Sittwe Water Front New City

11029 ကြိမ် ကြည့်ရှု့ပြီး

  Contact Number  Share on Facebook

        ကုလားတန်မြစ်ကို မျက်နှာမူထားတဲ့ အိမ်ရာမှာ နေထိုင်ရင်း စီးပွားရေးလုပ်ငန်းသစ်များတိုးချဲ့ နိုင်မည့် စစ်တွေကမ်းနား မြို့သစ် စီမံကိန်း SITTWE WATERFRONT NEW CITY PROJECT သည် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပထမဆုံးဖော်ဆောင်နေသည့် နိုင်ငံတကာအဆင့်မီ စီမံကိန်းတစ်ခု ဖြစ်သည့်အပြင် ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကတစ်စိတ်တစ်ပိုင်းအဖြစ် ရေထွက်ကုန်ပစ္စည်းများထုတ်လုပ်ခြင်း ၊ ဖြန့်ဖြူးခြင်းနှင့် ရောင်းဝယ်ခြင်းတို့အတွက် နေရာသစ်များကိုဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ တည်ဆောက်နေသည့် မြို့သစ် စီမံကိန်းတစ်ခုလည်းဖြစ်သည်။ ဤစီမံကိန်းကို ရခိုင်ပြည်နယ်အစိုးရ နှင့် BXT International Co., Ltd. တို့မှ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ 

 

စီမံကိန်း တည်ဆောက်ရသည့် ရည်ရွယ်ချက် နှင့် တည်ဆောက်သည့် ကုမ္မဏီ

              စစ်တွေကမ်းနား မြို့သစ် စီမံကိန်း SITTWE WATERFRONT NEW CITY PROJECT သည် မြန်မာနိုင်ငံကိုအကြီးမားဆုံး နှင့် အကျယ်ပြန့်ဆုံးသော ဘက်စုံဖွံ့ဖြိုးတိုးတက်သော နယ်မြေတစ်ခုဖြစ်လာစေရန် ၊ ဒေသတွင်းနိုင်ငံများ ကို စီးပွားရေးတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ယှဉ်ပြိုင်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်စေသော အဆင့်မြင့်နည်းပညာများကို အလေးပေးဆောင်ရွက်ထားသော မြန်မာနိုင်ငံ၏အဓိက အမာခံဒေသတစ်ခုဖြစ်လာရန် ရည်မှန်း၍ BXT International Co., Ltd.  မှ အဆိုပါ မြို့သစ်စီမံကိန်းကို စီစဉ် ရေးဆွဲထားခြင်းဖြစ်သည်။

 

Sittwe Water Front New City

Sittwe Water Front New City

Sittwe Water Front New City

 

 

 စီမံကိန်းတွင် ပါဝင်မည့် အချက်များ

အဆိုပါစီမံကိန်းကို လူနေအိမ်ရာများ၊ ကုန်သွယ်ရေးနေရာများ၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာနေရာများ၊ စက်မှုလုပ်ငန်းများ နှင့် အနားယူအပန်းဖြေမှုများကို တစ်စုတစ်စည်းထဲ ပေါင်းစည်း ထားသော ဧက (၉၀) ခန့် အကျယ်အဝန်းရှိသည့် နိုင်ငံတကာအဆင့်မှီ စီမံကိန်းအဖြစ်ဖန်တီးမည်ဖြစ်သည်။

 

Community Life Zone

ရခိုင်ပြည်နယ်ရှိ Free Economic Zone နှင့် satellite city တို့ကိုချိတ်ဆက်ပေးထားမည့် ခေတ်မီ မြို့ပြ အင်္ဂါရပ်များဖြင့် ပေါင်းစည်းထားသော Community Life Zone သည် ကမ်းနားလမ်း၊ ယဉ်ကျေးမှု အဆောက်အအုံ၊ ဈေးဝယ်နေရာ၊ လူနေအိမ်ရာများ ၊ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာနေရာများနှင့် နီးကပ်စွာတည်ရှိပြီး အချက်အချာကျသည့် နေရာတွင်တည်ရှိပါသည်။ ၎င်း Zone သည် မြို့ဟောင်းနှင့် သီးခြားဖြစ်နေမည်ဖြစ်ပြီး စစ်တွေမြို့၏အကောင်းဆုံးသောလူနေ အိမ်ရာများ တည်ရှိရာ နေရာတွင်ရှိသည်။

မြို့ပြ၏ ခေတ်မီ ဝန်ဆောင်မှု အဂါၤရပ်များဖြစ်သည့် ဘဏ်များ၊ နေထိုင်သူများအတွက် ရေကူးကန်များ ကဲ့သို့ သော အပန်းဖြေမှုဆိုင်ရာ ဝန်ဆောင်မှုများ ၊ အများပြည်သူများအတွက် အပန်းဖြေမှုဆိုင်ရာ ဝန်ဆောင်မှုများ ၊ ကမ်းစပ်လျှောက်လမ်းများ၊ ကမ်းနား ပန်းခြံများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးနှင့် အားကစားဆိုင်ရာ ဝန်ဆောင်မှုများ စသည်တို့ကို တစ်နေရာထဲတွင် စုစည်းထားခြင်းဖြစ်သည်။

 

Sittwe Water Front New City

 

လက်လီလက္ကားဈေးကွက် (Retail Wholesale Market)

  • အကျယ်အဝန်း (၅) ဧကရှိသည့်လက်လီလက္ကားဈေးကွက် တွင် အအေးခန်း ဂိုဒေါင်များ (Frozen Warehouses) ၊ လက်ကားရောင်းချသည့် ဆိုင်များ(Wholesalers) ၊ လက်လီလက္ကားဆိုင်များ(Retail & Wholesale Stores) ၊ ငါးဖမ်းလုပ်ငန်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ (Fisheries processing facilities) ၊ အသီးအရွက် ဆိုင်များ (Vegetable store) အပြင် ဒေသတွင်းလေလံတင်မှုများဆိုင်ရာ ဝန်ဆောင်မှုများ(Local auction Facilities) လည်း ပါရှိမည်ဖြစ်ပါသည်။
  • MPA ဆိပ်ခံတံတား ၊ KMTTP စီမံကိန်း ၊ ငါးဈေး ၊ စစ်တွေမြို့လယ်တို့အနီးတွင် တည်ရှိသောကြောင့် အဆင်ပြေကောင်းမွန်ခြင်း ၊ လူဦးရေးများပြားခြင်းစသည့် အားသာချက်များကြောင့် ကောင်းမွန်သောစီးပွားရေး အချက်အချာနေရာတစ်ခုအဖြစ် ဖန်တီးဖော်ဆောင်နိုင်မည်မှာ အသေအချာပင်ဖြစ်သည်။

 

စုပေါင်းအိမ်ရာ (Mixed Housing)

  • မြို့သစ်ရှိအကောင်းမွန်ဆုံးသော လူနေအိမ်ဝန်းကျင်နေရာတွင် တည်ရှိပါသည်။ စစ်တွေမြို့၏အဓိကစီးပွားရေး ဗဟိုဌာန မှ ၎င်းအိမ်ရာသို့ကားဖြင့်လာလျှင် ၅ မိနစ်သာလျှင် ကြာမြင့်သည်။ လူနေမှု အခြေခံ အဆောက်အအုံ များဖြစ်သည့် တိုက်ခန်း (Apartment) ၊ ခြံဝင်း (Compound) ၊ အိမ်ငယ်များ (Small House) ၊ ရုံးခန်း (Office) ၊ လျော့ဈေးဖြင့် ရောင်းချသောဈေးဆိုင်များ (Discount Store) ၊ စတိုးဆိုင်များ (Convenience Stores) နှင့် အဆင့်မြင့်ဈေး (Supermarket) စသည်တို့ တည်ရှိမည့်အပြင် စစ်တွေမြို့၏ဂုဏ်သတင်းကျော်ကြား သောအပန်းဖြေနေရာလည်း တည်ရှိပြီး အကျယ်အဝန်းအနေဖြင့် (၂၂)ဧက ကျယ်ဝန်းပါသည်။

 

Sittwe Water Front New City

Sittwe Water Front New City

 

အလယ်အလတ်အမြင့်ရှိသောကွန်ဒို (Mid-Rise Condominium)

(၁၂) ဧက အကျယ်ရှိမြေပေါ်တွင် တည်ဆောက်မည့် Mid-Rise Condominium ကို စစ်တွေမြစ်ကမ်းအလှအပကိုခံစားနိုင်ပြီးခရီးသည်များ ဝင်ထွက်ရာ ဂိတ်နှင့်လည်းနီးကပ်လျှက်ရှိသောကမ်းနား  တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ကွန်ဒို (Condominium), နိုင်ငံခြားခရီးသွားဧည့်သည်များတည်းခိုရန် ဟိုတယ် (Tourist Hotel and Service Residence Hotel) ၊ တိုက်ခန်း (Apartment), အဆင့်မြင့် စုပေါင်းအိမ်ရာ (Luxury Housing Complex) စသည်ဖြင့် အဆင့်မြင့် မြို့ပြလူနေမှုတစ်ရပ်အဖြစ် ဖန်တီးပုံဖော်နိုင်ရန် ရည်ရွယ်၍ တည်ဆောက်မည်ဖြစ်ပါသည်။

 

ဂိုဒေါင် နှင့် ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ

မြန်မာနိုင်ငံအနောက်ပိုင်းရှိ စိုက်ပျိုးရေး နှင့် ရေထွက်ကုန်ပစ္စည်းများထုတ်လုပ်စီမံခြင်း နှင့် ဖြန့်ဖြူးခြင်း ဆိုင်ရာကိစ္စရပ်များကို အကောင်းဆုံးသော ဝန်ဆောင်မှုများနှင့်အတူ စီမံဆောင်ရွက်နိုင်ရန် စင်တာတစ်ခုတည်ထောင်မည်ဖြစ်ပါသည်။ ကုန်းတွင်းပိုင်းဒေသများနှင့် ဆိပ်ကမ်းအကြား ထောက်ပံ့ပို့ဆောင်ရေး ချိတ်ဆက်မှုလုပ်ငန်းများကိုပိုမိုခိုင်ခံ့စေရန်၊ ကုန်းတွင်းဒေသများသို့ ကုန်ပစ္စည်းများကိုသင်္ဘောဖြင့် ပို့ဆောင်ရာတွင် အဆင်ပြေချောမွေ့စေရန် အအေးခန်းထောက်ပံ့ပို့ဆောင်ရေးစင်တာ (Frozen Logistics Center) ၊ ရေထွက်ပစ္စည်းသိုလှောင်မှု အခြေစိုက်စခန်း (Aquatic Stockpile Base) ၊ ကွန်တိန်နာများအတွက် အထောက်အပံ့ပေးမှုများ (Container Processing Facility) ၊ ကုန်သွယ်မှုှစင်တာ (Trade Center) ၊ ပို့ဆောင်မှုယာဉ်များအခြေစိုက်နေရာ (Vehicle Base) ၊  ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်များ (Logistics) စသည်များကို အကျယ်အဝန်း (၅) ဧကပေါ်တွင် တည်ဆောက်သွားမည် ဖြစ်ပါသည်။

 

Sittwe Water Front New City

Sittwe Water Front New City

 

ကုန်သွယ်မှု ဒေသ (Commercial Area)

ဈေးဝယ်စင်တာများ (Shopping Centers) ၊ အပန်းဖြေမှုဆိုင်ရာဝန်ဆောင်မှုများ (Amusement Facilities) ၊  ရုံးခန်းများ (Office Facilities) ၊ ပွဲကျင်းပရန် စင်တာများ (Convention Centers) ၊ အထူးစတိုးဆိုင်များ(Specialty Stores) , ကုန်တိုက်များ (Department Stores) ၊  ကစားကွင်းများ (Playgrounds) ၊ ဟိုတယ်များ (Hotels) ၊ ပြဇာတ်ရုံ (Theater) ၊ သရုပ်ပြခန်းမ (Performance Hall) ၊ ပြပွဲခန်းမ (Exhibition Hall)၊ IT ဈေးဝယ်စင်တာ (IT Shopping Mall) နှင့် စတူဒီယို (Studio) များပါဝင်ပြီး မြေအကျယ်အဝန်း (၂၁) ဧကပေါ်တွင် တည်ဆောက်မည့် ကုန်သွယ်မှုဒေသသည်လည်း စစ်တွေမြို့၏အထင်ကရကုန်သွယ်ရေးနေရာတစ်ခုဖြစ်လာမည်ဖြစ်သည်။

 

ငါးစက်ရုံ (Fish Factory)

အကျယ်အဝန်းအားဖြင့် မြေဧက (၃) ဧက အကျယ်တွင် ဆောက်လုပ်ထားပြီး မြန်မာနိုင်ငံ၏ရေထွက် ကုန် ပစ္စည်းများ ဖြန့်ဖြူးရေးဆိုင်ရာ အဓိကဂိတ်တစ်ခုလည်းဖြစ်လာမည့် အဆိုပါ ငါးစက်ရုံသည် MPA ဆိပ်ခံတံတားနှင့် Kaladan Multi-Modal Transit Transport Project-KMTTP စီမံကိန်း တို့၏ ထောက်ပံ့ပို့ဆောင်ရေး မဏ္ဍိုင်တစ်ခုဖြစ်သည်သာမက ဆိပ်ကမ်း မြို့ဖြစ်သောစစ်တွေ၏အခြေခံ အဆောက်အအုံတစ်ခုလည်းဖြစ်လာမည်ဖြစ်ပါသည်။ နိုင်ငံခြားမှ ရေထွက် ကုန်ပစ္စည်း ဖြန့်ဖြူးရေးကုမ္ပဏီများ နှင့် ငါးဖမ်းလုပ်ငန်းစက်ရုံများရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာနေရာ တစ်ခုလည်းဖြစ်လာမည်ဖြစ်သည်။

 

Sittwe Waterfront New City Project ၏ အားသာချက်များ

အနာဂတ် မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းများတင်ပို့ရာ အဓိက ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်လာခြင်း၊ ပင်လယ်ကိုမျက်နှာမူထားသည့် အိမ်ရာတိုက်ခန်းများတွင် အဆင့်မီမီ ဇိမ်ရှိရှိ နေထိုင်နိုင်ခြင်း၊ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံသည့် လုပ်ငန်းများ တိုးများလာနိုင်ခြင်း၊ ရခိုင်ပြည်နယ်အတွင်း အဆင့်မီ မြို့တော်တစ်ခု အဖြစ် ထွက်ပေါ်လာခြင်းကြောင့် လာရောက်နေထိုင်သူများ၊ ရင်းနှီးမြှုပ်နှံသူများအတွက် စီပွားရေး အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ခြင်း၊ စက်မှုမြို့ဖြစ်သည့် ပုဏ္ဏားကျွန်းမြို့တော် နှင့် ဆတ်ရိုးကျ တံတားဖွင့်ပြီးပါက မိနစ် (၃၀) ခန့်ဖြင့်သာ သွားလာနိုင်ခြင်း စသည့် လူမှုစီးပွား အားသာချက်များရှိပါသည်။

ဆောက်လုပ်သည့် ကုမ္ပဏီ

ဆက်သွယ်ရန် ဖုန်းနံပါတ်

ဆက်သွယ်မေးမြန်းရန်

ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

BXT International Co., Ltd.

BXT International Co., Ltd.

လိပ်စာ
Yangon