပါသလား။ ခွဲစိတ်ဖို့အတွက် လက်မှတ်ထိုးပေးပါ…” ဟု သူနာပြုဆရာမ တစ်ဦးမှ ခုတင်ခြေရင်းတွင် ရပ်ကာ အော်မေးလိုက်၏။


+++++++++++++++++++++++


မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)


ကိုနေမင်းသူ ပြောပြသော သူ၏ ဘဝအကျဉ်း


ကျွန်တော့်ကို ပြည်မြို့ မှာ မွေးဖွားခဲ့ပြီး ပြည်မှာပဲ ကြီးပြင်းခဲ့တယ်။ ကျွန်တော်တို့ မိသားစုက ချမ်းသာကြွယ်ဝတဲ့ မိသားစု မဟုတ်ပါဘူး။ မောင်နှမ ၅ ယောက်ရှိတယ်။ အဖေက နာရီပြင်၊ နာရီရောင်းတဲ့အလုပ်နဲ့ အသက် မွေးဝမ်းကျောင်းလုပ်တယ်။ မောင်နှမ ၅ ယောက်စလုံး ငယ်စဉ်ကတည်းက အဖေ့ရဲ့  နာရီဆိုင်မှာ အလုပ်ကူလုပ်ရတယ်။

ကျွန်တော် ဆယ်တန်းအောင်ပြီးတော့ စင်္ကာပူကို သွားပြီး ကျောင်းတက်ဖို့ အခွင့်အရေး ရခဲ့တယ်။ စင်္ကာပူရောက်တော့ အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ခဲ့ရတယ်။ အင်္ဂလိပ်လို ကောင်းကောင်း မပြောတတ်ခဲ့ဘူး။ ကျောင်းတက်ရင်း အလုပ်တွေ အများကြီး လုပ်ခဲ့တယ်။ မီးဖိုချောင်အကူ၊ ပန်းကန်ဆေး၊ စားပွဲထိုး၊ အရောင်းသမား စသည်ဖြင့် ကြုံရာအလုပ်ကို လုပ်ခဲ့ပါတယ်။ တစ်နေ့တော့ ကျွန်တော့်မှာ ပိုက်ဆံ လုံးဝပြတ်သွားပါတယ်။ ပိုက်ဆံအမြန်ရဖို့ ဆေးဝါးသုတေသနလုပ်တဲ့ ကုမ္ပဏီတစ်ခုမှာ ကျွန်တော့်သွေးကို ဒေါ်လာ (၃၀) နဲ့ ထုတ်ရောင်းခဲ့ရတယ်။ (ဆေးအသစ်တွေကို စမ်းသပ်တဲ့ ဆေးဝါးသုတေသနကုမ္ပဏီ ဖြစ်ပါတယ်။ သူတို့က သွေးလာလှူတယ်လို့ သတ်မှတ်တယ်။ ဒေါ်လာ (၃၀) ကို ခရီးစရိတ် အနေနဲ့ ပေးပါတယ်။ ကျွန်တော်က လှူချင်လို့ လှူတာမဟုတ်ဘဲ ပိုက်ဆံလိုချင်တဲ့ အတွက် ကိုယ့်သွေးကို ရောင်းစားတယ်လို့ သတ်မှတ်ပါတယ်။) ဒါတွေက ကျွန်တော့် ဘဝမှာ အောင်မြင်ဖို့အတွက် တွန်းအားတွေ ဖြစ်စေခဲ့ပါတယ်။


ကျောင်းပြီးပြီးချင်း ၂၀၀၈ ခုနှစ်မှာ ကျွန်တော် စုဆောင်းထားတဲ့ ဒေါ်လာတစ်ထောင် (မြန်မာငွေ ကျပ်ဆယ်သိန်းခန့်) အရင်းအနှီးနဲ့ ကျွန်တော်ရဲ့  ပထမဆုံးလုပ်ငန်းဖြစ်တဲ့ ဝက်ဘ်ဆိုက်ရေးဆွဲပေးတဲ့လုပ်ငန်း (Website Design Business) ကို ZillionTech.com ဆိုတဲ့ နာမည်နဲ့ စင်္ကာပူနိုင်ငံ Bugis နားက ၇ ပေ x ၁၀ ပေ ပတ်လည် ရှိတဲ့ ရုံးခန်းသေးသေးလေးမှာ စလုပ်ခဲ့တယ်။ အချိန်ကုန် ငွေကုန် သက်သာဖို့ အတွက် ကျွန်တော့် ရုံးခန်းထဲမှာပဲ နေဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အဲဒီလိုနေဖို့အတွက် ရုံးခန်းပိုင်ရှင်ကို အပူကပ်ခဲ့ရတယ်။ အိပ်တော့ ရုံးစားပွဲဘေးက ကြမ်းပြင်မှာ တာလပတ်ခင်းပြီး အိပ်ခဲ့ပါတယ်။ အလုပ်စလုပ်တော့ ရုံးသုံးပစ္စည်းဆိုလို့ ရုံးခန်းပိုင်ရှင်ဆီက ငှားထားတဲ့ စားပွဲသေးသေးလေးတစ်လုံးနဲ့ ကုလားထိုင်တစ်လုံးသာ ရှိပါတယ်။

ရုံးခန်းဖြစ်တဲ့ အတွက်ကြောင့် ရေချိုးခန်း မရှိပါဘူး။ အိမ်သာထဲမှာ ရေချိုးခဲ့ရတယ်။ နောက်တစ်နှစ်ကြာတဲ့အထိ ကျွန်တော့်လုပ်ငန်းက ဝင်ငွေကောင်းကောင်း မရှိခဲ့ပါဘူး။ ၂၀၀၉ ခုနှစ်မှာ ကျွန်တော့်ရဲ့  ဘဏ်စာရင်းလက်ကျန်က မကြာခဏ သုညပြနေခဲ့တယ်။ ရုံးခန်းလခတွေ ကျွန်တော် မပေးနိုင်ခဲ့ဘူး။ ခေါက်ဆွဲခြောက်ထုတ်တွေပဲ တစ်လလုံးလုံး ကျွန်တော် စားခဲ့ရပါတယ်။ လုပ်ငန်းစတင်ပြီးလို့ တစ်နှစ်ကြာတဲ့အထိ ကျွန်တော့်ဘဝဟာ အိမ်သာထဲမှာ ရေချိုးနေရတဲ့ဘဝ၊ ငတ်တလှည့် ပြတ်တလှည့်ဘဝ ဖြစ်နေတုန်းပါပဲ။

၂၀၀၉ ခုနှစ် စက်တင်ဘာလထဲမှာ ကျွန်တော့်ဘဝမှာ အပြောင်းအလဲ အကြီးအကျယ် ဖြစ်ခဲ့ပြီး လူသားတစ်ယောက်ရဲ့  ဘဝမှာ အောင်မြင်အောင် ဘယ်လိုကြိုးစားရမလဲဆိုတာ သိရှိနားလည်ခဲ့တယ်။ နောက်တစ်နှစ်အတွင်းမှာပဲ ကျွန်တော့်ရဲ့  နည်းပညာအခြေပြုလုပ်ငန်းကနေ လစဉ် ဒေါ်လာသုံးသောင်းကျော် အမြတ်ထွက်ခဲ့ပါတယ်။ နောက်ထပ် (၂) နှစ်ကြာတော့ စင်္ကာပူမှာ ဒေါ်လာ (၁) သန်း ကျော် (မြန်မာငွေ သိန်းပေါင်း တစ်သောင်းကျော်) တန်တဲ့ ကွန်ဒိုမီနီယံကို ကျွန်တော် ဝယ်နိုင်သွားပါတယ်။

ယခုအချိန်မှာ စင်္ကာပူနဲ့ မြန်မာနိုင်ငံမှာ ကျွန်တော်လုပ်ကိုင်နေတဲ့ လုပ်ငန်းပေါင်း (၅) ခု ရှိပြီး iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဆိုတဲ့ အိမ်ခြံမြေ ရောင်းဝယ်ငှား ဝက်ဘ်ဆိုက်ကို ကျွန်တော်ရဲ့  အချိန်အများစုကိုပေးပြီး မန်နေဂျင်းဒါရိုက်တာ တာဝန်ကိုယူကာ ဝန်ထမ်းပေါင်း (၁၀၀) ကျော်နဲ့ လုပ်ကိုင်နေပါတယ်။

ကျွန်တော် ဒါတွေကို ပြောပြနေတာ ကြွားချင်လို့ မဟုတ်ပါဘူး။ အောင်မြင်ဖို့ နည်းလမ်းကို သိပြီး လိုက်လံကျင့်သုံးတဲ့ လူတစ်ယောက်ဟာ သူ့ဘဝကို တစ်နှစ်အတွင်းမှာ လုံးဝပြောင်းလဲသွားအောင် ကြိုးစားအားထုတ်နိုင်တယ်ဆိုတာ ပြောချင်လို့ ဖြစ်ပါတယ်။ မီလျံနာတစ်ယောက်ဖြစ်ဖို့ ကျွန်တော့်အတွက် အချိန် (၃) နှစ်သာ ကြာခဲ့ပါတယ်။ နောက်ထပ် မီလျံဒေါ်လာတွေ ရှာဖို့ဆိုတာ အများကြီး လွယ်ကူသွားပါပြီ။

စာဖတ်သူလည်း ကြိုးစားအားထုတ်မယ်ဆိုရင် တရားဥပဒေဘောင်အတွင်းက၊ လူ့ကျင့်ဝတ်နဲ့ ကိုက်ညီတဲ့၊ ကိုယ်ကျင့်တရားလည်း ကောင်းမွန်တဲ့ လုပ်ငန်းမျိုးနဲ့ ကြွယ်ဝချမ်းသာနိုင်ပါတယ်။


မြန်မာနိုင်ငံရဲ့  အနာဂတ်ဟာ လူငယ်တွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။ လူငယ်တွေ တိုးတက်အောင်မြင်မှ မြန်မာတစ်နိုင်ငံလုံး တိုးတက်အောင်မြင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် လူငယ်တွေ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာအုပ်မျိုးကို ရေးသားထုတ်ဝေရခြင်း၊ ဘဝအောင်မြင်ရေး ဟောပြောပွဲတွေမှာ ဟောပြောပေးနေရခြင်း ဖြစ်ပါတယ်။

လူတွေ သေရင် ရုပ်ဝတ္ထုပစ္စည်းတွေ ဘာမှ ယူမသွားနိုင်ပါဘူး။ ကိုယ်ပြုထားတဲ့ ဒါန၊ သီလ၊ ဘာဝနာနဲ့ သူတစ်ပါးအပေါ်မှာ ကိုယ်ထားခဲ့တဲ့ စေတနာ သဒ္ဓါတရားတွေပဲ ယူသွားနိုင်ပါတယ်။ ကျွန်တော့်ကို ယုံပါလို့လည်း မပြောဘူး။ ဘာပစ္စည်းမှလည်း အတင်း ထိုးမရောင်းပါဘူး။ ကျွန်တော် ပြောပြလိုက်လို့ လူအယောက် တစ်သောင်းမှာ ရာဂဏာန်းလောက် အနည်းနဲ့ အများ အကျိုးရှိသွားရင် ကျွန်တော် စေတနာထားရကျိုးနပ်ပါတယ်။

ကျွန်တော့်ဘဝ ဇာတ်ကြောင်းနဲ့ မီလျံနာတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ရပုံတွေကို ယခုစာအုပ်မှာ ဖော်ပြပေးထားပါတယ်။

ချစ်မိတ်ဆွေ ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ပါစေ။


 


+++++++++++++++++++++++


မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)


စာအုပ် ခေါင်းစဉ်များ


အခန်း (၁) ဘဝအစ
အစားထိုး သားတစ်ယောက်
ရာဇဝင်များဖြင့် ပြည့်နှက်နေသော ပြည်မြို့ ကလေး
ကစားမက်ခဲ့သည့် ကျွန်တော်
ကျွန်တော့်အဖေ နာရီပြင်ဆရာ
“က” ကလေးငယ် ချစ်စဖွယ်
၈၈ အရေးအခင်း
ချူချာခဲ့သော ကျွန်တော်
အမေ့မေတ္တာနှင့် မေ့မရနိုင်ခဲ့သော မုန့်ဟင်းခါးတစ်ပွဲ
ငရဲကြီးမှာ ကြောက်ပါတယ်
လေးတန်းကျောင်းသားဘဝ ကျူရှင်ပြေးခြင်း
ငယ်စဉ်က သူငယ်ချင်းများ
လဲကျမှာကို မကြောက်နဲ့
အစအနောက် အလွန်သန်ခဲ့သော ကျွန်တော်
ပျက်အစဉ် ပြင်ခဏ
ဖိနပ်တစ်ရံအတွက် အရဲစွန့်၍ ကူညီခဲ့သည့် သူငယ်ချင်း
ခုနှစ်တန်း ကျောင်းသားဘဝဖြင့် ပထမဆုံး ရင်ခုန်ခြင်း
အတန်းရှေ့ တွင် အရိုက်ခံရခြင်း
အင်္ဂလိပ်စာ ကောင်းဖို့လိုတယ်
ကဗျာဆရာ ကျွန်တော်
စာဖတ်၍ စိတ်ကူးယဉ်ခဲ့သည့် ကျွန်တော်

အခန်း (၂) တောသား ရန်ကုန်တက်ပြီ
များလိုက်တဲ့ လူတွေ
ပထမဆုံးစစ်ပွဲမှာ စစ်ရှုံးခဲ့လေခြင်း
တောသားလေး နှစ်ယောက်
အင်္ဂလိပ်စာ လေ့လာပုံ
ငါတစ်နေ့ ကြီးပွားချမ်းသာစေရမည်
ဂိုက်ဆရာ တစ်ဖြစ်လဲ
အမကြီးတော့ အမိအရာ

အခန်း (၃) ဒါလားဟဲ့ စင်္ကာပူ
ခြင်္သေ့မြို့ တော်ကြီးသို့ ရောက်လေပြီ
ကျောင်းမိတ်ဆက်နေ့
စင်္ကာပူမှ ပထမဆုံး သူငယ်ချင်း
စင်္ကာပူရှိ စာသင်ကြားမှုစနစ်
လာပြန်ပြီလားဟဲ့ ဒီအင်္ဂလိပ်စာ
စကားပြောစွမ်းရည်
ဝိတ်တာလေး ကျွန်တော်
ကျွန်တော်လုပ်ခဲ့ဖူးသော ကြုံရာကျပန်းအလုပ်များ
စတော့ရှယ်ယာ ရောင်းဝယ်ပြီး အရှုံးပေါ်ခဲ့လေသည်
ခုနစ်ပြည်ထောင်မင်းတို့ရဲ့ အလယ်
ကျောင်းပြီး၍ ဘဏ်ဝန်ထမ်းလေးဖြစ်ပြီ
တော်ပါတော့ ဘဏ်အလုပ်ရယ်
လွဲချော်ခဲ့သည့် ပညာသင်ဆု
ကျောင်းပြန်တက်ပြီ
ဝဘ်ဆိုက်ရေးဆွဲပေးခြင်း စတင်ပြီ
အထိရောက်ဆုံး ဈေးကွက်ထိုးဖောက်ခြင်း
ကိုယ်ပိုင်လုပ်ငန်းကို ဇောက်ချလုပ်လေပြီ
ကြုံခဲ့ရသည့် လောကဓံ
မလျှော့အားမာန် မချန်သတ္တိ

အခန်း (၄) တောင်ကြီး ဖဝါးအောက်
ငတ်တလှည့် ပြတ်တလှည့်
မှောင်မိုက်ခြင်းရဲ့ အဆုံးမှာ အလင်းတန်းတွေ ရှိတယ်
စီးပွားရေးအောင်မြင်ခြင်း၏ လျှို့ ဝှက်ချက်
ကံဇာတ်ဆရာ၏ လှည့်ကွက်
ပြည်တော်ဝင် စနေသား
လူငယ်များ ဘဝအောင်မြင်ရေးအတွက် ကျွန်တော့်အိမ်မက်
ဘဝအောင်မြင်ရေးအတွက် လျှို့ ဝှက်ချက် (၄) ချက်

အခန်း (၅) ဘဝရည်မှန်းချက်ပန်းတိုင်နှင့် ပြင်းထန်သော ဆန္ဒ
ဘဝရည်မှန်းချက်ပန်းတိုင်
ပြင်းထန်သော ဆန္ဒ
ကေသီပန် ဦးလှမြင့်
ကမ္ဘာကျော် မင်းသားကြီး ဘရုစ္စလီ
အချိန်တိုအတွင်း အောင်မြင်ခဲ့ရသော အကြောင်းအရင်း
တိကျ သေချာ ခိုင်မာတဲ့ ရည်မှန်းချက်
နမူနာ ရည်မှန်းချက်ပန်းတိုင်
ပြင်းထန်တဲ့ ဆန္ဒဖြစ်အောင် ဘယ်လို လုပ်မလဲ



အခန်း (၆) အသုံးပြုရမည့် နည်းလမ်း
ရည်မှန်ချက်ပန်းတိုင်တွေကို မြန်မြန်ဆန်ဆန် ရောက်နိုင်စေဖို့
စာဖတ်ခြင်း
ဆရာကောင်းရှိခြင်း
ဘဝတစ်လျှောက်လုံး လေ့လာခြင်း
စိတ်တူကိုယ်တူများနှင့် ပေါင်းဖော်ခြင်း

အခန်း (၇) ရုပ်စွမ်းအားနှင့် စိတ်စွမ်းအား
ဘဝဆိုတဲ့ ခရီးကြမ်းအတွက် စွမ်းအားသတ္တိများ
ရုပ်စွမ်းအား
မအိုဆေး
လောင်းကစား
မိန်းမဖျက်တော့ ပြည်ပျက်
ကိုယ်ကျင့်တရား
စိတ်စွမ်းအား၏ အရေးပါပုံ
စိတ်အတွေးပေါင်း သုံးသောင်းကျော်
လူငယ်နှစ်ယောက်ရဲ့  တွေးပုံ
စိတ်ဓာတ်ကျနေရင် ပြန်ဆွဲတင်လိုက်
စိတ်ဓာတ်စွမ်းအား တိုးပွားအောင် ပြုစုပျိုးထောင်နည်း
အပြစ်တင်ခြင်းနှင့် နောင်တ
ချီးမွမ်းပေးရမယ်
အပြစ်တင်ဝေဖန်ခြင်းကို ရှောင်ကျဉ်ရမယ်
ရက် (၃၀) ကြာ အပြစ်တင်ခြင်းမှ ရှောင်ကျဉ်ခြင်း
ဆင်ခြေပေးခြင်းကို ရှောင်ကျဉ်ရမယ်
ညည်းညူခြင်းကို ရှောင်ကျဉ်ရမယ်
လူနေ ချုံကြား စိတ်နေ ဘုံဖျား
အော်တိုဆဂျက်ရှင်းနဲ့ ဒေါက်တာစိုင်းဆမ်ထွန်း
အော်တိုဆဂျက်ရှင်း နမူနာ စာသားများ

အခန်း (၈) မလျော့သော ဇွဲ
အိမ်မက်တွေကို အလုပ်နဲ့ တည်ဆောက်ရ
အရှုံးမပေးသေးသ၍ အောင်မြင်ဖို့ အခွင့်အလမ်းရှိ
ကျရှုံးခြင်းကို ဘဝသင်္ခန်းစာအဖြစ် ပြောင်းလဲ
ကမ္ဘာကျော်ဖို့ ပေးဆပ်ရခြင်းများ
ပစ်တိုင်းထောင်လေးလို


+++++++++++++++++++++++


အမြို့ မြို့ အနယ်နယ်မှ စာအုပ်ဆိုင်များတွင် မေးဝယ်ပါရန်။


တိုက်ရိုက်မှာယူလိုပါက ဖုန်း 09-260 24 7992 / 09-252 60 5671 / 09-252 60 5672 / 09-252 60 5673


အခြား အိမ်ခြံမြေ စာအုပ်များ

ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်မှုတို့ကို ဆောင်ကြဉ်းပေးမည့် ဖုန်းရွှေမင်္ဂလာ - ဘုန်းမင်း ၊...
တိုက်ခန်းနှင့်ကွန်ဒိုခန်းများ ရောင်းဝယ်ငှား မမှားစေဖို့ ဥပဒေသိမှတ်ဖွယ်ရာ -ထီယု (...
ကြုံတွေ့ရ အိမ်ခြံမြေလောကမှာ…ဗျာ - သန်းဦး ( မဏ္ဍိုင် )
အိမ်ခြံမြေနှင့် အခြားအရေးကြီးစာချုပ်များ - ဦးကျော်ဇေယျ
မြေရှင်သူဌေးကြီး ဖြစ်ပါရစေ - လွှတ်တော်ရှေ့ နေ မောင်ကောင်းဖေ
အိမ်ခြံမြေ အဘိဓာန် - ကြည်စိုး IC ( အိမ်ဘုရင် )
မြန်မာနိုင်ငံ၏ စီးပွားရေးသူရဲကောင်းများ - နေမင်းသူ
ရွှေအိမ်တော် အဖွင့်ကျမ်း - ဇင်ယော်နီ
အိမ်ဘုရင်၏ ကိုယ်တွေ့အိမ်ပွဲစားပညာနှင့် အိမ်ပွဲစားလောက - ကြည်စိုး IC (အိမ်ဘုရင်)
အိမ်ခြံမြေ ဥပဒေရေးရာ သိမှတ်ဖွယ်ရာ - ဦးကျော်ဇေယျ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)